ယူကရိန်းကျူးကျော်စစ်တွင် စစ်မှုထမ်းရန် ပူတင်ရဲ့ဆင့်ခေါ်ခြင်းခံခဲ့ရတဲ့ ပရီးမီးယားလိဂ်စတားဟောင်း

အဲဗာတန်စတားဟောင်းဒီနီယာဘယ်ယာလက်ဒီနော့ဗ်ဟာယူကရိန်းရှေ့တန်းသို့ပို့ရန်ရုရှားစစ်တပ်တွင်စစ်မှုထမ်းဆောင်ရန်ပူတင်ရဲ့ဆင့်ခေါ်ခြင်းခံခဲ့ရကြောင်းသိရပါတယ်။

ပူတင်ဟာယူကရိန်းရှေ့တန်းစစ်မျက်နှာပြင်တွင်အခြေမလှဖြစ်ပြီးနောက်စစ်သားသစ်၃သိန်းအထိထပ်မံစုဆောင်းမှုပြုလုပ်ခဲ့ပါတယ်။

ဘယ်ယာလက်ဒီနော့ဗ်ဟာရုရှားစစ်တပ်တွင်လွန်ခဲ့တဲ့၁၉နှစ်တုန်းကလည်းတာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီးအသက်၃၇နှစ်အရွယ်သို့ရောက်နေပြီဖြစ်ပေမဲ့လည်း ရုရှားရဲ့တပ်စုဆောင်းမှုတွင်ပါဝင်သွားခဲ့တာဖြစ်ပါတယ်။

ရုရှားဥပဒေအရအသက်၃၅နှစ်အရွယ်အထိသာတပ်တွင်တာဝန်ထမ်းဆောင်ရန်စစ်သားစုဆောင်းခွင့်ရှိပေမဲ့လည်းအသက်၃၇နှစ်ရှိဘယ်ယာဒီနော့ဗ်မှာမှားယွင်းစုဆောင်းခံရတာလို့ယူဆရပါတယ်။

ဖခင်ဖြစ်သူရီနတ်က “ဒီနီယာ တပ်စုဆောင်းမှုမှာပါသွားတယ်။ခံစားချက်နဲ့ပတ်သက်ပြီးပြောဖို့ခက်တယ်။သူကစစ်တပ်မှာတာဝန်ထမ်းဆောင်ခဲ့ဖူးပြီးသားပါ။ဒါပေမဲ့အားကစားတစ်ခုကြောင့်မျက်နှာသာပေးခံခဲ့ရတယ်။ဒါကလည်းလွန်ခဲ့တဲ့၁၉နှစ်တုန်းကပါ။သူဒီနှစ်မှာလည်းကတိသစ္စာပြုထားတယ်။ဒါပေမဲ့အားကစားဘက်မှာထမ်းဆောင်ခဲ့တယ်။ဥပဒေအရတော့အသက်၃၅နှစ်အရွယ်အထိပဲစုဆောင်းနိုင်တယ်။သူက၃၇နှစ်ရှိပြီ။ဒီနေရာမှလွဲနေတာတချို့ရှိနိုင်တယ်။အခုသူဟာတစ်ခုခုမှားနေသလားရှာပါလိမ့်မယ်။မဟုတ်ရင်လည်းစောစောစီးစီးပြန်အပို့ခံရပါလိမ့်မယ်။ဘာမဆိုဖြစ်လာနိုင်တယ်”လို့ပြောကြားသွားပါတယ်။

ဘယ်ယာလက်ဒီနော့ဗ်ဟာ၂၀၀၉ခုနှစ်တုန်းကအဲဗာတန်သို့ပြောင်းခဲ့ပြီးနောက်သုံးရာသီအတွင်းတွင်၅၉ပွဲတည်းသာကစားခွင့်ရခဲ့ပါတယ်။သူဟာအဲဗာတန်ပထမအသင်းတွင်နေရာပျောက်ဆုံးပြီးနောက်ထွက်ခွာခဲ့ရပါတယ်။

သူဟာအဲဗာတန်တွင်ကစားစဉ်အတွင်းယူနိုက်တက်ဘက်သို့သွင်းတဲ့ဂိုးအပါအဝင်၈ဂိုးသွင်းနိုင်ခဲ့ပါတယ်။သူဟာရုရှားလက်ရွေးစင်အသင်းနှင့်အတူယူရို၂၀၀၈ပြိုင်ပွဲတွင်တတိယရရှိခဲ့ဖူးပါတယ်။

The Sun ရဲ့ဖော်ပြချက်အရရုရှားဘောလုံးအဖွဲ့ချုပ်တွင်တာဝန်ထမ်းဆောင်နေတဲ့လူငါးဦးတို့မှာလည်း ပူတင်ရဲ့ရုရှားစစ်တပ်တွင်တာဝန်ထမ်းဆောင်ရန်ဆင့်ခေါ်ခြင်းခံခဲ့ရကြောင်းသိရပါတယ်။ဒါပေမဲ့၎င်းတို့ဟာ Kyrgyz ကိုအနိုင်ရရှိတဲ့ပွဲအပြီးတွင်နေအိမ်သို့မပြန်တော့ဘဲရုရှားစစ်တပ်တွင်တာဝန်ထမ်းဆောင်ရေးမှရှောင်လွဲနိုင်ရန်ကြိုးပမ်းခဲ့ကြပါတယ်။

ZawGyi

ယူကရိန္းက်ဴးေက်ာ္စစ္တြင္ စစ္မႈထမ္းရန္ ပူတင္ရဲ႕ဆင့္ေခၚျခင္းခံခဲ့ရတဲ့ ပရီးမီးယားလိဂ္စတားေဟာင္း

အဲဗာတန္စတားေဟာင္းဒီနီယာဘယ္ယာလက္ဒီေနာ့ဗ္ဟာယူကရိန္းေရွ႕တန္းသို႔ပို႔ရန္႐ုရွားစစ္တပ္တြင္စစ္မႈထမ္းေဆာင္ရန္ပူတင္ရဲ႕ဆင့္ေခၚျခင္းခံခဲ့ရေၾကာင္းသိရပါတယ္။

ပူတင္ဟာယူကရိန္းေရွ႕တန္းစစ္မ်က္ႏွာျပင္တြင္အေျခမလွျဖစ္ၿပီးေနာက္စစ္သားသစ္၃သိန္းအထိထပ္မံစုေဆာင္းမႈျပဳလုပ္ခဲ့ပါတယ္။

ဘယ္ယာလက္ဒီေနာ့ဗ္ဟာ႐ုရွားစစ္တပ္တြင္လြန္ခဲ့တဲ့၁၉ႏွစ္တုန္းကလည္းတာဝန္ထမ္းေဆာင္ခဲ့ဖူးသူျဖစ္ၿပီးအသက္၃၇ႏွစ္အ႐ြယ္သို႔ေရာက္ေနၿပီျဖစ္ေပမဲ့လည္း ႐ုရွားရဲ႕တပ္စုေဆာင္းမႈတြင္ပါဝင္သြားခဲ့တာျဖစ္ပါတယ္။

႐ုရွားဥပေဒအရအသက္၃၅ႏွစ္အ႐ြယ္အထိသာတပ္တြင္တာဝန္ထမ္းေဆာင္ရန္စစ္သားစုေဆာင္းခြင့္ရွိေပမဲ့လည္းအသက္၃၇ႏွစ္ရွိဘယ္ယာဒီေနာ့ဗ္မွာမွားယြင္းစုေဆာင္းခံရတာလို႔ယူဆရပါတယ္။

ဖခင္ျဖစ္သူရီနတ္က “ဒီနီယာ တပ္စုေဆာင္းမႈမွာပါသြားတယ္။ခံစားခ်က္နဲ႔ပတ္သက္ၿပီးေျပာဖို႔ခက္တယ္။သူကစစ္တပ္မွာတာဝန္ထမ္းေဆာင္ခဲ့ဖူးၿပီးသားပါ။ဒါေပမဲ့အားကစားတစ္ခုေၾကာင့္မ်က္ႏွာသာေပးခံခဲ့ရတယ္။ဒါကလည္းလြန္ခဲ့တဲ့၁၉ႏွစ္တုန္းကပါ။သူဒီႏွစ္မွာလည္းကတိသစၥာျပဳထားတယ္။ဒါေပမဲ့အားကစားဘက္မွာထမ္းေဆာင္ခဲ့တယ္။ဥပေဒအရေတာ့အသက္၃၅ႏွစ္အ႐ြယ္အထိပဲစုေဆာင္းႏိုင္တယ္။သူက၃၇ႏွစ္ရွိၿပီ။ဒီေနရာမွလြဲေနတာတခ်ိဳ႕ရွိႏိုင္တယ္။အခုသူဟာတစ္ခုခုမွားေနသလားရွာပါလိမ့္မယ္။မဟုတ္ရင္လည္းေစာေစာစီးစီးျပန္အပို႔ခံရပါလိမ့္မယ္။ဘာမဆိုျဖစ္လာႏိုင္တယ္”လို႔ေျပာၾကားသြားပါတယ္။

ဘယ္ယာလက္ဒီေနာ့ဗ္ဟာ၂၀၀၉ခုႏွစ္တုန္းကအဲဗာတန္သို႔ေျပာင္းခဲ့ၿပီးေနာက္သုံးရာသီအတြင္းတြင္၅၉ပြဲတည္းသာကစားခြင့္ရခဲ့ပါတယ္။သူဟာအဲဗာတန္ပထမအသင္းတြင္ေနရာေပ်ာက္ဆုံးၿပီးေနာက္ထြက္ခြာခဲ့ရပါတယ္။

သူဟာအဲဗာတန္တြင္ကစားစဥ္အတြင္းယူႏိုက္တက္ဘက္သို႔သြင္းတဲ့ဂိုးအပါအဝင္၈ဂိုးသြင္းႏိုင္ခဲ့ပါတယ္။သူဟာ႐ုရွားလက္ေ႐ြးစင္အသင္းႏွင့္အတူယူ႐ို၂၀၀၈ၿပိဳင္ပြဲတြင္တတိယရရွိခဲ့ဖူးပါတယ္။

The Sun ရဲ႕ေဖာ္ျပခ်က္အရ႐ုရွားေဘာလုံးအဖြဲ႕ခ်ဳပ္တြင္တာဝန္ထမ္းေဆာင္ေနတဲ့လူငါးဦးတို႔မွာလည္း ပူတင္ရဲ႕႐ုရွားစစ္တပ္တြင္တာဝန္ထမ္းေဆာင္ရန္ဆင့္ေခၚျခင္းခံခဲ့ရေၾကာင္းသိရပါတယ္။ဒါေပမဲ့၎တို႔ဟာ Kyrgyz ကိုအႏိုင္ရရွိတဲ့ပြဲအၿပီးတြင္ေနအိမ္သို႔မျပန္ေတာ့ဘဲ႐ုရွားစစ္တပ္တြင္တာဝန္ထမ္းေဆာင္ေရးမွေရွာင္လြဲႏိုင္ရန္ႀကိဳးပမ္းခဲ့ၾကပါတယ္။