ယာဉ်မတော်တဆမှုနဲ့ သေပြီဆိုပြီး အသက်အာမခံကြေးဘုံးသွားတဲ့ ဘောလုံးသမား

ဘောလုံးသမားဟောင်းတစ်ဦးဟာသူ့ကိုယ်သူသေပြီဆိုပြီးလူသေမှုလိမ်လည်မှုအတွက်ထောင်ဒဏ်၁၀နှစ်ကျခံရမယ့်အရေးနှင့်ရင်ဆိုင်နေရပါတယ်။

ရှော်လ်ကေးနောက်ခံလူဟောင်းဟီယာနစ်ခ်ဂမ်ဘာဟာသူယာဉ်မတော်တဆမှုနဲ့သေပြီဆိုပြီးသတင်းလွှင့်ကာဇနီးဟောင်းအားအသက်အာမခံကြေးဒေါ်လာသန်းချီရယူစေခဲ့ပါတယ်။

၂၀၀၆ခုနှစ်တုန်းကသူဟာအဆင့်နိမ့်တန်းလိဂ်ကလပ် VfB Huls တွင်ကစားနေစဉ်အတွင်း သူဟာမွေးရပ်မြေနိုင်ငံ ကွန်ဂိုတွင်ယာဉ်မတော်တဆဖြစ်ကာသေဆုံးပြီဆိုပြီးသတင်းလွှင့်ခဲ့ပါတယ်။

ဂမ်ဘာသေဆုံးတယ်ဆိုတဲ့သတင်းကြောင့်ဘောလုံးပရိသတ်များ စိတ်မကောင်းဖြစ်ကြပြီးသူ့မိသားစုဝင်များကိုအားပေးမှုများပြုလုပ်ခဲ့ကြပါတယ်။

ဒါပေမယ့်လေးနှစ်အကြာမှာတော့ဂမ်ဘာဟာဂျာမနီမှာပြန်ပေါ်လာပြီး အသက်ရှင်သန်နေဆဲဖြစ်ကာကောင်းမွန်စွာရပ်တည်နေကြောင်းတွေ့ရပါတယ်။

အထက်ပါအဖြစ်အပျက်အားချက်ချင်းစုံစမ်းရာကမ်ဘာကယာဉ်မတော်တဆမှုသေဆုံးကြောင်းကြေညာပြီးနောက်ဇနီးဟောင်းခရစ္စတီနာက အသက်အာမခံကြေးဒေါ်လာတစ်သန်းရယူသွားခဲ့ကြောင်းတွေ့ရှိရပါတယ်။

ဂမ်ဘာဟာအသက်အာမခံကြေးလိမ်လည်ရယူမှုဖြင့်တရားစွဲခြင်းခံထားရပြီးထောင်ဒဏ်၁၀နှစ်အထိကြာခံရမယ့်အရေးနှင့်ရင်ဆိုင်နေရပါတယ်။

ZawGyi







