ယူကရိန်းသို့ ပြန်ကာ နိုင်ငံအတွက် တိုက်ပွဲဝင်သွားမယ့် စပါးစ်စတားဟောင်းအယ်အိန်းနည်းပြ

ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်းဆာဂျီရီဘရော့ဗ်ဟာရုရှားရဲ့ကျူးကျော်ခြင်းခံနေရတဲ့မိခင်နိုင်ငံ ယူကရိန်းသို့ပြန်ကာ ပြည်သူများကိုအကူအညီပေးသွားပါမယ်။

အသက်၄၇နှစ်ရှိရီဘရော့ဗ်ဟာအရှေ့အလယ်ပိုင်း ယူအေအီးကလပ် အယ်အိန်းကိုကိုင်တွယ်နေသူလည်းဖြစ်ပါတယ်။

သူဟာအယ်အိန်းကို Arabian Gulf League တွင်အမှတ်ပေးဇယားထိပ်ဆုံးနေရာတွင်ရပ်တည်နိုင်အောင်ကူညီထားသလိုပြည်တွင်းရှုံးထွက်ဖလားဗိုလ်လုပွဲသို့လည်းပို့ဆောင်ပေးထားသူဖြစ်ပါတယ်။

စပါးစ်နှင့်ဝက်စ်ဟမ်းတိုက်စစ်မှူးဟာယခုရာသီအကုန်တွင်ယူကရိန်းပြန်ကာနိုင်ငံကိုကာကွယ်နိုင်ရေးတိုက်ပွဲဝင်ပါမယ်။

၎င်းက “ဒီမှာအလုပ်ရှိတယ်။ဒါပေမဲ့ရာသီကုန်ရင်ကျွန်တော့်အိမ်သို့ကျွန်တော်လူတွေနဲ့အတူပြန်မယ်။အမြန်ဆုံးရောက်အောင်သွားမယ်။တိုက်ပွဲဝင်မယ်။လမ်းတွေသို့ လူတွေထွက်နေတယ်။ကျွန်တော်တို့အားလုံးစည်းလုံးနေပါတယ်။ယူကရိန်းသားတွေကိုယ့်ပြည်သူတွေကိုဘယ်လောက်ကာကွယ်နိုင်သလဲဆိုတာ ကမ္ဘာကြီးကမေးမြန်းနေပါတယ်။ဒါကြောင့်လည်းလူတွေလမ်းမပေါ်ထွက်လာပြီးတိုက်ပွဲဝင်နေပါတယ်။အားလုံးစည်းလုံးနေပါတယ်။ဘာလုပ်ရမယ်ဆိုတာကျွန်တော်တို့သိပါတယ်။အခုအချိန်မှာဘောလုံးအကြောင်းတောင်မတွေးနိုင်ပါဘူး။နိုင်ငံကိုကာကွယ်ရေးဘဲတွေးနေပါတယ်။နိုင်ငံကိုကာကွယ်ဖို့ကြိုးစားနေတဲ့ကျွန်တော်တို့ပြည်သူတွေ၊စစ်သားတွေအတွက်အရမ်းဂုဏ်ယူတယ်။ကျွန်တော်တို့ဟာမှန်ကန်တဲ့ဘက်မှာရှိနေပါတယ်။ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကိုယ့်လွတ်လပ်ခွင့်အတွက်တိုက်ရပါမယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင် သတင်းထောက်က လက်နက်ကိုင်မလားလို့မေးမြန်းလာချိန်မှာရီဘရော့ဗ်က “လက်နက်ကိုင်ပါမယ်။ကျွန်တော်တို့ရုန်းကန်မယ်။ကျွန်တော်တို့အောင်ပွဲရမှာပါ။ပူတင်နဲ့ဘာမှညှိနှိုင်းနေစရာမလိုဘူး။ ကိဗ်သို့သွားပြီးကိုယ့်နိုင်ငံကိုကာကွယ်ချင်တယ်”လို့ပြောကြားသွားပါတယ်။

Zawgyi

ယူကရိန္းသို႔ ျပန္ကာ ႏိုင္ငံအတြက္ တိုက္ပြဲဝင္သြားမယ့္ စပါးစ္စတားေဟာင္းအယ္အိန္းနည္းျပ

ပရီးမီးယားလိဂ္တိုက္စစ္မႉးေဟာင္းဆာဂ်ီရီဘေရာ့ဗ္ဟာ႐ုရွားရဲ႕က်ဴးေက်ာ္ျခင္းခံေနရတဲ့မိခင္ႏိုင္ငံ ယူကရိန္းသို႔ျပန္ကာ ျပည္သူမ်ားကိုအကူအညီေပးသြားပါမယ္။

အသက္၄၇ႏွစ္ရွိရီဘေရာ့ဗ္ဟာအေရွ႕အလယ္ပိုင္း ယူေအအီးကလပ္ အယ္အိန္းကိုကိုင္တြယ္ေနသူလည္းျဖစ္ပါတယ္။

သူဟာအယ္အိန္းကို Arabian Gulf League တြင္အမွတ္ေပးဇယားထိပ္ဆုံးေနရာတြင္ရပ္တည္ႏိုင္ေအာင္ကူညီထားသလိုျပည္တြင္းရႈံးထြက္ဖလားဗိုလ္လုပြဲသို႔လည္းပို႔ေဆာင္ေပးထားသူျဖစ္ပါတယ္။

စပါးစ္ႏွင့္ဝက္စ္ဟမ္းတိုက္စစ္မႉးဟာယခုရာသီအကုန္တြင္ယူကရိန္းျပန္ကာႏိုင္ငံကိုကာကြယ္ႏိုင္ေရးတိုက္ပြဲဝင္ပါမယ္။

၎က “ဒီမွာအလုပ္ရွိတယ္။ဒါေပမဲ့ရာသီကုန္ရင္ကြၽန္ေတာ့္အိမ္သို႔ကြၽန္ေတာ္လူေတြနဲ႔အတူျပန္မယ္။အျမန္ဆုံးေရာက္ေအာင္သြားမယ္။တိုက္ပြဲဝင္မယ္။လမ္းေတြသို႔ လူေတြထြက္ေနတယ္။ကြၽန္ေတာ္တို႔အားလုံးစည္းလုံးေနပါတယ္။ယူကရိန္းသားေတြကိုယ့္ျပည္သူေတြကိုဘယ္ေလာက္ကာကြယ္ႏိုင္သလဲဆိုတာ ကမာၻႀကီးကေမးျမန္းေနပါတယ္။ဒါေၾကာင့္လည္းလူေတြလမ္းမေပၚထြက္လာၿပီးတိုက္ပြဲဝင္ေနပါတယ္။အားလုံးစည္းလုံးေနပါတယ္။ဘာလုပ္ရမယ္ဆိုတာကြၽန္ေတာ္တို႔သိပါတယ္။အခုအခ်ိန္မွာေဘာလုံးအေၾကာင္းေတာင္မေတြးႏိုင္ပါဘူး။ႏိုင္ငံကိုကာကြယ္ေရးဘဲေတြးေနပါတယ္။ႏိုင္ငံကိုကာကြယ္ဖို႔ႀကိဳးစားေနတဲ့ကြၽန္ေတာ္တို႔ျပည္သူေတြ၊စစ္သားေတြအတြက္အရမ္းဂုဏ္ယူတယ္။ကြၽန္ေတာ္တို႔ဟာမွန္ကန္တဲ့ဘက္မွာရွိေနပါတယ္။ဒါေပမဲ့ကြၽန္ေတာ္တို႔အေနနဲ႔ကိုယ့္လြတ္လပ္ခြင့္အတြက္တိုက္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ သတင္းေထာက္က လက္နက္ကိုင္မလားလို႔ေမးျမန္းလာခ်ိန္မွာရီဘေရာ့ဗ္က “လက္နက္ကိုင္ပါမယ္။ကြၽန္ေတာ္တို႔႐ုန္းကန္မယ္။ကြၽန္ေတာ္တို႔ေအာင္ပြဲရမွာပါ။ပူတင္နဲ႔ဘာမွညႇိႏႈိင္းေနစရာမလိုဘူး။ ကိဗ္သို႔သြားၿပီးကိုယ့္ႏိုင္ငံကိုကာကြယ္ခ်င္တယ္”လို႔ေျပာၾကားသြားပါတယ္။