
ဘုန်းမောက်ဟာယာယီနည်းပြဂယ်ရီအိုနေးလ်ကိုအမြဲတမ်းနည်းပြအဖြစ်တရားဝင်ခန့်အပ်လာခဲ့ပြီဖြစ်ပါတယ်။
အသက်၃၉နှစ်ရှိဂယ်ရီအိုနေးလ်ဟာဩဂုတ်လတုန်းကစကော့ပါကားရာထူးမှထုတ်ပယ်ခြင်းခံရပြီးနောက်ဘုန်းမောက်အသင်းကိုယာယီနည်းပြအဖြစ်ကိုင်တွယ်လာခဲ့သူဖြစ်ပါတယ်။
ယခုအခါဘုန်းမောက်ဟာလအတန်ကြာနည်းပြရှာဖွေလာခဲ့ပြီးနောက်ဂယ်ရီအိုနေးလ်ကိုတစ်နှစ်ခွဲစာချုပ်ဖြင့်အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ရန်ဆုံးဖြတ်လာခဲ့ပြီဖြစ်ပါတယ်။ဘုန်းမောက်ဟာဂယ်ရီအိုနေးလ်ရဲ့စာချုပ်အတွင်းမှာတစ်နှစ်သက်တမ်းတိုးနိုင်မဲ့အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။
ဘုန်းမောက်ဟာဂယ်ရီအိုနေးလ်ကိုင်တွယ်တဲ့ပရီးမီးယားလိဂ်ပွဲ၁၁ပွဲတွင်ရမှတ်၁၃မှတ်ရယူထားနိုင်ပြီးပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၁၃နေရာမှာရပ်တည်နေပါတယ်။
ဒါ့အပြင်ဂယ်ရီအိုနေးလ်ဟာဘုန်းမောက်ကိုခါရာဘောင်ဖလားစတုတ္ထအဆင့်သို့ပို့ဆောင်ထားပါတယ်။
ZawGyi
ယာယီနည်းပြဂယ်ရီအိုနေးလ်ကို အမြဲတမ်းနည်းပြအဖြစ် ဘုန်းမောက်ခန့်အပ်လာ