
ရော်နယ်ကိုးမန်းကကိုဒီဂတ်ပိုအားမှားယွင်းတဲ့အချိန်တွင်မှားယွင်းတဲ့ကလပ်သို့ပြောင်းခဲ့တယ်လို့ဝေဖန်သုံးသပ်သွားခဲ့ပါတယ်။မှတ်တမ်းတွေအရလည်းကိုးမန်းပြောသွားတာလုံးဝမှန်ကန်နေပါတယ်။
ဂတ်ပိုဟာပြီးခဲ့တဲ့လတုန်းကယူနိုက်တက်ကိုငြင်းပယ်ပြီးပီအက်စ်ဗွီကနေလီဗာပူးသို့ပြောင်းရွှေ့ကြေးပေါင်၃၇သန်းဖြင့်ပြောင်းခဲ့ပါတယ်။
ဒါပေမဲ့အသက်၂၃နှစ်ရှိဒတ်ချ်တိုက်စစ်သမားဟာဂျာဂင်ကလော့ပ်ရဲ့လီဗာပူးအသင်းအတွက်၆ပွဲကစားထားရာမှာဂိုးသွင်းနိုင်ခြင်းမရှိသေးသလိုဖန်တီးမှုလည်းမပြုလုပ်နိုင်သေးပါဘူး။
သူပါဝင်ကစားတဲ့ပွဲတွေမှာလည်းလီဗာပူးဟာတစ်ပွဲတည်းပဲအနိုင်ရပါသေးတယ်။
သူဟာလီဗာပူးသို့မပြောင်းခင်တုန်းကယခုရာသီမှာပီအက်စ်ဗွီအတွက်၂၄ပွဲကစားခဲ့ရာမှာ၁၃ဂိုးသွင်းပြီး၁၄ကြိမ်ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။ဒါ့အပြင်သူဟာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်းနယ်သာလန်အတွက်၃ဂိုးသွင်းခဲ့ပါသေးတယ်။
ဒါပေမဲ့သူဟာလီဗာပူးသို့ရောက်လာပြီးချိန်မှာတော့ပြိုင်ဘက်အသင်းဧရိယာအတွင်းမှာတစ်ပွဲပျှမ်းမျှ၄ကြိမ်တည်းသာဘောလုံးထိထားပါတယ်။
အဲဗာတန်နည်းပြဟောင်းကိုးမန်းက “ခြေစွမ်းမကောင်းတဲ့အသင်းတစ်သင်းကိုပြောင်းသွားတော့သူဘယ်လိုဖြစ်နေလဲမြင်ကြမှာပါ။သူ့လိုကစားသမားသစ်အတွက်ပိုပြီးတော့ခက်ခဲတာပေါ့။ဂိုးမသွင်းနိုင်ရင်၊အသင်းအတွက်အရေးမပါရင်၊နိုင်ပွဲမရရင်ပိုပြီးတော့ခက်ခဲတာပေါ့။အထူးသဖြင့်သူ့လိုငယ်ရွယ်တဲ့ကစားသမားအတွက်ဆိုပိုခက်တာပေါ့။တကယ်လို့သူသာအသက်၂၈နှစ်အရွယ်အတွေ့အကြုံရှိကစားသမားဆိုရင်တစ်မျိုးဖြစ်လာလိမ့်မယ်။အင်္ဂလန်မှာကနယ်သာလန်ထက်အဆင့်မြင့်တယ်။ဒါပေမဲ့သူတို့မှာလည်းငယ်ရွယ်တဲ့ကစားသမားတွေရှိတာပါပဲ”လို့ပြောကြားသွားပါတယ်။
ကလော့ပ်ဟာတိုက်စစ်သမားများဖြစ်ကြတဲ့လူးဝစ်ဒိင်ယက်ဇ်၊ဒီယေဂိုဂျိုတာနှင့်ရောဘတ်တိုဖာမီနိုတို့ဒဏ်ရာရရှိသွားမှုနဲ့အတူအသစ်ရောက်လာတဲ့ဂတ်ပိုအားချက်ချင်းပင်အားကိုးအသုံးပြုခဲ့ရပါတယ်။
ZawGyi
ယူႏိုက္တက္ကို ျငင္းပယ္ၿပီး လီဗာပူးကို ေ႐ြးခ်ယ္ခဲ့ၿပီးေနာက္ ကိုဒီဂတ္ပိုရဲ႕ဘဝဆိုး႐ြားလ်က္ရွိ
ေရာ္နယ္ကိုးမန္းကကိုဒီဂတ္ပိုအားမွားယြင္းတဲ့အခ်ိန္တြင္မွားယြင္းတဲ့ကလပ္သို႔ေျပာင္းခဲ့တယ္လို႔ေဝဖန္သုံးသပ္သြားခဲ့ပါတယ္။မွတ္တမ္းေတြအရလည္းကိုးမန္းေျပာသြားတာလုံးဝမွန္ကန္ေနပါတယ္။
ဂတ္ပိုဟာၿပီးခဲ့တဲ့လတုန္းကယူႏိုက္တက္ကိုျငင္းပယ္ၿပီးပီအက္စ္ဗြီကေနလီဗာပူးသို႔ေျပာင္းေ႐ႊ႕ေၾကးေပါင္၃၇သန္းျဖင့္ေျပာင္းခဲ့ပါတယ္။
ဒါေပမဲ့အသက္၂၃ႏွစ္ရွိဒတ္ခ်္တိုက္စစ္သမားဟာဂ်ာဂင္ကေလာ့ပ္ရဲ႕လီဗာပူးအသင္းအတြက္၆ပြဲကစားထားရာမွာဂိုးသြင္းႏိုင္ျခင္းမရွိေသးသလိုဖန္တီးမႈလည္းမျပဳလုပ္ႏိုင္ေသးပါဘူး။
သူပါဝင္ကစားတဲ့ပြဲေတြမွာလည္းလီဗာပူးဟာတစ္ပြဲတည္းပဲအႏိုင္ရပါေသးတယ္။
သူဟာလီဗာပူးသို႔မေျပာင္းခင္တုန္းကယခုရာသီမွာပီအက္စ္ဗြီအတြက္၂၄ပြဲကစားခဲ့ရာမွာ၁၃ဂိုးသြင္းၿပီး၁၄ႀကိမ္ဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။ဒါ့အျပင္သူဟာကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္းနယ္သာလန္အတြက္၃ဂိုးသြင္းခဲ့ပါေသးတယ္။
ဒါေပမဲ့သူဟာလီဗာပူးသို႔ေရာက္လာၿပီးခ်ိန္မွာေတာ့ၿပိဳင္ဘက္အသင္းဧရိယာအတြင္းမွာတစ္ပြဲပွ်မ္းမွ်၄ႀကိမ္တည္းသာေဘာလုံးထိထားပါတယ္။
အဲဗာတန္နည္းျပေဟာင္းကိုးမန္းက “ေျခစြမ္းမေကာင္းတဲ့အသင္းတစ္သင္းကိုေျပာင္းသြားေတာ့သူဘယ္လိုျဖစ္ေနလဲျမင္ၾကမွာပါ။သူ႔လိုကစားသမားသစ္အတြက္ပိုၿပီးေတာ့ခက္ခဲတာေပါ့။ဂိုးမသြင္းႏိုင္ရင္၊အသင္းအတြက္အေရးမပါရင္၊ႏိုင္ပြဲမရရင္ပိုၿပီးေတာ့ခက္ခဲတာေပါ့။အထူးသျဖင့္သူ႔လိုငယ္႐ြယ္တဲ့ကစားသမားအတြက္ဆိုပိုခက္တာေပါ့။တကယ္လို႔သူသာအသက္၂၈ႏွစ္အ႐ြယ္အေတြ႕အႀကဳံရွိကစားသမားဆိုရင္တစ္မ်ိဳးျဖစ္လာလိမ့္မယ္။အဂၤလန္မွာကနယ္သာလန္ထက္အဆင့္ျမင့္တယ္။ဒါေပမဲ့သူတို႔မွာလည္းငယ္႐ြယ္တဲ့ကစားသမားေတြရွိတာပါပဲ”လို႔ေျပာၾကားသြားပါတယ္။
ကေလာ့ပ္ဟာတိုက္စစ္သမားမ်ားျဖစ္ၾကတဲ့လူးဝစ္ဒိင္ယက္ဇ္၊ဒီေယဂိုဂ်ိဳတာႏွင့္ေရာဘတ္တိုဖာမီႏိုတို႔ဒဏ္ရာရရွိသြားမႈနဲ႔အတူအသစ္ေရာက္လာတဲ့ဂတ္ပိုအားခ်က္ခ်င္းပင္အားကိုးအသုံးျပဳခဲ့ရပါတယ္။