ယူကရိန်းကလပ် အိုလံပစ်ဒိုးနက်စ်တွင် နည်းပြဘဝစတင်လိုက်တဲ့ ယာယာတိုရေး

ယာယာတိုရေးကယူကရိန်းအဆင့်မြင့်တန်းကလပ်အိုလံပစ်ဒိုးနက်စ်တွင်နည်းပြတာဝန်ထမ်းဆောင်သွားမှာဖြစ်ကြောင်းကြေညာလာပါတယ်။

အသက်၃၇နှစ်ရှိမန်စီးတီးဂန္ထဝင်ကစားသမားဟာလွန်ခဲ့တဲ့တစ်နှစ်ကျော်တုန်းကတရုတ်စူပါလိဂ်ကလပ် Qingdao Huanghai တွင်ကစားပြီးနောက်ကစားသမားဘဝမှအနားယူခဲ့သူလည်းဖြစ်ပါတယ်။

တိုရေးဟာအိုလံပစ်ဒိုးနက်စ်အသင်းအခြေစိုက်တဲ့မြို့မှမီတာလာဒိုးနက်စ်တွင်ကစားသမားဘဝစတင်ခဲ့သူ လည်းဖြစ်ပါတယ်။သူဟာ၂၀၀၃ခုနှစ်မှ၂၀၀၅ခုနှစ်အထိမီတဲလ်လတ်ဒိုးနက်စ်တွင်ပရော်ဖက်ရှင်နယ်ကစားသမားဘဝကိုစတင်ခဲ့ပြီးနည်းပြဘဝကိုယင်းမြို့အခြေစိုက်အိုလံပစ်ဒိုးနက်စ်တွင်စတင်သွားတော့မှာဖြစ်ပါတယ်။

တိုရေးဟာကစားသမားဘဝမှစတင်ပြီးနောက်ကျူပီအာ၊ဘလက်ဘန်းတို့တွင်နည်းပြလိုင်စင်ရရှိရန်ကြိုးပမ်းခဲ့သူလည်းဖြစ်ပြီးအိုလံပစ်ဒိုးနက်စ်အတွက်ကိုယ်စွမ်းရှိသမျှအစွမ်းကုန်ကူညီကာယင်းတွင်သင်ယူမှု ပြုလုပ်သွားမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

၎င်းက “ကျွန်တော်ဟာဒိုးနက်စ်မှာကစားသမားဘဝကိုစတင်ခဲ့တယ်။အခုနည်းပြဘဝကိုလည်းဒီမှာဘဲ စတင်သွားပါမယ်။အိုလံပစ်ကမီတဲလ်လတ်မဟုတ်ပါဘူး။ဒါပေမယ့်ဒီကလူတွေရဲ့ပျူငှာမှုနဲ့ပွင့်လင်းတဲ့ စိတ်ကိုအမှတ်ရနေတုန်းပါ။ဒေသခံတွေရဲ့စိတ်နေစိတ်ထားကိုနှစ်သက်ပါတယ်။ရိုးရိုးသားသားပြောရရင် ယူကရိန်းမှာနည်းပြတစ်ဦးအဖြစ်လေ့လာသင်ယူဖို့ဆုံးဖြတ်ခဲ့မှုအပေါ်ကျွန်တော့်အေးဂျင့်တောင်အံ့ဩသွားခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ကိုကျွန်တော်ကိုယ်တိုင်ဆုံးဖြတ်ခဲ့တာပါ။ဒီနေရာကဖိအားမရှိဘဲအေးအေးလူလူ နေလို့ရတဲ့နေရာမဟုတ်ပါဘူး။လေ့လာမှုတွေပြုလုပ်ရပါမယ်”လို့ပြောကြားသွားပါတယ်။

အိုလံပစ်ဒိုးနက်စ်ဟာအသင်း၁၄သင်းပါဝင်တဲ့ယူကရိန်းပရီးမီးယားလိဂ်မှာအဆင့်၇နေရာမှာရပ်တည်နေပါတယ်။

ZawGyi

ယူကရိန္းကလပ္ အိုလံပစ္ဒိုးနက္စ္တြင္ နည္းျပဘဝစတင္လိုက္တဲ့ ယာယာတိုေရး

ယာယာတိုေရးကယူကရိန္းအဆင့္ျမင့္တန္းကလပ္အိုလံပစ္ဒိုးနက္စ္တြင္နည္းျပတာဝန္ထမ္းေဆာင္သြားမွာျဖစ္ေၾကာင္းေၾကညာလာပါတယ္။

အသက္၃၇ႏွစ္ရွိမန္စီးတီးဂႏၴဝင္ကစားသမားဟာလြန္ခဲ့တဲ့တစ္ႏွစ္ေက်ာ္တုန္းကတ႐ုတ္စူပါလိဂ္ကလပ္ Qingdao Huanghai တြင္ကစားၿပီးေနာက္ကစားသမားဘဝမွအနားယူခဲ့သူလည္းျဖစ္ပါတယ္။

တိုေရးဟာအိုလံပစ္ဒိုးနက္စ္အသင္းအေျခစိုက္တဲ့ၿမိဳ႕မွမီတာလာဒိုးနက္စ္တြင္ကစားသမားဘဝစတင္ခဲ့သူ လည္းျဖစ္ပါတယ္။သူဟာ၂၀၀၃ခုႏွစ္မွ၂၀၀၅ခုႏွစ္အထိမီတဲလ္လတ္ဒိုးနက္စ္တြင္ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကိုစတင္ခဲ့ၿပီးနည္းျပဘဝကိုယင္းၿမိဳ႕အေျခစိုက္အိုလံပစ္ဒိုးနက္စ္တြင္စတင္သြားေတာ့မွာျဖစ္ပါတယ္။

တိုေရးဟာကစားသမားဘဝမွစတင္ၿပီးေနာက္က်ဴပီအာ၊ဘလက္ဘန္းတို႔တြင္နည္းျပလိုင္စင္ရရွိရန္ႀကိဳးပမ္းခဲ့သူလည္းျဖစ္ၿပီးအိုလံပစ္ဒိုးနက္စ္အတြက္ကိုယ္စြမ္းရွိသမွ်အစြမ္းကုန္ကူညီကာယင္းတြင္သင္ယူမႈ ျပဳလုပ္သြားမွာျဖစ္ေၾကာင္း ေျပာၾကားသြားပါတယ္။

၎က “ကြၽန္ေတာ္ဟာဒိုးနက္စ္မွာကစားသမားဘဝကိုစတင္ခဲ့တယ္။အခုနည္းျပဘဝကိုလည္းဒီမွာဘဲ စတင္သြားပါမယ္။အိုလံပစ္ကမီတဲလ္လတ္မဟုတ္ပါဘူး။ဒါေပမယ့္ဒီကလူေတြရဲ႕ပ်ဴငွာမႈနဲ႔ပြင့္လင္းတဲ့ စိတ္ကိုအမွတ္ရေနတုန္းပါ။ေဒသခံေတြရဲ႕စိတ္ေနစိတ္ထားကိုႏွစ္သက္ပါတယ္။႐ိုး႐ိုးသားသားေျပာရရင္ ယူကရိန္းမွာနည္းျပတစ္ဦးအျဖစ္ေလ့လာသင္ယူဖို႔ဆုံးျဖတ္ခဲ့မႈအေပၚကြၽန္ေတာ့္ေအးဂ်င့္ေတာင္အံ့ဩသြားခဲ့ပါတယ္။ဒီဆုံးျဖတ္ခ်က္ကိုကြၽန္ေတာ္ကိုယ္တိုင္ဆုံးျဖတ္ခဲ့တာပါ။ဒီေနရာကဖိအားမရွိဘဲေအးေအးလူလူ ေနလို႔ရတဲ့ေနရာမဟုတ္ပါဘူး။ေလ့လာမႈေတြျပဳလုပ္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

အိုလံပစ္ဒိုးနက္စ္ဟာအသင္း၁၄သင္းပါဝင္တဲ့ယူကရိန္းပရီးမီးယားလိဂ္မွာအဆင့္၇ေနရာမွာရပ္တည္ေနပါတယ္။