ယာဉ်မတော်တဆမှုကြောင့် သေပြီဟုဖော်ပြမှုများအား အာဂျင်တီးနားစတားပါဗွန်ငြင်းဆို

အာဂျင်တီးနားစတားခရစ္စတီယန်ပါဗွန်ဟာသူသေပြီလို့မီဒီယာများကဖော်ပြမှုကိုငြင်းဆိုလာရပါတယ်။

အသက်၂၅နှစ်ရှိဘိုကာဂျူနီယာတောင်ပံကစားသမားဟာလွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်တုန်းကအာဆင်နယ်ရဲ့ပေါင်သန်း၄၀ဖြင့်ကမ်းလှမ်းမှုခံခဲ့ရဖူးသူဖြစ်ပါတယ်။

အာဂျင်တီးနားအတွက်၁၁ပွဲကစားထားတဲ့ပါဗွန်ကိုဝက်ဖို့ဒ်နှင့်ဖူလ်ဟမ်အသင်းတို့ကလည်းစိတ်ဝင်စားခဲ့ကြဖူးပါတယ်။

ပါဗွန်ဟာယခုနှစ်အစောပိုင်းတုန်းကမုဒိန်းမှုဖြင့်စွဲချက်တင်ခြင်းခံခဲ့ရပြီးမတ်လတုန်းကရုံးတင်စစ်ဆေးခြင်းခံခဲ့ရပါတယ်။

မကြာသေးမီတုန်းကတောင်အမေရိကမီဒီယာများကပါဗွန်ဟာအာဂျင်တီးနားမှာယာဉ်မတော်တဆဖြစ်ကာသေဆုံးသွားပြီဟုရေးသားဖော်ပြခဲ့ကြပါတယ်။

ပါဗွန်ကလည်း “လူတိုင်းကလုပ်ချင်တိုင်းလုပ်နေကြတာလား။စည်းမရှိကြဘူးလား။ကိုယ့်ဘာသာကိုယ်ဘဲနေကြပါ။အခြားသူတွေကိုမရှုပ်ကြပါနဲ့။ကျွန်တော့်အတွက်စိုးရိမ်ခဲ့ကြသူတွေကိုလည်းကျွန်တော်ဟာအရင်ကထက်တောင်ပိုအဆင်ပြေနေတယ်လို့ပြောချင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ပါဗွန်ဟာတဲလ်လီရက်စ်ဒီကော်ဒိုဘာမှာကစားသမားဘဝကိုစတင်ခဲ့ပြီး၂၀၁၄ခုနှစ်မှာဘိုကာဂျူနီယာသို့ပြောင်းခဲ့ပါတယ်။

သူဟာဘိုကာဂျူနီယာနှင့်အတူခြေစွမ်းပြကစားနိုင်မှုကြောင့်မက်ဆီနှင့်အတူ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲကစားခဲ့ရပါတယ်။သူဟာအင်္ဂလန်သို့ပြောင်းရွှေ့ရေးပျက်ပြယ်ခဲ့ရပြီးတဲ့နောက်၂၀၁၉-၂၀ရာသီမှာအယ်လ်အေဂလက်ဆီသို့အငှားဖြင့်သွားရောက်ကစားခဲ့ပါတယ်။

ZawGyi

ယာဥ္မေတာ္တဆမႈေၾကာင့္ ေသၿပီဟုေဖာ္ျပမႈမ်ားအား အာဂ်င္တီးနားစတားပါဗြန္ျငင္းဆို

အာဂ်င္တီးနားစတားခရစၥတီယန္ပါဗြန္ဟာသူေသၿပီလို႔မီဒီယာမ်ားကေဖာ္ျပမႈကိုျငင္းဆိုလာရပါတယ္။

အသက္၂၅ႏွစ္ရွိဘိုကာဂ်ဴနီယာေတာင္ပံကစားသမားဟာလြန္ခဲ့တဲ့ႏွစ္အနည္းငယ္ခန႔္တုန္းကအာဆင္နယ္ရဲ႕ေပါင္သန္း၄၀ျဖင့္ကမ္းလွမ္းမႈခံခဲ့ရဖူးသူျဖစ္ပါတယ္။

အာဂ်င္တီးနားအတြက္၁၁ပြဲကစားထားတဲ့ပါဗြန္ကိုဝက္ဖို႔ဒ္ႏွင့္ဖူလ္ဟမ္အသင္းတို႔ကလည္းစိတ္ဝင္စားခဲ့ၾကဖူးပါတယ္။

ပါဗြန္ဟာယခုႏွစ္အေစာပိုင္းတုန္းကမုဒိန္းမႈျဖင့္စြဲခ်က္တင္ျခင္းခံခဲ့ရၿပီးမတ္လတုန္းက႐ုံးတင္စစ္ေဆးျခင္းခံခဲ့ရပါတယ္။

မၾကာေသးမီတုန္းကေတာင္အေမရိကမီဒီယာမ်ားကပါဗြန္ဟာအာဂ်င္တီးနားမွာယာဥ္မေတာ္တဆျဖစ္ကာေသဆုံးသြားၿပီဟုေရးသားေဖာ္ျပခဲ့ၾကပါတယ္။

ပါဗြန္ကလည္း “လူတိုင္းကလုပ္ခ်င္တိုင္းလုပ္ေနၾကတာလား။စည္းမရွိၾကဘူးလား။ကိုယ့္ဘာသာကိုယ္ဘဲေနၾကပါ။အျခားသူေတြကိုမရႈပ္ၾကပါနဲ႔။ကြၽန္ေတာ့္အတြက္စိုးရိမ္ခဲ့ၾကသူေတြကိုလည္းကြၽန္ေတာ္ဟာအရင္ကထက္ေတာင္ပိုအဆင္ေျပေနတယ္လို႔ေျပာခ်င္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ပါဗြန္ဟာတဲလ္လီရက္စ္ဒီေကာ္ဒိုဘာမွာကစားသမားဘဝကိုစတင္ခဲ့ၿပီး၂၀၁၄ခုႏွစ္မွာဘိုကာဂ်ဴနီယာသို႔ေျပာင္းခဲ့ပါတယ္။

သူဟာဘိုကာဂ်ဴနီယာႏွင့္အတူေျခစြမ္းျပကစားႏိုင္မႈေၾကာင့္မက္ဆီႏွင့္အတူ၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲကစားခဲ့ရပါတယ္။သူဟာအဂၤလန္သို႔ေျပာင္းေ႐ႊ႕ေရးပ်က္ျပယ္ခဲ့ရၿပီးတဲ့ေနာက္၂၀၁၉-၂၀ရာသီမွာအယ္လ္ေအဂလက္ဆီသို႔အငွားျဖင့္သြားေရာက္ကစားခဲ့ပါတယ္။