ယာယီနည်းပြသစ်ရန်နစ်ခ်နှင့်စကားမပြောရသေးကြောင်း ကာရစ်ဖွင့်ဟ

မိုက်ကယ်ကာရစ်က၎င်းမှာအသင်းသို့ရောက်လာမယ့်မန်ချက်စတာယူနိုက်တက်ယာယီနည်းပြရေးဖ်ရန်နစ်ခ်နှင့်တစ်စုံတစ်ရာစကားပြောဆိုရခြင်းမရှိသေးကြောင်းဖွင့်ဟပြောကြားလာပါတယ်။

အသက်၆၃နှစ်ရှိဂျာမန်လူမျိုးနည်းပြဟာယခုအပတ်အစောပိုင်းတုန်းကယူနိုက်တက်နည်းပြသစ်အဖြစ်တရားဝင်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ဒါပေမယ့်သူဟာဗြိတိန်အလုပ်လုပ်ခွင့်ဗီဇာရရှိရန်ခက်ခဲနေမှုနှင့်အတူယူနိုက်တက်ကိုမကြီးကြပ်နိုင်သေးပါဘူး။

ဒါကြောင့်လည်းမိုက်ကယ်ကာရစ်ဟာယနေ့ညတွင်အိုးထရက်ဖို့ဒ်ကွင်းမှာအာဆင်နယ်ကိုဧည့်ခံကစားရမယ့်ပွဲကိုဆက်လက်ကြီးကြပ်သွားဦးမှာဖြစ်ပါတယ်။

ယူနိုက်တက်သို့ရောက်လာမယ့်နည်းပြသစ်နှင့်အဆက်အသွယ်ရှိသလားလို့မေးမြန်းလာမှုကိုကာရစ်က “မရှိဘူး။ဘာကြောင့်လဲဆိုတော့အဆင့်ဆင့်လုပ်ဆောင်နေရမှုနဲ့အလုပ်လုပ်ခွင့်ပါမစ်တို့ကြောင့်ပါ။သူကဒီကို(ကလပ်သို့)တောင်မရောက်လာသေးပါဘူး။ဒီတော့ကျွန်တော်တို့ဘဲလုပ်နေတယ်။နောက်ဆုံးနှစ်ပွဲမှာတော့အလုပ်ဖြစ်တယ်။လာမယ့်ပွဲလည်းအလုပ်ဖြစ်လာဖို့မျှော်လင့်နေပါတယ်”လို့ပြောကြားခဲ့ပါတယ်။

အစောပိုင်းတုန်းကချဲလ်ဆီးနှင့်ပွဲတွင်လူစာရင်းထုတ်ပြန်ရာတွင်မိုက်ကယ်ကာရစ်ဟာရေးဖ်ရန်နစ်ခ်နှင့်ဆွေးနွေးပြောကြားပြီးခရစ္စတီယာနိုရော်နယ်ဒိုကိုအရန်စာရင်းတွင်ထည့်သွင်းခဲ့တယ်လို့သတင်းထွက်ခဲ့ပါတယ်။

လိုက်ဇစ်နည်းပြဟောင်းရေးဖ်ရန်နစ်ခ်ဟာနောက်ဆုံးငါးနှစ်အတွင်းတွင်နည်းပြအဖြစ်လုပ်ဆောင်မှုနည်းပါးပြီးဘောလုံးဒါရိုက်တာအဖြစ်သာတာဝန်ထမ်းဆောင်ခဲ့မှုနဲ့အတူ ဗြိတိန်အလုပ်လုပ်ခွင့်ပါမစ်ရရှိရန်ခက်ခဲနေတာလည်းဖြစ်ပါတယ်။

ZawGyi

ယာယီနည္းျပသစ္ရန္နစ္ခ္ႏွင့္စကားမေျပာရေသးေၾကာင္း ကာရစ္ဖြင့္ဟ

မိုက္ကယ္ကာရစ္က၎မွာအသင္းသို႔ေရာက္လာမယ့္မန္ခ်က္စတာယူႏိုက္တက္ယာယီနည္းျပေရးဖ္ရန္နစ္ခ္ႏွင့္တစ္စုံတစ္ရာစကားေျပာဆိုရျခင္းမရွိေသးေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

အသက္၆၃ႏွစ္ရွိဂ်ာမန္လူမ်ိဳးနည္းျပဟာယခုအပတ္အေစာပိုင္းတုန္းကယူႏိုက္တက္နည္းျပသစ္အျဖစ္တရားဝင္ခန႔္အပ္ျခင္းခံခဲ့ရပါတယ္။ဒါေပမယ့္သူဟာၿဗိတိန္အလုပ္လုပ္ခြင့္ဗီဇာရရွိရန္ခက္ခဲေနမႈႏွင့္အတူယူႏိုက္တက္ကိုမႀကီးၾကပ္ႏိုင္ေသးပါဘူး။

ဒါေၾကာင့္လည္းမိုက္ကယ္ကာရစ္ဟာယေန႔ညတြင္အိုးထရက္ဖို႔ဒ္ကြင္းမွာအာဆင္နယ္ကိုဧည့္ခံကစားရမယ့္ပြဲကိုဆက္လက္ႀကီးၾကပ္သြားဦးမွာျဖစ္ပါတယ္။

ယူႏိုက္တက္သို႔ေရာက္လာမယ့္နည္းျပသစ္ႏွင့္အဆက္အသြယ္ရွိသလားလို႔ေမးျမန္းလာမႈကိုကာရစ္က “မရွိဘူး။ဘာေၾကာင့္လဲဆိုေတာ့အဆင့္ဆင့္လုပ္ေဆာင္ေနရမႈနဲ႔အလုပ္လုပ္ခြင့္ပါမစ္တို႔ေၾကာင့္ပါ။သူကဒီကို(ကလပ္သို႔)ေတာင္မေရာက္လာေသးပါဘူး။ဒီေတာ့ကြၽန္ေတာ္တို႔ဘဲလုပ္ေနတယ္။ေနာက္ဆုံးႏွစ္ပြဲမွာေတာ့အလုပ္ျဖစ္တယ္။လာမယ့္ပြဲလည္းအလုပ္ျဖစ္လာဖို႔ေမွ်ာ္လင့္ေနပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

အေစာပိုင္းတုန္းကခ်ဲလ္ဆီးႏွင့္ပြဲတြင္လူစာရင္းထုတ္ျပန္ရာတြင္မိုက္ကယ္ကာရစ္ဟာေရးဖ္ရန္နစ္ခ္ႏွင့္ေဆြးေႏြးေျပာၾကားၿပီးခရစၥတီယာႏိုေရာ္နယ္ဒိုကိုအရန္စာရင္းတြင္ထည့္သြင္းခဲ့တယ္လို႔သတင္းထြက္ခဲ့ပါတယ္။

လိုက္ဇစ္နည္းျပေဟာင္းေရးဖ္ရန္နစ္ခ္ဟာေနာက္ဆုံးငါးႏွစ္အတြင္းတြင္နည္းျပအျဖစ္လုပ္ေဆာင္မႈနည္းပါးၿပီးေဘာလုံးဒါ႐ိုက္တာအျဖစ္သာတာဝန္ထမ္းေဆာင္ခဲ့မႈနဲ႔အတူ ၿဗိတိန္အလုပ္လုပ္ခြင့္ပါမစ္ရရွိရန္ခက္ခဲေနတာလည္းျဖစ္ပါတယ္။