
ချဲလ်ဆီးဟာယူကရိန်းကဆန်ရှင်လုပ်လာတဲ့လောင်းကစားကုမ္ပဏီ Parimatch Tech နှင့်စပွန်ဆာစာချုပ်အားပြန်လည်ဆန်းစစ်မှုပြုလုပ်နေပါတယ်။
ချဲလ်ဆီးအသင်းပိုင်ရှင်တော့ဒ်ဘိုလေး ရှယ်ယာပိုင်ဆိုင်ထားတဲ့ Parimatch နှင့် Sportradar AG တို့ကို ယူကရိန်းသမ္မတဇီလန်စကီးကယူကရိန်းနိုင်ငံအတွင်းတွင်စီးပွားရေးလုပ်ဆောင်ခွင့်၊ငွေကြေးဆိုင်ရာလုပ်ဆောင်ခွင့်နှစ်ပေါင်း၅၀အထိပိတ်ပင်လာပါတယ်။
ဘိုလေးဟာလွန်ခဲ့တဲ့၁၈လတုန်းကပေါင်သန်း၁၂၀အသုံးပြုကာရှယ်ယာများကိုဝယ်ယူထားတာဖြစ်ပါတယ်။ Parimatch ဟာချဲလ်ဆီးနှင့်သုံးနှစ်စပွန်ဆာစာချုပ်ချုပ်ဆိုထားပါတယ်။စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင် Parimatch လိုဂိုအား LED စနစ်ဖြင့်ပြသထားပါတယ်။
ယူကရိန်းအစိုးရဟာပြီးခဲ့တဲ့သောကြာနေ့တုန်းကဆန်ရှင်လုပ်လာတဲ့ ကုမ္ပဏီ၂၈၀တို့ကိုကြေညာခဲ့ရာမှာယင်းကုမ္ပဏီများလည်းပါဝင်လာပါတယ်။
Parimatch နှင့် Sportradar AG တို့ဟာယူကရိန်းကိုကျူးကျော်စစ်ဆင်နွဲပြီးချိန်တွင်လည်းရုရှားတွင်စီးပွားရေးလုပ်ဆောင်နေမှုနှင့်အတူဆန်ရှင်အလုပ်ခံလာရတာဖြစ်ပါတယ်။
ဒါကြောင့်လည်းချဲလ်ဆီးအသင်းတာဝန်ရှိသူများဟာ Parimatch နှင့်ချုပ်ဆိုထားတဲ့စပွန်ဆာစာချုပ်ချုပ်ကိုပြန်လည်သုံးသပ်မှုများပြုလုပ်နေပြီဖြစ်ပါတယ်။ Parimatch ဟာချဲလ်ဆီးအပြင်အခြားပရီးမီးယားလိဂ်ကလပ်များဖြစ်ကြတဲ့နယူးကာဆယ်၊ဗီလာနှင့်လက်စတာတို့ကိုလည်းစပွန်ဆာပေးထားပါသေးတယ်။
တဖက်တွင်ယူအီးအက်ဖ်အေဟာလည်းချန်ပီယံလိဂ်၊ယူရိုပါလိဂ်နှင့်ယူရို၂၀၂၄ပြိုင်ပွဲတို့အတွက်လောင်းကစားစပွန်ဆာအဖြစ်ရယူထားတဲ့ Sportradar နှင့်စာချုပ်ကိုပြန်လည်သုံးသပ်မှုပြုလုပ်နေပါတယ်။
ZawGyi
ယူကရိန္းက ဆန္ရွင္လုပ္ထားတဲ့ ကုမၸဏီႏွင့္ ဆက္စပ္ေနတဲ့ ခ်ဲလ္ဆီးပိုင္ရွင္ေတာ့ဒ္ဘိုေလး
ခ်ဲလ္ဆီးဟာယူကရိန္းကဆန္ရွင္လုပ္လာတဲ့ေလာင္းကစားကုမၸဏီ Parimatch Tech င့္စပြန္ဆာစာခ်ဳပ္အားျပန္လည္ဆန္းစစ္မႈျပဳလုပ္ေနပါတယ္။
ခ်ဲလ္ဆီးအသင္းပိုင္ရွင္ေတာ့ဒ္ဘိုေလး ရွယ္ယာပိုင္ဆိုင္ထားတဲ့ Parimatch ႏွင့္ Sportradar AG တို႔ကို ယူကရိန္းသမၼတဇီလန္စကီးကယူကရိန္းႏိုင္ငံအတြင္းတြင္စီးပြားေရးလုပ္ေဆာင္ခြင့္၊ေငြေၾကးဆိုင္ရာလုပ္ေဆာင္ခြင့္ႏွစ္ေပါင္း၅၀အထိပိတ္ပင္လာပါတယ္။
ဘိုေလးဟာလြန္ခဲ့တဲ့၁၈လတုန္းကေပါင္သန္း၁၂၀အသုံးျပဳကာရွယ္ယာမ်ားကိုဝယ္ယူထားတာျဖစ္ပါတယ္။ Parimatch ဟာခ်ဲလ္ဆီးႏွင့္သုံးႏွစ္စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုထားပါတယ္။စတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းတြင္ Parimatch လိုဂိုအား LED စနစ္ျဖင့္ျပသထားပါတယ္။
ယူကရိန္းအစိုးရဟာၿပီးခဲ့တဲ့ေသာၾကာေန႔တုန္းကဆန္ရွင္လုပ္လာတဲ့ ကုမၸဏီ၂၈၀တို႔ကိုေၾကညာခဲ့ရာမွာယင္းကုမၸဏီမ်ားလည္းပါဝင္လာပါတယ္။
Parimatch ႏွင့္ Sportradar AG တို႔ဟာယူကရိန္းကိုက်ဴးေက်ာ္စစ္ဆင္ႏြဲၿပီးခ်ိန္တြင္လည္း႐ုရွားတြင္စီးပြားေရးလုပ္ေဆာင္ေနမႈႏွင့္အတူဆန္ရွင္အလုပ္ခံလာရတာျဖစ္ပါတယ္။
ဒါေၾကာင့္လည္းခ်ဲလ္ဆီးအသင္းတာဝန္ရွိသူမ်ားဟာ Parimatch ႏွင့္ခ်ဳပ္ဆိုထားတဲ့စပြန္ဆာစာခ်ဳပ္ခ်ဳပ္ကိုျပန္လည္သုံးသပ္မႈမ်ားျပဳလုပ္ေနၿပီျဖစ္ပါတယ္။ Parimatch ဟာခ်ဲလ္ဆီးအျပင္အျခားပရီးမီးယားလိဂ္ကလပ္မ်ားျဖစ္ၾကတဲ့နယူးကာဆယ္၊ဗီလာႏွင့္လက္စတာတို႔ကိုလည္းစပြန္ဆာေပးထားပါေသးတယ္။
တဖက္တြင္ယူအီးအက္ဖ္ေအဟာလည္းခ်န္ပီယံလိဂ္၊ယူ႐ိုပါလိဂ္ႏွင့္ယူ႐ို၂၀၂၄ၿပိဳင္ပြဲတို႔အတြက္ေလာင္းကစားစပြန္ဆာအျဖစ္ရယူထားတဲ့ Sportradar ႏွင့္စာခ်ဳပ္ကိုျပန္လည္သုံးသပ္မႈျပဳလုပ္ေနပါတယ္။