ယူကရိန်းနှင့်ကစားရမယ့်ပွဲကို အင်္ဂလန်စတားဆာကာလွဲချော်နိုင်

အင်္ဂလန်စတားဘူကာယိုဆာကာဟာယနေ့ညတွင်ယူကရိန်းနှင့်ကစားရမယ့်ယူရို၂၀၂၀ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်အားလွဲချော်နိုင်ကြောင်းသိရပါတယ်။

အာဆင်နယ်စတားဟာဂျာမနီအား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင်ပွဲထွက်ကစားခဲ့သော်လည်းပွဲချိန်၆၉မိနစ်တွင်ဂျက်ဂရဲလ်လစ်ရှ်နဲ့လူစားလဲခြင်းခံခဲ့ရပါတယ်။

ဆာကာဟာအီတလီသို့မသွားမီနောက်ဆုံးလေ့ကျင်ခန်းအစီအစဉ်တွင်ကစားဖော်များနှင့်လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပေမယ့်အပေါ့စားလေ့ကျင့်ခန်းသာပြုလုပ်နိုင်ခဲ့ပါတယ်။

ယူကရိန်းဟာဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင်အင်္ဂလန်အောက်အဆင့်၂၀ကွာဟတဲ့အသင်းဖြစ်ပြီး၁၆သင်းအဆင့်သို့အုပ်စုတတိယအဖြစ်ဖြင့်ကံကောင်းထောက်မစွာတက်လာခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။

ရှက်ဗ်ချင်ကိုရဲ့အသင်းဟာ၁၆သင်းအဆင့်တွင်ဒိန်းမတ်ကိုတစ်ယောက်အသာဖြင့်ကစားပြီးအချိန်ပိုဂိုးဖြင့်၂-၁ဖြင့်အနိုင်ရရှိကာကွာတားသို့တက်လာခဲ့တာပါ။

ဒါပေမယ့်အင်္ဂလန်နည်းပြဆောက်ဂိတ်ကယူကရိန်းမှာအသင်းကောင်းတစ်သင်းဖြစ်ကြောင်းနှင့်အတောင့်တင်းဆုံးအသင်းဖြစ်ရင်ဆိုင်သွားမည်ဖြစ်ကြောင်းဆိုထားပါတယ်။

ZawGyi

ယူကရိန္းႏွင့္ကစားရမယ့္ပြဲကို အဂၤလန္စတားဆာကာလြဲေခ်ာ္ႏိုင္

အဂၤလန္စတားဘူကာယိုဆာကာဟာယေန႔ညတြင္ယူကရိန္းႏွင့္ကစားရမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲကြာတားဖိုင္နယ္ပြဲစဥ္အားလြဲေခ်ာ္ႏိုင္ေၾကာင္းသိရပါတယ္။

အာဆင္နယ္စတားဟာဂ်ာမနီအား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္တြင္ပြဲထြက္ကစားခဲ့ေသာ္လည္းပြဲခ်ိန္၆၉မိနစ္တြင္ဂ်က္ဂရဲလ္လစ္ရွ္နဲ႔လူစားလဲျခင္းခံခဲ့ရပါတယ္။

ဆာကာဟာအီတလီသို႔မသြားမီေနာက္ဆုံးေလ့က်င္ခန္းအစီအစဥ္တြင္ကစားေဖာ္မ်ားႏွင့္ေလ့က်င့္ခန္းဆင္းႏိုင္ခဲ့ေပမယ့္အေပါ့စားေလ့က်င့္ခန္းသာျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ယူကရိန္းဟာဖီဖာကမာၻ႔အဆင့္သတ္မွတ္ခ်က္တြင္အဂၤလန္ေအာက္အဆင့္၂၀ကြာဟတဲ့အသင္းျဖစ္ၿပီး၁၆သင္းအဆင့္သို႔အုပ္စုတတိယအျဖစ္ျဖင့္ကံေကာင္းေထာက္မစြာတက္လာခဲ့တဲ့အသင္းလည္းျဖစ္ပါတယ္။

ရွက္ဗ္ခ်င္ကိုရဲ႕အသင္းဟာ၁၆သင္းအဆင့္တြင္ဒိန္းမတ္ကိုတစ္ေယာက္အသာျဖင့္ကစားၿပီးအခ်ိန္ပိုဂိုးျဖင့္၂-၁ျဖင့္အႏိုင္ရရွိကာကြာတားသို႔တက္လာခဲ့တာပါ။

ဒါေပမယ့္အဂၤလန္နည္းျပေဆာက္ဂိတ္ကယူကရိန္းမွာအသင္းေကာင္းတစ္သင္းျဖစ္ေၾကာင္းႏွင့္အေတာင့္တင္းဆုံးအသင္းျဖစ္ရင္ဆိုင္သြားမည္ျဖစ္ေၾကာင္းဆိုထားပါတယ္။