ယူကရိန်းကို အားပေးတဲ့အစီအစဉ်လုပ်ဆောင်နေစဉ် အေဘရာမိုဗစ် အမည်ကို ထအော်တဲ့ ချဲလ်ဆီးပရိသတ်များကို တူချယ်ဝေဖန်

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာမနေ့ညတုန်းကဘန်လေနှင့်ပွဲစဉ်မတိုင်မီယူကရိန်းအားထောက်ခံအားပေးတဲ့အစီအစဉ်ပြုလုပ်နေစဉ်အသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ရဲ့အမည်ကိုအော်ဟစ်ခဲ့ကြတဲ့ချဲလ်ဆီးပရိသတ်များကိုဝေဖန်အပြစ်တင်လိုက်ပါတယ်။

မနေ့တုန်းကချဲလ်ဆီးကဘန်လေကို၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲကန်ခါနီးတွင်ရုရှားရဲ့ကျူးကျော်ခြင်းခံနေရတဲ့ယူကရိန်းကိုအားပေးတဲ့အနေဖြင့်တစ်မိနစ်ကြာလက်ခုပ်တီးခဲ့ပါတယ်။

ဒါပေမဲ့ယင်းအချိန်တွင်အဝေးကွင်းပရိသတ်များကအသင်းပိုင်ရှင်အေဘရာမိုဗစ်ရဲ့အမည်ကိုသံပြိုင်အော်ဟစ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ရုရှားဘီလျှံနာဟာရုရှားကယူကရိန်းကိုကျူးကျော်ပြီးစီးပွားရေးပိတ်ဆို့ခံရမယ့်အရေးနှင့်ကြုံနေရပြီးမကြာသေးမီတုန်းကချဲလ်ဆီးကိုရောင်းချတော့မှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

အေဘရာမိုဗစ်ဟာချဲလ်ဆီးကိုဦးဆောင်တဲ့၁၉နှစ်တာကာလအတွင်းမှာ ပေါင်၁.၅ဘီလီယံကျော်အသုံးပြုပေးခဲ့ပြီးဆုဖလား၁၉လုံးရယူပေးခဲ့ပါတယ်။

ဒါပေမဲ့တူချယ်က “ဒီအချိန်မှာဒါမျိုးမလုပ်သင့်ဘူး။နားထောင်ကြပါ။စည်းလုံးကြောင်းပြသချင်ရင်စည်းလုံးကြောင်းပြသရမယ်။အတူတကွရှိနေရမယ်။အတူတကွဒူးထောက်ကြတယ်။တကယ်လို့များကျွန်တော်တို့ကလပ်ကပဲဖြစ်ဖြစ်၊အခြားအသင်းပဲဖြစ်ဖြစ်အရေးပါတဲ့သူတစ်ယောက်သေဆုံးရင် ဝမ်းနည်းကြောင်းတစ်မိနစ်ပြသတယ်။အခြားမက်ဆေ့ပေးရမယ့်အချိန်မဟုတ်ပါဘူး။လေးစားမှုကိုပြသရမယ့်အချိန်ပါ။ကျွန်တော်တို့ကကလပ်တစ်ခုဖြစ်လို့ဒီလိုလုပ်တာပါ။ကလပ်တစ်ခုအနေနဲ့လေးစားကြောင်းပြတယ်၊ပြီးတော့ပရိသတ်တွေကလည်းတစ်မိနစ်ကြာလက်ခုပ်တီးတဲ့အချိန်မှာပါဝင်ရပါမယ်။အခုအချိန်မှာယူကရိန်းအတွက်လုပ်တာပါ။ဒီလိုအခြေအနေမျိုးမှာဒုတိယရွေးချယ်စရာမရှိပါဘူး”လို့ပြောကြားသွားပါတယ်။

ချဲလ်ဆီးဟာဘန်လေနှင့်ပွဲတွင်ပထမပိုင်းမှာဂိုးမရှိသရေကျနေပေမဲ့ဒုတိယပိုင်းတွင်ကိုင်ဟာဗတ်ဇ်ရဲ့သွင်းဂိုး၂ဂိုး၊ရီစီဂျိမ်းစ်၊ပူလီဆစ်တို့ရဲ့သွင်းဂိုးများကြောင့်၄-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ZawGyi

ယူကရိန္းကို အားေပးတဲ့အစီအစဥ္လုပ္ေဆာင္ေနစဥ္ ေအဘရာမိုဗစ္ အမည္ကို ထေအာ္တဲ့ ခ်ဲလ္ဆီးပရိသတ္မ်ားကို တူခ်ယ္ေဝဖန္

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ဟာမေန႔ညတုန္းကဘန္ေလႏွင့္ပြဲစဥ္မတိုင္မီယူကရိန္းအားေထာက္ခံအားေပးတဲ့အစီအစဥ္ျပဳလုပ္ေနစဥ္အသင္းပိုင္ရွင္႐ိုမန္ေအဘရာမိုဗစ္ရဲ႕အမည္ကိုေအာ္ဟစ္ခဲ့ၾကတဲ့ခ်ဲလ္ဆီးပရိသတ္မ်ားကိုေဝဖန္အျပစ္တင္လိုက္ပါတယ္။

မေန႔တုန္းကခ်ဲလ္ဆီးကဘန္ေလကို၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲကန္ခါနီးတြင္႐ုရွားရဲ႕က်ဴးေက်ာ္ျခင္းခံေနရတဲ့ယူကရိန္းကိုအားေပးတဲ့အေနျဖင့္တစ္မိနစ္ၾကာလက္ခုပ္တီးခဲ့ပါတယ္။

ဒါေပမဲ့ယင္းအခ်ိန္တြင္အေဝးကြင္းပရိသတ္မ်ားကအသင္းပိုင္ရွင္ေအဘရာမိုဗစ္ရဲ႕အမည္ကိုသံၿပိဳင္ေအာ္ဟစ္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

႐ုရွားဘီလွ်ံနာဟာ႐ုရွားကယူကရိန္းကိုက်ဴးေက်ာ္ၿပီးစီးပြားေရးပိတ္ဆို႔ခံရမယ့္အေရးႏွင့္ႀကဳံေနရၿပီးမၾကာေသးမီတုန္းကခ်ဲလ္ဆီးကိုေရာင္းခ်ေတာ့မွာျဖစ္ေၾကာင္းေၾကညာခဲ့ပါတယ္။

ေအဘရာမိုဗစ္ဟာခ်ဲလ္ဆီးကိုဦးေဆာင္တဲ့၁၉ႏွစ္တာကာလအတြင္းမွာ ေပါင္၁.၅ဘီလီယံေက်ာ္အသုံးျပဳေပးခဲ့ၿပီးဆုဖလား၁၉လုံးရယူေပးခဲ့ပါတယ္။

ဒါေပမဲ့တူခ်ယ္က “ဒီအခ်ိန္မွာဒါမ်ိဳးမလုပ္သင့္ဘူး။နားေထာင္ၾကပါ။စည္းလုံးေၾကာင္းျပသခ်င္ရင္စည္းလုံးေၾကာင္းျပသရမယ္။အတူတကြရွိေနရမယ္။အတူတကြဒူးေထာက္ၾကတယ္။တကယ္လို႔မ်ားကြၽန္ေတာ္တို႔ကလပ္ကပဲျဖစ္ျဖစ္၊အျခားအသင္းပဲျဖစ္ျဖစ္အေရးပါတဲ့သူတစ္ေယာက္ေသဆုံးရင္ ဝမ္းနည္းေၾကာင္းတစ္မိနစ္ျပသတယ္။အျခားမက္ေဆ့ေပးရမယ့္အခ်ိန္မဟုတ္ပါဘူး။ေလးစားမႈကိုျပသရမယ့္အခ်ိန္ပါ။ကြၽန္ေတာ္တို႔ကကလပ္တစ္ခုျဖစ္လို႔ဒီလိုလုပ္တာပါ။ကလပ္တစ္ခုအေနနဲ႔ေလးစားေၾကာင္းျပတယ္၊ၿပီးေတာ့ပရိသတ္ေတြကလည္းတစ္မိနစ္ၾကာလက္ခုပ္တီးတဲ့အခ်ိန္မွာပါဝင္ရပါမယ္။အခုအခ်ိန္မွာယူကရိန္းအတြက္လုပ္တာပါ။ဒီလိုအေျခအေနမ်ိဳးမွာဒုတိယေ႐ြးခ်ယ္စရာမရွိပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ခ်ဲလ္ဆီးဟာဘန္ေလႏွင့္ပြဲတြင္ပထမပိုင္းမွာဂိုးမရွိသေရက်ေနေပမဲ့ဒုတိယပိုင္းတြင္ကိုင္ဟာဗတ္ဇ္ရဲ႕သြင္းဂိုး၂ဂိုး၊ရီစီဂ်ိမ္းစ္၊ပူလီဆစ္တို႔ရဲ႕သြင္းဂိုးမ်ားေၾကာင့္၄-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။