ယူကရိန်းကို အားပေးတဲ့ အစီအစဉ်ပြုလုပ်နေစဉ် ရိုမန်အေဘရာမိုဗစ် အမည်ကို အော်ဟစ်ခဲ့တဲ့ ချဲလ်ဆီးပရိသတ်များကို ဒုတိယဝန်ကြီးချုပ်ဝေဖန်

ဒုတိယဝန်ကြီးချုပ်ဒိုမီနစ်ရက်ဘ်ဟာ ယူကရိန်းအားထောက်ခံအားပေးတဲ့အစီအစဉ်ပြုလုပ်နေစဉ်အသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ရဲ့အမည်ကိုအော်ဟစ်ခဲ့တဲ့ချဲလ်ဆီးပရိသတ်များရဲ့လုပ်ရပ်ကိုအပြင်းအထန်ဝေဖန်လိုက်ပါတယ်။

ဘန်လေနှင့်ချဲလ်ဆီးပွဲမတိုင်မီရုရှားရဲ့ကျူးကျော်စစ်ဆင်နွဲခံရတဲ့ယူကရိန်းကို အားပေးတဲ့အနေဖြင့်တစ်မိနစ်ကြာလက်ခုပ်တီးခဲ့ကြပါတယ်။ဒါပေမဲ့ယင်းအချိန်တွင်ချဲလ်ဆီးပရိသတ်များကိုမကြာသေးမီတုန်းကအသင်းကိုအရောင်းစာရင်းတင်ခဲ့တဲ့ရိုမန်အေဘရာမိုဗစ်ရဲ့အမည်ကိုအော်ဟစ်ခဲ့ကြပါတယ်။

ရုရှားဘီလျှံနာဟာဗလာဒီမာပူတင်ရဲ့ယူကရိန်းကျူးကျော်စစ်ကြောင့်အရေးယူပိတ်ဆို့ခံရမယ့်အခြေအနေတွင်ရှိနေမှုနဲ့အတူ ၁၉နှစ်ကြာဦးဆောင်လာခဲ့တဲ့ချဲလ်ဆီးကိုရောင်းချရန်စီစဉ်လိုက်တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်ဟာပရိသတ်များရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီးဘန်လေကို၄-၀ဖြင့်အနိုင်ရရှိပြီးနောက်ဝေဖန်ပြောဆိုမှုပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

ချဲလ်ဆီးပရိသတ်တစ်ဦးလည်းဖြစ်တဲ့ဒုတိယဝန်ကြီးချုပ်က “ကျုပ်လည်းချဲလ်ဆီးပရိသတ်တစ်ဦးပါ။ဒါပေမဲ့ဒါကတော့လုံးဝမှားတယ်။ပရိသတ်အနည်းအကျဉ်းလောက်ကပဲလုပ်တာပါ။တူချယ် ရှေ့ထွက်လာပြီးပြောတာမှန်တယ်။ဒီလက်ခံနိုင်စရာမရှိတဲ့အလုပ်ကိုရှင်းလင်းတာမှန်တယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ယူကရိန္းကို အားေပးတဲ့ အစီအစဥ္ျပဳလုပ္ေနစဥ္ ႐ိုမန္ေအဘရာမိုဗစ္ အမည္ကို ေအာ္ဟစ္ခဲ့တဲ့ ခ်ဲလ္ဆီးပရိသတ္မ်ားကို ဒုတိယဝန္ႀကီးခ်ဳပ္ေဝဖန္

ဒုတိယဝန္ႀကီးခ်ဳပ္ဒိုမီနစ္ရက္ဘ္ဟာ ယူကရိန္းအားေထာက္ခံအားေပးတဲ့အစီအစဥ္ျပဳလုပ္ေနစဥ္အသင္းပိုင္ရွင္႐ိုမန္ေအဘရာမိုဗစ္ရဲ႕အမည္ကိုေအာ္ဟစ္ခဲ့တဲ့ခ်ဲလ္ဆီးပရိသတ္မ်ားရဲ႕လုပ္ရပ္ကိုအျပင္းအထန္ေဝဖန္လိုက္ပါတယ္။

ဘန္ေလႏွင့္ခ်ဲလ္ဆီးပြဲမတိုင္မီ႐ုရွားရဲ႕က်ဴးေက်ာ္စစ္ဆင္ႏြဲခံရတဲ့ယူကရိန္းကို အားေပးတဲ့အေနျဖင့္တစ္မိနစ္ၾကာလက္ခုပ္တီးခဲ့ၾကပါတယ္။ဒါေပမဲ့ယင္းအခ်ိန္တြင္ခ်ဲလ္ဆီးပရိသတ္မ်ားကိုမၾကာေသးမီတုန္းကအသင္းကိုအေရာင္းစာရင္းတင္ခဲ့တဲ့႐ိုမန္ေအဘရာမိုဗစ္ရဲ႕အမည္ကိုေအာ္ဟစ္ခဲ့ၾကပါတယ္။

႐ုရွားဘီလွ်ံနာဟာဗလာဒီမာပူတင္ရဲ႕ယူကရိန္းက်ဴးေက်ာ္စစ္ေၾကာင့္အေရးယူပိတ္ဆို႔ခံရမယ့္အေျခအေနတြင္ရွိေနမႈနဲ႔အတူ ၁၉ႏွစ္ၾကာဦးေဆာင္လာခဲ့တဲ့ခ်ဲလ္ဆီးကိုေရာင္းခ်ရန္စီစဥ္လိုက္တာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးနည္းျပတူခ်ယ္ဟာပရိသတ္မ်ားရဲ႕လုပ္ရပ္နဲ႔ပတ္သက္ၿပီးဘန္ေလကို၄-၀ျဖင့္အႏိုင္ရရွိၿပီးေနာက္ေဝဖန္ေျပာဆိုမႈျပဳလုပ္ခဲ့ၿပီးျဖစ္ပါတယ္။

ခ်ဲလ္ဆီးပရိသတ္တစ္ဦးလည္းျဖစ္တဲ့ဒုတိယဝန္ႀကီးခ်ဳပ္က “က်ဳပ္လည္းခ်ဲလ္ဆီးပရိသတ္တစ္ဦးပါ။ဒါေပမဲ့ဒါကေတာ့လုံးဝမွားတယ္။ပရိသတ္အနည္းအက်ဥ္းေလာက္ကပဲလုပ္တာပါ။တူခ်ယ္ ေရွ႕ထြက္လာၿပီးေျပာတာမွန္တယ္။ဒီလက္ခံႏိုင္စရာမရွိတဲ့အလုပ္ကိုရွင္းလင္းတာမွန္တယ္”လို႔ေျပာၾကားသြားပါတယ္။