ယာယီနည်းပြရာထူးအတွက် ဘာစီလိုနာနည်းပြဟောင်းနှင့် ဆွေးနွေးနေတဲ့ ယူနိုက်တက်

လစ်လပ်နေတဲ့အိုးထရက်ဖို့ဒ်နည်းပြရာထူးနှင့်ပတ်သက်ပြီးထင်မှတ်မထားတဲ့သတင်းတက်လာပါတယ်။ဘာစီလိုနာနည်းပြဟောင်းအားနက်စ်တိုဗယ်ဗာဒီဟာမန်ယူယာယီနည်းပြရာထူးအတွက်ဆွေးနွေးမှုပြုလုပ်နေကြောင်းသိရပါတယ်။

အသက်၅၇နှစ်ရှိဗယ်ဗာဒီဟာနည်းပြသက်တမ်းအနှစ်၂၀အတွင်းအက်စ်ပန်ညို၊ဗလင်စီယာ၊ဘီလ်ဘာအိုတို့ကိုလည်းကိုင်တွယ်ခဲ့သူဖြစ်ပြီးယာယီနည်းပြရာထူးအတွက်မန်ယူဘောလုံးဒါရိုက်တာဂျွန်မော်တောက်နှင့်ဆွေးနွေးမှုပြုလုပ်နေကြောင်း The Guardian ကဖော်ပြလာပါတယ်။

ဗယ်ဗာဒီဟာမန်ယူနည်းပြရာထူးကိုရယူဖြစ်လျှင်အဆင်သင့်အလုပ်လုပ်နိုင်ရန်အတွက်မန်ယူအသင်းရဲ့ကစားသမားများရဲ့အနေအထားကိုလေ့လာမှုပြုလုပ်နေပြီဖြစ်ကြောင်းလည်းဖြစ်ပါတယ်။

ဒါပေမယ့်လတ်တလောအခြေအနေမှာမန်ယူနှင့်ဗယ်ဗာဒီဟာဆွေးနွေးမှုပြုလုပ်နေဆဲကာလမှာသာရှိသေးပြီးဆုံးဖြတ်ချက်မချရသေးပါဘူး။

ဗယ်ဗာဒီဟာဘာစီလိုနာ၂၀၁၇ခုနှစ်မှ၂၀၁၀ခုနှစ်အထိကိုင်တွယ်ခဲ့ဖူးပြီးလာလီဂါဖလား၂ကြိမ်၊ကိုပါဒယ်ရေးဖလား၁ကြိမ်ရရှိခဲ့ဖူးပါတယ်။သူဟာအတွေ့အကြုံများစွာရင့်ကျက်တဲ့နည်းပြတစ်ဦးဖြစ်ရာအိုးထရက်ဖို့ဒ်သို့အတွေ့အကြုံများစွာရယူလာမယ့်သူလည်းဖြစ်ပါတယ်။

မန်ယူဟာဗယ်ဗာဒီအားခန့်အပ်ရေးဆွေးနွေးမှုပြုလုပ်နေတယ်ဆိုပေမယ့်ပီအက်စ်ဂျီနည်းပြပိုချက်တီနိုကိုခန့်အပ်ရေးမှာအဓိကပစ်မှတ်အဖြစ်ရှိနေဆဲဖြစ်ပါတယ်။ပိုချက်တီနိုဟာပဲရစ်ရှိဟိုတယ်တစ်ခုတွင် တစ်ဦးတည်းအထီးကျန်စွာနေထိုင်နေရမှုနဲ့အတူမိသားစုရှိရာအင်္ဂလန်သို့ပြန်လာရန်ဆန္ဒပြင်းပြနေပါတယ်။ဒါပေမယ့်ပီအက်စ်ဂျီကသူ့ကိုလက်လွှတ်ရန်ငြင်းဆိုနေပါတယ်။

ZawGyi

ယာယီနည္းျပရာထူးအတြက္ ဘာစီလိုနာနည္းျပေဟာင္းႏွင့္ ေဆြးေႏြးေနတဲ့ ယူႏိုက္တက္

လစ္လပ္ေနတဲ့အိုးထရက္ဖို႔ဒ္နည္းျပရာထူးႏွင့္ပတ္သက္ၿပီးထင္မွတ္မထားတဲ့သတင္းတက္လာပါတယ္။ဘာစီလိုနာနည္းျပေဟာင္းအားနက္စ္တိုဗယ္ဗာဒီဟာမန္ယူယာယီနည္းျပရာထူးအတြက္ေဆြးေႏြးမႈျပဳလုပ္ေနေၾကာင္းသိရပါတယ္။

အသက္၅၇ႏွစ္ရွိဗယ္ဗာဒီဟာနည္းျပသက္တမ္းအႏွစ္၂၀အတြင္းအက္စ္ပန္ညိဳ၊ဗလင္စီယာ၊ဘီလ္ဘာအိုတို႔ကိုလည္းကိုင္တြယ္ခဲ့သူျဖစ္ၿပီးယာယီနည္းျပရာထူးအတြက္မန္ယူေဘာလုံးဒါ႐ိုက္တာဂြၽန္ေမာ္ေတာက္ႏွင့္ေဆြးေႏြးမႈျပဳလုပ္ေနေၾကာင္း The Guardian ကေဖာ္ျပလာပါတယ္။

ဗယ္ဗာဒီဟာမန္ယူနည္းျပရာထူးကိုရယူျဖစ္လွ်င္အဆင္သင့္အလုပ္လုပ္ႏိုင္ရန္အတြက္မန္ယူအသင္းရဲ႕ကစားသမားမ်ားရဲ႕အေနအထားကိုေလ့လာမႈျပဳလုပ္ေနၿပီျဖစ္ေၾကာင္းလည္းျဖစ္ပါတယ္။

ဒါေပမယ့္လတ္တေလာအေျခအေနမွာမန္ယူႏွင့္ဗယ္ဗာဒီဟာေဆြးေႏြးမႈျပဳလုပ္ေနဆဲကာလမွာသာရွိေသးၿပီးဆုံးျဖတ္ခ်က္မခ်ရေသးပါဘူး။

ဗယ္ဗာဒီဟာဘာစီလိုနာ၂၀၁၇ခုႏွစ္မွ၂၀၁၀ခုႏွစ္အထိကိုင္တြယ္ခဲ့ဖူးၿပီးလာလီဂါဖလား၂ႀကိမ္၊ကိုပါဒယ္ေရးဖလား၁ႀကိမ္ရရွိခဲ့ဖူးပါတယ္။သူဟာအေတြ႕အႀကဳံမ်ားစြာရင့္က်က္တဲ့နည္းျပတစ္ဦးျဖစ္ရာအိုးထရက္ဖို႔ဒ္သို႔အေတြ႕အႀကဳံမ်ားစြာရယူလာမယ့္သူလည္းျဖစ္ပါတယ္။

မန်ယူဟာဗယ်ဗာဒီအားခန့်အပ်ရေးဆွေးနွေးမှုပြုလုပ်နေတယ်ဆိုပေမယ့်ပီအက်စ်ဂျီနည်းပြပိုချက်တီနိုကိုခန့်အပ်ရေးမှာအဓိကပစ်မှတ်အဖြစ်ရှိနေဆဲဖြစ်ပါတယ်။ပိုချက်တီနိုဟာပဲရစ်ရှိဟိုတယ်တစ်ခုတွင် တစ်ဦးတည်းအထီးကျန်စွာနေထိုင်နေရမှုနဲ့အတူမိသားစုရှိရာအင်္ဂလန်သို့ပြန်လာရန်ဆန္ဒပြင်းပြနေပါတယ်။ဒါပေမယ့်ပီအက်စ်ဂျီကသူ့ကိုလက်လွှတ်ရန်ငြင်းဆိုနေပါတယ်။