ယူကရိန်းရဲ့ယူရို၂၀၂၀ အင်္ကျီကို ရုရှားအကြီးအကျယ်ဒေါသထွက်

ယူကရိန်လက်ရွေးစင်အသင်းရဲ့အင်္ကျီသစ်တွင်ပါဝင်တဲ့ယူကရိန်းနိုင်ငံမြေပုံတွင်ရုရှားကကျူးကျော်သိမ်းပိုက်ထားတဲ့ခရိုင်းမီးယားဒေသလည်းထည့်သွင်းလိုက်ပါတယ်။ယင်းသို့ယူကရိန်းကယူရို၂၀၂၀အင်္ကျီမှမြေပုံတွင်ခရိုင်းမီးယားကိုထည့်သွင်းလိုက်မှုအပေါ်ရုရှားအစိုးရအကြီးအကျယ်ဒေါသထွက်နေပါတယ်။

ယူကရိန်းရဲ့ယူရို၂၀၂၀ပြိုင်ပွဲတွင်အသုံးပြုမယ့်အင်္ကျီတွင်အငြင်းပွားနေတဲ့နယ်စပ်ခရိုင်းမီးယားကိုထည့်သွင်းထားတဲ့အပြင် Glory Of Ukraine! ဆိုတဲ့စာသားကိုလည်းထည့်သွင်းထားပါတယ်။

Glory Of Ukraine ဆိုတဲ့ဆောင်ပုဒ်မှာ၂၀၁၄ခုနှစ်တုန်းကရုရှားဆန့်ကျင်တဲ့ ယူကရိန်းသမ္မတဗစ်တာယာနူကိုဗစ်ချ်အသုံးပြုခဲ့တဲ့ဆောင်ပုဒ်လည်းဖြစ်ပါတယ်။

ဒါ့အပြင်အင်္ကျီအတွင်းကော်လံထဲတွင် Glory to the heroes ဆိုတဲ့စာသားလည်းပါဝင်ပါသေးတယ်။

ရုရှားလွတ်တော်အမတ်တစ်ဦးကယူကရိန်းရဲ့လုပ်ရပ်ဟာနိုင်ငံရေးရန်စမှုတစ်ခုဖြစ်ကြောင်းစွပ်စွဲထားပါတယ်။

ယူအီးအက်ဖ်အေကတော့ယူကရိန်းအသင်းဝတ်ဆင်မယ့်ယူရို၂၀၂၀အင်္ကျီမှာ၎င်းတို့ခွင့်ပြုချက်ပေးထားတဲ့အင်္ကျီဖြစ်ကြောင်းဆိုထားပါတယ်။

ကိဗ်ရှိအမေရိကန်သံရုံးကတော့ယူကရိန်းရဲ့ယူရို၂၀၂၀အင်္ကျီသစ်ကိုနှစ်သစ်ကြောင်း ဖစ်ဘုတ်တွင်ရေးသားကာရုရှားကိုဆွပေးထားပါတယ်။

ရုရှားဟာ၂၀၁၄ခုနှစ်တုန်းကယူကရိန်းပိုင် ပင်လယ်နက်အတွင်းရှိ ခရိုင်းမီးယားဒေသကို သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီးနိုင်ငံတကာရဲ့အကြီးအကျယ်ရှုံ့ချခြင်းခံခဲ့ရပါတယ်။

ZawGyi

ယူကရိန္းရဲ႕ယူ႐ို၂၀၂၀ အက်ႌကို ႐ုရွားအႀကီးအက်ယ္ေဒါသထြက္

ယူကရိန္လက္ေ႐ြးစင္အသင္းရဲ႕အက်ႌသစ္တြင္ပါဝင္တဲ့ယူကရိန္းႏိုင္ငံေျမပုံတြင္႐ုရွားကက်ဴးေက်ာ္သိမ္းပိုက္ထားတဲ့ခ႐ိုင္းမီးယားေဒသလည္းထည့္သြင္းလိုက္ပါတယ္။ယင္းသို႔ယူကရိန္းကယူ႐ို၂၀၂၀အက်ႌမွေျမပုံတြင္ခ႐ိုင္းမီးယားကိုထည့္သြင္းလိုက္မႈအေပၚ႐ုရွားအစိုးရအႀကီးအက်ယ္ေဒါသထြက္ေနပါတယ္။

ယူကရိန္းရဲ႕ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္အသုံးျပဳမယ့္အက်ႌတြင္အျငင္းပြားေနတဲ့နယ္စပ္ခ႐ိုင္းမီးယားကိုထည့္သြင္းထားတဲ့အျပင္ Glory Of Ukraine! ဆိုတဲ့စာသားကိုလည္းထည့္သြင္းထားပါတယ္။

Glory Of Ukraine ဆိုတဲ့ေဆာင္ပုဒ္မွာ၂၀၁၄ခုႏွစ္တုန္းက႐ုရွားဆန႔္က်င္တဲ့ ယူကရိန္းသမၼတဗစ္တာယာႏူကိုဗစ္ခ်္အသုံးျပဳခဲ့တဲ့ေဆာင္ပုဒ္လည္းျဖစ္ပါတယ္။

ဒါ့အျပင္အက်ႌအတြင္းေကာ္လံထဲတြင္ Glory to the heroes ဆိုတဲ့စာသားလည္းပါဝင္ပါေသးတယ္။

႐ုရွားလြတ္ေတာ္အမတ္တစ္ဦးကယူကရိန္းရဲ႕လုပ္ရပ္ဟာႏိုင္ငံေရးရန္စမႈတစ္ခုျဖစ္ေၾကာင္းစြပ္စြဲထားပါတယ္။

ယူအီးအက္ဖ္ေအကေတာ့ယူကရိန္းအသင္းဝတ္ဆင္မယ့္ယူ႐ို၂၀၂၀အက်ႌမွာ၎တို႔ခြင့္ျပဳခ်က္ေပးထားတဲ့အက်ႌျဖစ္ေၾကာင္းဆိုထားပါတယ္။

ကိဗ္ရွိအေမရိကန္သံ႐ုံးကေတာ့ယူကရိန္းရဲ႕ယူ႐ို၂၀၂၀အက်ႌသစ္ကိုႏွစ္သစ္ေၾကာင္း ဖစ္ဘုတ္တြင္ေရးသားကာ႐ုရွားကိုဆြေပးထားပါတယ္။

႐ုရွားဟာ၂၀၁၄ခုႏွစ္တုန္းကယူကရိန္းပိုင္ ပင္လယ္နက္အတြင္းရွိ ခ႐ိုင္းမီးယားေဒသကို သိမ္းပိုက္ခဲ့ျခင္းျဖစ္ၿပီးႏိုင္ငံတကာရဲ႕အႀကီးအက်ယ္ရႈံ႕ခ်ျခင္းခံခဲ့ရပါတယ္။