ယူကရိန်းကို တိုက်ခိုက်လာမှုက ရှက်တာဒိုးနက်စ်စိတ်ဓာတ်ကို ဖျက်ဆီးနိုင်မည်မဟုတ်

ရှက်တာဒိုးနက်စ်မှာ ရုရှားရဲ့ယူကရိန်းအပေါ်နောက်ဆုံးတိုက်ခိုက်မှုကြောင့်စိတ်ဓာတ်ပျက်ပြားလာစေမှာမဟုတ်ကြောင်း နည်းပြအိုင်ဂေါ်ဂျိုဗီစီဗစ်ကပြောကြားလာပါတယ်။

တနင်္လာနေ့တုန်းကရုရှားဟာယူကရိန်းရဲ့မြို့တော်ကိဗ်အပါအဝင်မြို့အပါအဝင်ဒုံးကျည်များဖြင့်ပစ်ခတ်ခဲ့ပြီးယခုလများအတွင်းတွင်အပြင်းထန်ဆုံးတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

ယင်းတိုက်ခိုက်မှုကြောင့်လူဆယ့်လေးဦးသေဆုံးပြီး၉၇ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ရှက်တာဒိုးနက်စ်ဟာယနေ့ညတွင်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ်လက်ရှိချန်ပီယံရီးရဲလ်မက်ဒရစ်ကိုဧည့်ခံကစားရပါမယ်။

ဂျိုဗီစီဗစ်က “ကျွန်တော်တို့ကိုဖြိုပစ်လို့မရပါဘူး။ကျွန်တော်တို့ရဲ့စိတ်ဓာတ်နဲ့ကျွန်တော်တို့စည်းလုံးမှု။ခံစားချက်အခိုက်အတန့်ဖြစ်သွားနိုင်တယ်။ဒါပေမဲ့ကျွန်တော်တို့ကိုဖြိုချလို့မရပါဘူး။ကျွန်တော်တို့အတူလက်တွဲထားရင်ပိုပြီးတော့သန်မာလာပါမယ်။ပြီးတော့ကျွန်တော်တို့အားကစားသမားတွေအနေနဲ့လည်းဒါကိုလူမှုတာဝန်တစ်ရပ်လို့မြင်ပါတယ်။ယူကရိန်းမှာဖြစ်ပျက်တာနဲ့ပတ်သက်ပြီးကျွန်တော်တို့နီးနီးကပ်ကပ်ရှိနေရပါမယ်။ကျွန်တော်တို့မှာကြီးကျယ်တဲ့စာနာမှုရှိပါတယ်”လို့ပြောကြားသွားပါတယ်။

ရှက်တာဒိုးနက်စ်ဟာပိုလန်ရှိဝါဆောတွင်ရီးရဲလ်မက်ဒရစ်ကိုဧည့်ခံကစားသွားမှာလည်းဖြစ်ပါတယ်။

ZawGyi

ယူကရိန္းကို တိုက္ခိုက္လာမႈက ရွက္တာဒိုးနက္စ္စိတ္ဓာတ္ကို ဖ်က္ဆီးႏိုင္မည္မဟုတ္

ရွက္တာဒိုးနက္စ္မွာ ႐ုရွားရဲ႕ယူကရိန္းအေပၚေနာက္ဆုံးတိုက္ခိုက္မႈေၾကာင့္စိတ္ဓာတ္ပ်က္ျပားလာေစမွာမဟုတ္ေၾကာင္း နည္းျပအိုင္ေဂၚဂ်ိဳဗီစီဗစ္ကေျပာၾကားလာပါတယ္။

တနလၤာေန႔တုန္းက႐ုရွားဟာယူကရိန္းရဲ႕ၿမိဳ႕ေတာ္ကိဗ္အပါအဝင္ၿမိဳ႕အပါအဝင္ဒုံးက်ည္မ်ားျဖင့္ပစ္ခတ္ခဲ့ၿပီးယခုလမ်ားအတြင္းတြင္အျပင္းထန္ဆုံးတိုက္ခိုက္မႈျပဳလုပ္ခဲ့ပါတယ္။

ယင္းတိုက္ခိုက္မႈေၾကာင့္လူဆယ့္ေလးဦးေသဆုံးၿပီး၉၇ဦးဒဏ္ရာရရွိခဲ့ပါတယ္။

ရွက္တာဒိုးနက္စ္ဟာယေန႔ညတြင္ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္အျဖစ္လက္ရွိခ်န္ပီယံရီးရဲလ္မက္ဒရစ္ကိုဧည့္ခံကစားရပါမယ္။

ဂ်ိဳဗီစီဗစ္က “ကြၽန္ေတာ္တို႔ကိုၿဖိဳပစ္လို႔မရပါဘူး။ကြၽန္ေတာ္တို႔ရဲ႕စိတ္ဓာတ္နဲ႔ကြၽန္ေတာ္တို႔စည္းလုံးမႈ။ခံစားခ်က္အခိုက္အတန႔္ျဖစ္သြားႏိုင္တယ္။ဒါေပမဲ့ကြၽန္ေတာ္တို႔ကိုၿဖိဳခ်လို႔မရပါဘူး။ကြၽန္ေတာ္တို႔အတူလက္တြဲထားရင္ပိုၿပီးေတာ့သန္မာလာပါမယ္။ၿပီးေတာ့ကြၽန္ေတာ္တို႔အားကစားသမားေတြအေနနဲ႔လည္းဒါကိုလူမႈတာဝန္တစ္ရပ္လို႔ျမင္ပါတယ္။ယူကရိန္းမွာျဖစ္ပ်က္တာနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္တို႔နီးနီးကပ္ကပ္ရွိေနရပါမယ္။ကြၽန္ေတာ္တို႔မွာႀကီးက်ယ္တဲ့စာနာမႈရွိပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ရွက္တာဒိုးနက္စ္ဟာပိုလန္ရွိဝါေဆာတြင္ရီးရဲလ္မက္ဒရစ္ကိုဧည့္ခံကစားသြားမွာလည္းျဖစ္ပါတယ္။