ယူနိုက်တက်ကို စပွန်ဆာပေးပြီးနောက် ရှယ်ယာဈေးပြုတ်ကျနေလို့ ပေါင် ၂၃၅ သန်းတန်စာချုပ်ကို TeamViewer ဖျက်သိမ်းလာ

မန်ချက်စတာယူနိုက်တက်နှင့်အင်္ကျီရင်ဘတ်စပွန်ဆာ TeamViewer တို့ဟာလက်တွဲပြီး၂နှစ်မပြည့်မီမှာဘဲလမ်းခွဲရန်ဆုံးဖြတ်လိုက်ကြပြီဖြစ်ပါတယ်။

ယူနိုက်တက်ဟာ၂၀၂၁ခုနှစ်၊မတ်လတုန်းကဆော့ဖ်ဝဲလ်ကုမ္ပဏီနှင့်ငါးနှစ်စာချုပ်သက်တမ်းရှိ တန်ဖိုးကြီးအင်္ကျီရင်ဘတ်စပွန်ဆာချုပ်ဆိုခဲ့ပါတယ်။

ဒါပေမဲ့ယခုအခါဂျာမနီကုမ္ပဏီဟာယူနိုက်တက်နှင့်လက်တွဲပြီးနောက် ကုမ္ပဏီရဲ့ရှယ်ယာဈေးနှုန်းဆက်တိုက်ကျဆင်းနေမှုနှင့်အတူလမ်းခွဲရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

TeamViewer ဟာယူနိုက်တက်နှင့်စပွန်ဆာစာချုပ်မချုပ်ဆိုမီကရှယ်ယာတန်ဖိုးပေါင်၃၁.၆၅ရှိခဲ့ရာမှယခုအခါရှယ်ယာဈေးနှုန်းပေါင်၁၀.၅၅သာရှိပါတော့တယ်။

ဒါ့အပြင်ဆော့ဖ်ဝဲလ်ကုမ္ပဏီဟာကိုဗစ်ရိုက်ခတ်မှု၊ယူကရိန်းစစ်ပွဲတို့ကြောင့်လည်းကုမ္ပဏီကိုများစွာထိခိုက်နေခဲ့တာလည်းဖြစ်ပါတယ်။

TeamViewer ဟာဩဂုတ်လတုန်းကယူနိုက်တက်နှင့်အင်္ကျီရင်ဘတ်စပွန်ဆာစာချုပ်ကိုသက်တမ်းတော့မှာမဟုတ်ကြောင်းကြေညာပြီးနောက်ရှယ်ယာတန်ဖိုး၅ရာခိုင်နှုန်းမြင့်တက်လာခဲ့ပါသေးတယ်။

ယူနိုက်တက်တာဝန်ရှိသူများဟာ TeamViewerနှင့်လမ်းခွဲလိုက်မှုနှင့်အတူ အင်္ကျီရင်ဘတ်စပွန်ဆာသစ်ရှာဖွေနေပြီဖြစ်ပါတယ်။

ZawGyi







