ယူကရိန်းနွယ်ဖွား အသက် ၂၅ နှစ်အရွယ် မင်းသမီးနှင့် ချစ်ကြိုက်နေတဲ့ ရုရှားဘီလျှံနာ ရိုမန်အေဘရာမိုဗစ်

ရုရှားဘီလျှံနာရိုမန်အေဘရာမိုဗစ်ဟာယူကရိန်းနွယ်ဖွားမိသားစုဝင်များမှပေါက်ဖွားလာတဲ့အသက်၂၅နှစ်အရွယ်မင်းသမီးတစ်ဦးနှင့်ချစ်ကြိုက်နေကြောင်းသိရပါတယ်။

ဗြိတိန်ရဲ့ဆန်ရှင်စာရင်းတွင်ထည့်သွင်းခံလာရတဲ့ရိုမန်အေဘရာမိုဗစ်ဟာ တီဗွီစတားအလက်ဇန်ဒရာကိုရန်ဒိုင်ယူနှင့်ချစ်ကြိုက်နေတာဖြစ်ပါတယ်။သူမဟာ ရုရှားရုပ်သံအစီအစဉ်You’re All P***ing Me Off တွင်ပါဝင်သရုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

သူမဟာ ရုရှားရုပ်သံစီးရီးနှစ်ခုတွင်လည်းပါဝင်သရုပ်ဆောင်ထားပြီးဖြစ်ပါတယ်။

အလက်ဇန်ဒရာဟာမျိုးဆက်သစ်ဂီတပညာရှင်များကိုမွေးထုတ်ပေးမယ့် Music Initiatives ကိုလည်းတည်ထောင်ထားပါတယ်။

သူမဟာပြီးခဲ့တဲ့အောက်တိုဘာလမှစတင်ပြီးရိုမန်အေဘရာမိုဗစ်နှင့်ချစ်ကြိုက်နေကြောင်းသတင်းထွက်ခဲ့တာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်ရုရှားကယူကရိန်းကိုကျူးကျော်စစ်မဆင်နွဲပြီးလေးလအလိုမှာသူမနဲ့ချစ်ကြိုက်ခဲ့တာပါ။

ရုရှားဘီလျှံနာရိုမန်အေဘရာမိုဗစ်ဟာတတိယအိမ်ထောင်ဒါရှာဇူကိုဗာနှင့် ၂၀၀၈ခုနှစ်မှ၂၀၁၈ခုနှစ်အထိလက်တွဲခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်မှာ ရုရှားဘဲလေးကချေသည် ဒိုင်ယာနာဗစ်ရှီနာနှင့်လည်းချစ်ကြိုက်ခဲ့ကြောင်းသတင်းထွက်ခဲ့ပါတယ်။ဒါ့အပြင်ဗစ်ရှီနာနှင့်ကလေးတစ်ဦးလည်းမွေးဖွားခဲ့ကြောင်းသတင်းထွက်ခဲ့ပါသေးတယ်။နောက်ပိုင်းမှာယင်းသတင်းကိုနှစ်ဖက်လုံးကငြင်းဆိုခဲ့ပါတယ်။

ZawGyi

ယူကရိန္းႏြယ္ဖြား အသက္ ၂၅ ႏွစ္အ႐ြယ္ မင္းသမီးႏွင့္ ခ်စ္ႀကိဳက္ေနတဲ့ ႐ုရွားဘီလွ်ံနာ ႐ိုမန္ေအဘရာမိုဗစ္

႐ုရွားဘီလွ်ံနာ႐ိုမန္ေအဘရာမိုဗစ္ဟာယူကရိန္းႏြယ္ဖြားမိသားစုဝင္မ်ားမွေပါက္ဖြားလာတဲ့အသက္၂၅ႏွစ္အ႐ြယ္မင္းသမီးတစ္ဦးႏွင့္ခ်စ္ႀကိဳက္ေနေၾကာင္းသိရပါတယ္။

ၿဗိတိန္ရဲ႕ဆန္ရွင္စာရင္းတြင္ထည့္သြင္းခံလာရတဲ့႐ိုမန္ေအဘရာမိုဗစ္ဟာ တီဗြီစတားအလက္ဇန္ဒရာကိုရန္ဒိုင္ယူႏွင့္ခ်စ္ႀကိဳက္ေနတာျဖစ္ပါတယ္။သူမဟာ ႐ုရွား႐ုပ္သံအစီအစဥ္You’re All P***ing Me Off တြင္ပါဝင္သ႐ုပ္ေဆာင္ခဲ့သူလည္းျဖစ္ပါတယ္။

သူမဟာ ႐ုရွား႐ုပ္သံစီးရီးႏွစ္ခုတြင္လည္းပါဝင္သ႐ုပ္ေဆာင္ထားၿပီးျဖစ္ပါတယ္။

အလက္ဇန္ဒရာဟာမ်ိဳးဆက္သစ္ဂီတပညာရွင္မ်ားကိုေမြးထုတ္ေပးမယ့္ Music Initiatives ကိုလည္းတည္ေထာင္ထားပါတယ္။

သူမဟာၿပီးခဲ့တဲ့ေအာက္တိုဘာလမွစတင္ၿပီး႐ိုမန္ေအဘရာမိုဗစ္ႏွင့္ခ်စ္ႀကိဳက္ေနေၾကာင္းသတင္းထြက္ခဲ့တာျဖစ္ပါတယ္။ေျပာရမယ္ဆိုရင္႐ုရွားကယူကရိန္းကိုက်ဴးေက်ာ္စစ္မဆင္ႏြဲၿပီးေလးလအလိုမွာသူမနဲ႔ခ်စ္ႀကိဳက္ခဲ့တာပါ။

႐ုရွားဘီလွ်ံနာ႐ိုမန္ေအဘရာမိုဗစ္ဟာတတိယအိမ္ေထာင္ဒါရွာဇူကိုဗာႏွင့္ ၂၀၀၈ခုႏွစ္မွ၂၀၁၈ခုႏွစ္အထိလက္တြဲခဲ့ၿပီးေနာက္ ၂၀၁၈ ခုႏွစ္မွာ ႐ုရွားဘဲေလးကေခ်သည္ ဒိုင္ယာနာဗစ္ရွီနာႏွင့္လည္းခ်စ္ႀကိဳက္ခဲ့ေၾကာင္းသတင္းထြက္ခဲ့ပါတယ္။ဒါ့အျပင္ဗစ္ရွီနာႏွင့္ကေလးတစ္ဦးလည္းေမြးဖြားခဲ့ေၾကာင္းသတင္းထြက္ခဲ့ပါေသးတယ္။ေနာက္ပိုင္းမွာယင္းသတင္းကိုႏွစ္ဖက္လုံးကျငင္းဆိုခဲ့ပါတယ္။