
ဝက်စ်ဟမ်းစတားအင်ဒရေယာမိုလန်ကိုဟာယူကရိန်းစစ်ပွဲမှထွက်ပြေးလာခဲ့ကြတဲ့သူ့ရဲ့မိသားစုဝင်များကိုပိုလန်သို့သွားရောက်ခေါ်ဆောင်သွားပါမယ်။
အထက်ပါသတင်းကို ဝက်စ်ဟမ်းရှေ့တန်းကစားသမားရဲ့လက်ရွေးစင်ကစားဖော်ဟောင်းနှင့်မန်နေဂျာဟောင်းအင်ဒရေရှက်ဗ်ချင်ကိုကပြောကြားလာတာလည်းဖြစ်ပါတယ်။
အသက်၃၂နှစ်ရှိယာမိုလန်ကိုဟာရုရှားကသူ့မွေးရပ်မြေ ယူကရိန်းကိုကျူးကျော်စစ်ဆင်နွဲလာပြီးနောက် ဝက်စ်ဟမ်းအသင်းရဲ့အနားပေးခြင်းခံထားရသူလည်းဖြစ်ပါတယ်။
သူဟာတနင်္ဂနွေနေ့တုန်းကဝုဗ်ကိုအနိုင်ရရှိတဲ့ပွဲအပြင် ဆောက်သမ်တန်ကိုရှုံးနိမ့်တဲ့အက်ဖ်အေဖလားပွဲစဉ်မှာလည်း ပါဝင်မကစားနိုင်ခဲ့ပါဘူး။
ချဲလ်ဆီးတိုက်စစ်မှူးဟောင်းရှက်ဗ်ချင်ကိုက “သူ့ဇနီးကကလေးတစ်ဦးနဲ့ ယူကရိန်းမှာရှိနေခဲ့တာ။သူတို့နယ်စပ်ကိုကျော်ပြီးပိုလန်သို့ဝင်ရောက်လာခဲ့ပါပြီ။ဘုရားသခင်စောင်မတော်မူပါ။အင်ဒရေဟာပိုလန်သို့သွားပြီးသူ့ဇနီးကိုခေါ်ပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။
ယာမိုလန်ကိုဟာမကြာသေးမီတုန်းက ဗလာဒီမာပူတင်ရဲ့ယူကရိန်းကျူးကျော်စစ်ဆင်နွဲမှုအား လူသိရှင်ကြားကန့်ကွက်ကြရန်တောင်းဆိုခဲ့သူလည်းဖြစ်ပါတယ်။ဒါပေမဲ့ ရုရှားအသင်းခေါင်းဆောင်အာတမ်ဒီဇူဘာကမူ မှတ်ချက်ပြုရန် ငြင်းဆိုထားပါတယ်။
လက်ရှိအချိန်တွင်ဖီဖာနှင့်ယူအီးအက်ဖ်အေတို့ဟာရုရှားလက်ရွေးစင်အသင်းများနှင့်ကလပ်များကို မည်သည့်ပြိုင်ပွဲမှယှဉ်ပြိုင်ခွင့်မပြုရန် ပိတ်ပင်မှုပြုလုပ်ထားပါတယ်။
ZawGyi
ယူကရိန္းစစ္ပြဲမွ ထြက္ေျပးလာတဲ့ မိသားစုမ်ားကို ပိုလန္သို႔ သြားေရာက္ ေခၚေဆာင္မယ့္ ဝက္စ္ဟမ္းစတားယာမိုလန္ကို
ဝက္စ္ဟမ္းစတားအင္ဒေရယာမိုလန္ကိုဟာယူကရိန္းစစ္ပြဲမွထြက္ေျပးလာခဲ့ၾကတဲ့သူ႔ရဲ႕မိသားစုဝင္မ်ားကိုပိုလန္သို႔သြားေရာက္ေခၚေဆာင္သြားပါမယ္။
အထက္ပါသတင္းကို ဝက္စ္ဟမ္းေရွ႕တန္းကစားသမားရဲ႕လက္ေ႐ြးစင္ကစားေဖာ္ေဟာင္းႏွင့္မန္ေနဂ်ာေဟာင္းအင္ဒေရရွက္ဗ္ခ်င္ကိုကေျပာၾကားလာတာလည္းျဖစ္ပါတယ္။
အသက္၃၂ႏွစ္ရွိယာမိုလန္ကိုဟာ႐ုရွားကသူ႔ေမြးရပ္ေျမ ယူကရိန္းကိုက်ဴးေက်ာ္စစ္ဆင္ႏြဲလာၿပီးေနာက္ ဝက္စ္ဟမ္းအသင္းရဲ႕အနားေပးျခင္းခံထားရသူလည္းျဖစ္ပါတယ္။
သူဟာတနဂၤေႏြေန႔တုန္းကဝုဗ္ကိုအႏိုင္ရရွိတဲ့ပြဲအျပင္ ေဆာက္သမ္တန္ကိုရႈံးနိမ့္တဲ့အက္ဖ္ေအဖလားပြဲစဥ္မွာလည္း ပါဝင္မကစားႏိုင္ခဲ့ပါဘူး။
ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္းရွက္ဗ္ခ်င္ကိုက “သူ႔ဇနီးကကေလးတစ္ဦးနဲ႔ ယူကရိန္းမွာရွိေနခဲ့တာ။သူတို႔နယ္စပ္ကိုေက်ာ္ၿပီးပိုလန္သို႔ဝင္ေရာက္လာခဲ့ပါၿပီ။ဘုရားသခင္ေစာင္မေတာ္မူပါ။အင္ဒေရဟာပိုလန္သို႔သြားၿပီးသူ႔ဇနီးကိုေခၚပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။
ယာမိုလန္ကိုဟာမၾကာေသးမီတုန္းက ဗလာဒီမာပူတင္ရဲ႕ယူကရိန္းက်ဴးေက်ာ္စစ္ဆင္ႏြဲမႈအား လူသိရွင္ၾကားကန႔္ကြက္ၾကရန္ေတာင္းဆိုခဲ့သူလည္းျဖစ္ပါတယ္။ဒါေပမဲ့ ႐ုရွားအသင္းေခါင္းေဆာင္အာတမ္ဒီဇူဘာကမူ မွတ္ခ်က္ျပဳရန္ ျငင္းဆိုထားပါတယ္။
လက္ရွိအခ်ိန္တြင္ဖီဖာႏွင့္ယူအီးအက္ဖ္ေအတို႔ဟာ႐ုရွားလက္ေ႐ြးစင္အသင္းမ်ားႏွင့္ကလပ္မ်ားကို မည္သည့္ၿပိဳင္ပြဲမွယွဥ္ၿပိဳင္ခြင့္မျပဳရန္ ပိတ္ပင္မႈျပဳလုပ္ထားပါတယ္။