
အီရန်ကိုကမ္ဘာ့ဖလားပြိုင်ပွဲမှထုတ်ပယ်ရေးတောင်းဆိုမှုမြင့်မားလာပါတယ်။ အီရန်အစိုးရကယူကရိန်းရှိ ရုရှားစစ်တပ်ကိုထောက်ပံ့ကူညီရန်အတွက်စစ်ဖက်ဆိုင်ရာကျွမ်းကျင်သူများစေလွှတ်ကူညီလာပြီးနောက်အီရန်ကိုကမ္ဘာ့ဖလားမှထုတ်ပယ်ရန်တောင်းဆိုလာကြတာလည်းဖြစ်ပါတယ်။
အီရန်ဟာယူကရိန်းရှိမြို့များကိုဗုံးကြဲရန်နှင့်ဒရုန်းဖြင့်တိုက်ခိုက်ရေးကိုအဓိကလုပ်ဆောင်နေတဲ့ခရိုင်းမီးယားရှိရုရှားစစ်တပ်အတွက် စစ်ဖက်ဆိုင်ရာကျွမ်းကျင်သူထောက်ပံ့လာတာလည်းဖြစ်ပါတယ်။
တဖက်တွင်အီရန်ဟာခေါင်းဆောင်းမဆောင်းမှုအတွက် ဖမ်းဆီးခံရပြီးနောက်အချုပ်ခန်းအတွင်းသေဆုံးသွားတဲ့အသက်၂၂နှစ်ရှိမာဆာအေမီနီရဲ့ဖြစ်ရပ်ကြောင့်နိုင်ငံတလွှားဆန္ဒပြသပိတ်မှောက်မှုများနှင့်ကြုံနေရတဲ့နိုင်ငံလည်းဖြစ်ပါတယ်။
အီရန်အစိုးရရဲ့နိုင်ငံတွင်းအမျိုးသမီးအခွင့်အရေးပိတ်ပင်မှု၊ဘောလုံးပွဲများကိုအမျိုးသမီးများဝင်ခွင့်မပြုမှုအတွက် ကမ္ဘာ့ဖလားမှထုတ်ပယ်ရန်တောင်းဆိုမှုများလည်းရှိခဲ့ကြပြီးဖြစ်ပါတယ်။
အီရန်ဟာနိုဝင်ဘာလ၂၁ရက်နေ့တွင်အင်္ဂလန်နှင့်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲကစားရပါမယ်။
ဒါပေမဲ့ယခုအခါမှာတော့ကမ္ဘာတလွှားမှယူကရိန်းထောက်ခံသူများဟာ ယူကရိန်းစစ်မျက်နှာပြင်ရှိရုရှားစစ်တပ်ကိုထောက်ပံ့ရန်စစ်ဖက်ကျွမ်းကျင်သူ စေလွှတ်မှုအတွက် ထောက်ခံမဲကောက်ခံပြီးဖီဖာကိုတောင်းဆိုနေကြပါတယ်။
ZawGyi
ယူကရိန္းရွိ ႐ုရွားစစ္တပ္ကို စစ္ဖက္ကြၽမ္းက်င္သူ ေထာက္ပံ့ေပးတဲ့ အီရန္ကို ကမာၻ႔ဖလားမွ ထုတ္ပယ္ရန္ ေတာင္းဆိုလာၾက
အီရန္ကိုကမာၻ႔ဖလားၿပိဳင္ပြဲမွထုတ္ပယ္ေရးေတာင္းဆိုမႈျမင့္မားလာပါတယ္။ အီရန္အစိုးရကယူကရိန္းရွိ ႐ုရွားစစ္တပ္ကိုေထာက္ပံ့ကူညီရန္အတြက္စစ္ဖက္ဆိုင္ရာကြၽမ္းက်င္သူမ်ားေစလႊတ္ကူညီလာၿပီးေနာက္အီရန္ကိုကမာၻ႔ဖလားမွထုတ္ပယ္ရန္ေတာင္းဆိုလာၾကတာလည္းျဖစ္ပါတယ္။
အီရန္ဟာယူကရိန္းရွိၿမိဳ႕မ်ားကိုဗုံးႀကဲရန္ႏွင့္ဒ႐ုန္းျဖင့္တိုက္ခိုက္ေရးကိုအဓိကလုပ္ေဆာင္ေနတဲ့ခ႐ိုင္းမီးယားရွိ႐ုရွားစစ္တပ္အတြက္ စစ္ဖက္ဆိုင္ရာကြၽမ္းက်င္သူေထာက္ပံ့လာတာလည္းျဖစ္ပါတယ္။
တဖက္တြင္အီရန္ဟာေခါင္းေဆာင္းမေဆာင္းမႈအတြက္ ဖမ္းဆီးခံရၿပီးေနာက္အခ်ဳပ္ခန္းအတြင္းေသဆုံးသြားတဲ့အသက္၂၂ႏွစ္ရွိမာဆာေအမီနီရဲ႕ျဖစ္ရပ္ေၾကာင့္ႏိုင္ငံတလႊားဆႏၵျပသပိတ္ေမွာက္မႈမ်ားႏွင့္ႀကဳံေနရတဲ့ႏိုင္ငံလည္းျဖစ္ပါတယ္။
အီရန္အစိုးရရဲ႕ႏိုင္ငံတြင္းအမ်ိဳးသမီးအခြင့္အေရးပိတ္ပင္မႈ၊ေဘာလုံးပြဲမ်ားကိုအမ်ိဳးသမီးမ်ားဝင္ခြင့္မျပဳမႈအတြက္ ကမာၻ႔ဖလားမွထုတ္ပယ္ရန္ေတာင္းဆိုမႈမ်ားလည္းရွိခဲ့ၾကၿပီးျဖစ္ပါတယ္။
အီရန္ဟာႏိုဝင္ဘာလ၂၁ရက္ေန႔တြင္အဂၤလန္ႏွင့္ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲကစားရပါမယ္။
ဒါေပမဲ့ယခုအခါမွာေတာ့ကမာၻတလႊားမွယူကရိန္းေထာက္ခံသူမ်ားဟာ ယူကရိန္းစစ္မ်က္ႏွာျပင္ရွိ႐ုရွားစစ္တပ္ကိုေထာက္ပံ့ရန္စစ္ဖက္ကြၽမ္းက်င္သူ ေစလႊတ္မႈအတြက္ ေထာက္ခံမဲေကာက္ခံၿပီးဖီဖာကိုေတာင္းဆိုေနၾကပါတယ္။