ယူကရိန်းကျူးကျော်စစ်ကြောင့် နည်းပြဖာကီနုတ်ထွက်သွားပြီးနောက် နိုင်ငံခြားသားကစားသမား ၈ ဦးရဲ့စာချုပ်ကို ရုရှားကလပ်ခရက်စ်နိုဒါရပ်ဆိုင်း

ရုရှားဘောလုံးကလပ်ခရက်စ်နိုဒါဟာရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ကြောင့် နည်းပြဒါနီရယ်ဖာကီနုတ်ထွက်သွားပြီးနောက် နိုင်ငံခြားသားကစားသမားများရဲ့စာချုပ်ကိုလည်းရပ်ဆိုင်းလိုက်ပြီး ကစားသမားများကို သီးသန့်လေ့ကျင့်ခန်းဆင်းစေလျက်ရှိပါတယ်။

ခရက်စ်နိုဒါဟာနိုင်ငံခြားသားကစားသမားများရဲ့စာချုပ်အားရပ်ဆိုင်းလိုက်ခြင်းရဲ့အကြောင်းရင်းကိုကြေညာသွားခဲ့ခြင်းမရှိပါဘူး။

ဒါပေမဲ့ခရက်စ်နိုဒါဟာပထမအသင်းမှကစားသမားအမြောက်အမြားမရှိတော့မှုနဲ့အတူလိဂ်ပွဲစဉ်အားလူအပြည့်ဖြင့်ကစားနိုင်ခြင်းမရှိတော့ပါဘူး။

ပြီးခဲ့တဲ့အပတ်တုန်းကလည်းလေဆိပ်ပိတ်ထားခြင်းကြောင့် ယင်းအသင်းဟာခရီးသွားခဲ့ခြင်းမရှိပါဘူး။ယင်းသို့အခြေအနေများကြောင့်ကလပ်ဟာကစားသမားများရဲ့စာချုပ်ကိုရပ်ဆိုင်းလိုက်တာလို့ယုံကြည်ရပါတယ်။

ခရက်စ်နိုဒါနဲ့စာချုပ်ရပ်ဆိုင်းလိုက်တဲ့ကစားသမားများထဲတွင်နယူးကာဆယ်အလယ်တန်းကစားသမားဟောင်းရီမီကာဘယ်လာလည်းပါဝင်ကြောင်းသိရပါတယ်။ဒါ့အပြင်ဩဂုတ်လကမှ၃နှစ်စာချုပ်ဖြင့်ရောက်လာတဲ့ ပီအက်စ်ဂျီ၊ဆီဗီလာနှင့်ဝက်စ်ဘရွန်းကစားသမားဟောင်းဂရီဂေါ်ခရိုင်ချောဝီယာလည်းပါဝင်သလိုလွန်ခဲ့တဲ့ခြောက်လကမှပေါင်၁၆.၅သန်းဖြင့်ပြောင်းလာတဲ့ဂျွန်ကိုဒိုဘာအပြင်အဲရစ်ဘိုသိမ်း၊ခရစ္စတီယန်ရာမီရက်ဇ်၊ကောင်း၊ဝန်ဒါဆင်၊ဗစ်တာခလစ်ဆင်၊ဂျူနီယာအလွန်ဆိုတို့ပါဝင်ပါတယ်။

ဒါပေမဲ့အာမေးနီးယားကစားသမားအက်ဒူယတ်စပါယန်မှာနိုင်ငံခြားသားကစားသမားများထဲတွင်ပါဝင်ပေမဲ့ခရက်စ်နိုဒါတွင်ဆက်လက်ရှိနေဖို့ရှိနေသလိုဘီလာရုစ်အသင်းခေါင်းဆောင်နှင့်ကလပ်အသင်းခေါင်းဆောင်အေလိုင်ဇန္ဒာမာတိုင်နိုဗစ်မှာဆက်ရှိနေပါမယ်။

ZawGyi

ယူကရိန္းက်ဴးေက်ာ္စစ္ေၾကာင့္ နည္းျပဖာကီႏုတ္ထြက္သြားၿပီးေနာက္ ႏိုင္ငံျခားသားကစားသမား ၈ ဦးရဲ႕စာခ်ဳပ္ကို ႐ုရွားကလပ္ခရက္စ္ႏိုဒါရပ္ဆိုင္း

႐ုရွားေဘာလုံးကလပ္ခရက္စ္ႏိုဒါဟာ႐ုရွားရဲ႕ယူကရိန္းက်ဴးေက်ာ္စစ္ေၾကာင့္ နည္းျပဒါနီရယ္ဖာကီႏုတ္ထြက္သြားၿပီးေနာက္ ႏိုင္ငံျခားသားကစားသမားမ်ားရဲ႕စာခ်ဳပ္ကိုလည္းရပ္ဆိုင္းလိုက္ၿပီး ကစားသမားမ်ားကို သီးသန႔္ေလ့က်င့္ခန္းဆင္းေစလ်က္ရွိပါတယ္။

ခရက္စ္ႏိုဒါဟာႏိုင္ငံျခားသားကစားသမားမ်ားရဲ႕စာခ်ဳပ္အားရပ္ဆိုင္းလိုက္ျခင္းရဲ႕အေၾကာင္းရင္းကိုေၾကညာသြားခဲ့ျခင္းမရွိပါဘူး။

ဒါေပမဲ့ခရက္စ္ႏိုဒါဟာပထမအသင္းမွကစားသမားအေျမာက္အျမားမရွိေတာ့မႈနဲ႔အတူလိဂ္ပြဲစဥ္အားလူအျပည့္ျဖင့္ကစားႏိုင္ျခင္းမရွိေတာ့ပါဘူး။

ၿပီးခဲ့တဲ့အပတ္တုန္းကလည္းေလဆိပ္ပိတ္ထားျခင္းေၾကာင့္ ယင္းအသင္းဟာခရီးသြားခဲ့ျခင္းမရွိပါဘူး။ယင္းသို႔အေျခအေနမ်ားေၾကာင့္ကလပ္ဟာကစားသမားမ်ားရဲ႕စာခ်ဳပ္ကိုရပ္ဆိုင္းလိုက္တာလို႔ယုံၾကည္ရပါတယ္။

ခရက္စ္ႏိုဒါနဲ႔စာခ်ဳပ္ရပ္ဆိုင္းလိုက္တဲ့ကစားသမားမ်ားထဲတြင္နယူးကာဆယ္အလယ္တန္းကစားသမားေဟာင္းရီမီကာဘယ္လာလည္းပါဝင္ေၾကာင္းသိရပါတယ္။ဒါ့အျပင္ဩဂုတ္လကမွ၃ႏွစ္စာခ်ဳပ္ျဖင့္ေရာက္လာတဲ့ ပီအက္စ္ဂ်ီ၊ဆီဗီလာႏွင့္ဝက္စ္ဘ႐ြန္းကစားသမားေဟာင္းဂရီေဂၚခ႐ိုင္ေခ်ာဝီယာလည္းပါဝင္သလိုလြန္ခဲ့တဲ့ေျခာက္လကမွေပါင္၁၆.၅သန္းျဖင့္ေျပာင္းလာတဲ့ဂြၽန္ကိုဒိုဘာအျပင္အဲရစ္ဘိုသိမ္း၊ခရစၥတီယန္ရာမီရက္ဇ္၊ေကာင္း၊ဝန္ဒါဆင္၊ဗစ္တာခလစ္ဆင္၊ဂ်ဴနီယာအလြန္ဆိုတို႔ပါဝင္ပါတယ္။

ဒါေပမဲ့အာေမးနီးယားကစားသမားအက္ဒူယတ္စပါယန္မွာႏိုင္ငံျခားသားကစားသမားမ်ားထဲတြင္ပါဝင္ေပမဲ့ခရက္စ္ႏိုဒါတြင္ဆက္လက္ရွိေနဖို႔ရွိေနသလိုဘီလာ႐ုစ္အသင္းေခါင္းေဆာင္ႏွင့္ကလပ္အသင္းေခါင္းေဆာင္ေအလိုင္ဇႏၵာမာတိုင္ႏိုဗစ္မွာဆက္ရွိေနပါမယ္။