ယူကရိန်းကို အင်္ဂလန်အနိုင်ရမယ်လို့ ခန့်မှန်းခဲ့တဲ့အပြင် ယူကရိန်းဘက်မှာ အီးအီးပါခဲ့တဲ့ ခန့်မှန်းဆရာကြီး ကိုရွှေကြက် ပစ်ဖို့ဒ်
ဘောလုံးရူးသွပ်တဲ့ကိုရွှေကြက်ဖကြီး ဂျော်ဒန်ပစ်ဖို့ဒ်ကအင်္ဂလန်နှင့်ယူကရိန်းတို့ရဲ့ယူရို၂၀၂၀ပြိုင်ပွဲ၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင်အင်္ဂလန်အသင်းအနိုင်ရမယ်လို့ခန့်မှန်းလာပါတယ်။
လေးလသားအရွယ်ရှိပြီဖြစ်တဲ့ကြက်ကြီးကိုပိုင်ရှင်ဖြစ်တဲ့လယ်သမားဇနီးမောင်နှံအင်ဒရူးနှင့်ရုဒ်ပိုလ်လတ်တို့ကပိုင်ဆိိုင်တာဖြစ်ပါတယ်။ကြက်ဖကြီးရဲ့နာမည်ကိုလည်းအင်္ဂလန်ဂိုးသမားပစ်ဖို့ဒ်ကိုဂုဏ်ပြုတဲ့အနေဖြင့်ဂျော်ဒန်ပစ်ဖို့ဒ်လိုဘဲအမည်ပေးထားတာပါ။
ယော့ခ်မြောက်ပိုင်းမှာနေထိုင်တဲ့သူတို့ဇနီးမောင်နှံတို့ဟာမျိုးဆက်ငါးဆက်တိုင်တိုင်လယ်ယာလုပ်ကိုင်လာကြသူများလည်းဖြစ်ပါတယ်။
ကြက်ဖကြီးပစ်ဖို့ဒ်ကိုအင်္ဂလန်အလံ၊ယူကရိန်းအလံပါဝင်တဲ့အစာခွက်နှစ်ခွက်မှာဘယ်ခွက်ကိုစားမလဲကြည့်ကာအင်္ဂလန်-ယူကရိန်းယူရိုကွာတားဖိုင်နယ်ပွဲအားခန့်မှန်းစေခဲ့တာပါ။
ပစ်ဖို့ဒ်ဟာအင်္ဂလန်အလံပါအစာခွက်ကိုစားခဲ့တဲ့အပြင်ယူကရိန်းအစာခွက်ထဲမှာအီးအီးပါပါခဲ့သေးတာတွေ့ရပါတယ်။
အင်္ဂလန်အသင်းဟာယူရို၂၀၂၀ပြိုင်ပွဲလေးပွဲကစားပြီးချိန်အထိဂိုးမပေးရခြင်းမရှိသေးပါဘူး။၎င်းတို့ဟာရဂိုးလည်းလေးဂိုးတည်းသာရှိပါသေးတယ်။
ZawGyi