ယူကရိန်းကို ကျူးကျော်စစ်ဆင်နွဲတဲ့ ရုရှားတွင် ပရီးမီးယားလိဂ်ပွဲများ ထုတ်လွှင့်ပြသမှုရပ်ဆိုင်း

ပရီးမီးယားလိဂ်ဟာရုရှားနိုင်ငံကယူကရိန်းကိုကျူးကျော်စစ်ဆင်နွဲလာပြီးနောက်ရုရှားရုပ်သံနှင့်စပွန်ဆာစာချုပ်အားရပ်ဆိုင်းမှုပြုလုပ်လိုက်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်များဟာပြီးခဲ့တဲ့အပတ်တုန်းကရုရှားရဲ့ကျူးကျော်စစ်ဆင်နွဲခံရတဲ့ယူကရိန်းကိုထောက်ခံအနေဖြင့် ပွဲမတိုင်မီ တစ်မိနစ်လုပ်ခုပ်တီးခြင်း၊ အသင်းခေါင်းဆောင်များကယူကရိန်းရဲ့အလံအရောင်ဖြစ်တဲ့အပြာရောင်နှင့်အဝါရောင်အသင်းခေါင်းဆောင်လက်ပတ်ကိုသုံးခြင်းတို့ပြုလုပ်ခဲ့ကြပါတယ်။

ဒါပေမဲ့ပရီးမီးယားလိဂ်ပွဲစဉ်များကရုရှားတွင်ပြသနေခဲ့ဆဲဖြစ်ပါတယ်။ဒါကြောင့်လည်းယခုအခါပရီးမီးယားလိဂ်ဟာရုရှားရုပ်သံ Rambler (Okko Sport) နှင့် ပရီးမီးယားလိဂ်ပွဲများထုတ်လွှင့်ပြသခွင့်စာချုပ်ကိုရပ်ဆိုင်းလိုက်ပြီးယူကရိန်းမှစစ်ဒုက္ခသည်များအတွက်ပေါင်၁သန်းလှူဒါန်းရန်ဆုံးဖြတ်လိုက်ပါတယ်။

လက်ရှိအချိန်တွင်ပရီးမီးယားလိဂ်သာမကအခြားအားကစားပြိုင်ပွဲများကလည်း ရုရှားတွင်ထုတ်လွှင့်ပြသမှုကိုရပ်ဆိုင်းလျက်ရှိပါတယ်။

WWE ကရုရှားတွင်နပန်းပွဲများထုတ်လွှင့်ပြသမှုကိုရပ်ဆိုင်းတဲ့ပထမဆုံးအားကစားပြိုင်ပွဲဖြစ်ပါတယ်။ဒါ့အပြင်ဖော်မြူလာဝမ်းကလည်းရုရှားတွင်ကျင်းပရန်စီစဉ်ထားတဲ့ရုရှားဂရင်းပရက်စ်ကိုမကျင်းပရန်ဆုံးဖြတ်ထားပါတယ်။

ယူအီးအက်ဖ်အေဟာလည်းဇင်းနစ်တွင်ကျင်းပရန်စီစဉ်ထားတဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုပဲရစ်ကျင်းပရန်ဆုံးဖြတ်ထားသလို ရုရှားကလပ်များကိုလည်း ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ထားပါတယ်။

ဖီဖာဟာလည်းရုရှားအသင်းကို ကမ္ဘာ့ဖလားပလေးအော့ဖ်ဆီမီးဖိုင်နယ်မှထုတ်ပယ်ကာပိုလန်ကိုဗိုလ်လုပွဲသို့ဘိုင်အဖြစ်တက်ခွင့်ပေးထားပါတယ်။

ZawGyi

ယူကရိန္းကို က်ဴးေက်ာ္စစ္ဆင္ႏြဲတဲ့ ႐ုရွားတြင္ ပရီးမီးယားလိဂ္ပြဲမ်ား ထုတ္လႊင့္ျပသမႈရပ္ဆိုင္း

ပရီးမီးယားလိဂ္ဟာ႐ုရွားႏိုင္ငံကယူကရိန္းကိုက်ဴးေက်ာ္စစ္ဆင္ႏြဲလာၿပီးေနာက္႐ုရွား႐ုပ္သံႏွင့္စပြန္ဆာစာခ်ဳပ္အားရပ္ဆိုင္းမႈျပဳလုပ္လိုက္ပါတယ္။

ပရီးမီးယားလိဂ္ကလပ္မ်ားဟာၿပီးခဲ့တဲ့အပတ္တုန္းက႐ုရွားရဲ႕က်ဴးေက်ာ္စစ္ဆင္ႏြဲခံရတဲ့ယူကရိန္းကိုေထာက္ခံအေနျဖင့္ ပြဲမတိုင္မီ တစ္မိနစ္လုပ္ခုပ္တီးျခင္း၊ အသင္းေခါင္းေဆာင္မ်ားကယူကရိန္းရဲ႕အလံအေရာင္ျဖစ္တဲ့အျပာေရာင္ႏွင့္အဝါေရာင္အသင္းေခါင္းေဆာင္လက္ပတ္ကိုသုံးျခင္းတို႔ျပဳလုပ္ခဲ့ၾကပါတယ္။

ဒါေပမဲ့ပရီးမီးယားလိဂ္ပြဲစဥ္မ်ားက႐ုရွားတြင္ျပသေနခဲ့ဆဲျဖစ္ပါတယ္။ဒါေၾကာင့္လည္းယခုအခါပရီးမီးယားလိဂ္ဟာ႐ုရွား႐ုပ္သံ Rambler (Okko Sport) ႏွင့္ ပရီးမီးယားလိဂ္ပြဲမ်ားထုတ္လႊင့္ျပသခြင့္စာခ်ဳပ္ကိုရပ္ဆိုင္းလိုက္ၿပီးယူကရိန္းမွစစ္ဒုကၡသည္မ်ားအတြက္ေပါင္၁သန္းလႉဒါန္းရန္ဆုံးျဖတ္လိုက္ပါတယ္။

လက္ရွိအခ်ိန္တြင္ပရီးမီးယားလိဂ္သာမကအျခားအားကစားၿပိဳင္ပြဲမ်ားကလည္း ႐ုရွားတြင္ထုတ္လႊင့္ျပသမႈကိုရပ္ဆိုင္းလ်က္ရွိပါတယ္။

WWE က႐ုရွားတြင္နပန္းပြဲမ်ားထုတ္လႊင့္ျပသမႈကိုရပ္ဆိုင္းတဲ့ပထမဆုံးအားကစားၿပိဳင္ပြဲျဖစ္ပါတယ္။ဒါ့အျပင္ေဖာ္ျမဴလာဝမ္းကလည္း႐ုရွားတြင္က်င္းပရန္စီစဥ္ထားတဲ့႐ုရွားဂရင္းပရက္စ္ကိုမက်င္းပရန္ဆုံးျဖတ္ထားပါတယ္။

ယူအီးအက္ဖ္ေအဟာလည္းဇင္းနစ္တြင္က်င္းပရန္စီစဥ္ထားတဲ့ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကိုပဲရစ္က်င္းပရန္ဆုံးျဖတ္ထားသလို ႐ုရွားကလပ္မ်ားကိုလည္း ၿပိဳင္ပြဲမွာဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ပိတ္ပင္ထားပါတယ္။

ဖီဖာဟာလည္း႐ုရွားအသင္းကို ကမာၻ႔ဖလားပေလးေအာ့ဖ္ဆီမီးဖိုင္နယ္မွထုတ္ပယ္ကာပိုလန္ကိုဗိုလ္လုပြဲသို႔ဘိုင္အျဖစ္တက္ခြင့္ေပးထားပါတယ္။