ယူနိုက်တက်ကို ပြတ်သွားစွာအနိုင်ယူခဲ့တဲ့ မန်စီးတီးမှာ ရမှတ် ၂၀ ဖြတ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာမည်ဟု ဂယ်ရီနဗီးလ်ဟောကိန်းထုတ်

ဂယ်ရီနဗီးလ်ကမန်ချက်စတာစီးတီးမှာပရီးမီးယားလိဂ်ဖလားကိုရမှတ်၂၀အထိဖြတ်ကာချန်ပီယံဘွဲ့အားကာကွယ်လာနိုင်ကြောင်းဟောကိန်းထုတ်လာပါတယ်။

ဂွါဒီယိုလာရဲ့မန်စီးတီးဟာမနေ့ညတုန်းကအီတီဟတ်တွင်ယူနိုက်တက်ကိုပထမပိုင်းတွင်ပင်၄-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး အာလင်းဟာလန်း၊ဖီးလ်ဖိုဒန်တို့ရဲ့ဟက်ထရစ်ဂိုးများဖြင့်၆-၃ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

အာလင်းဟာလန်းဟာပရီးမီးယားလိဂ်ပွဲ၈ပွဲတွင်သုံးကြိမ်မြောက်ဟက်ထရစ်သွင်းယူလာနိုင်တာဖြစ်ပြီးယခုအခါပရီးမီးယားလိဂ်သွင်းဂိုး၁၄ဂိုးအထိရှိလာပြီဖြစ်ပါတယ်။

ဒါကြောင့်လည်းဂယ်ရီနဗီးလ်ကမန်စီးတီးမှာအာဆင်နယ်နောက် ရမှတ်တစ်မှတ်တစ်မှတ်အကွာဖြင့်အမှတ်ပေးဇယားဒုတိယနေရာတွင်ရပ်တည်နေပေမဲ့လည်း ချန်ပီယံဖလားအားဒုတိယနေရာမှအသင်းကို ၁၅မှတ်မှရမှတ်၂၀အထိဖြတ်ပြီးချန်ပီယံဖြစ်လာနိုင်ကြောင်းသုံးသပ်လာပါတယ်။

ဂယ်ရီနဗီးလ်က “အခုအချိန်မှာသူတို့ကအမှတ်ပေးဇယားထိပ်ဆုံးမှာမရှိသေးပေမဲ့လည်းလှောင်ပြောင်တဲ့ကြေညာချက်တစ်ခုထုတ်ပြန်လိုက်တာနဲ့တူတယ်။ဒါပေမဲ့သူတို့ကကောင်းနေတယ်။လိဂ်ကအထိုင်ကျလာတော့သူတို့တကယ်ပဲပိုကောင်းလာနေတယ်။သူတို့ဂိုးတွေအရမ်းသွင်းနေတယ်။ဒါတောင်သူတို့ရဲ့အကောင်းဆုံးကစားသမားသုံးဦးမပါသေးဘူး။သူတို့ကိုလိဂ်ဖလားတကယ်ပဲအလွယ်တကူရသွားမယ်လို့ခံစားနေရတယ်။မဖြစ်လာဖို့တော့မျှော်လင့်တယ်။ကျွန်တော်ကအကြိတ်အနယ်ဖြစ်စေချင်တယ်။ဒါပေမဲ့အနိုင်ယူလို့မရတဲ့အသင်းမဖြစ်လာနိုင်ပေမဲ့လည်းတကယ်တမ်းမှာတော့သူတို့ကအဲဒီလိုဖြစ်အောင်တွန်းလာလိမ့်မယ်။ဒါပေမဲ့ဒီလိုပဲဖြစ်လာမယ်လို့ခံစားနေရတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ယူႏိုက္တက္ကို ျပတ္သြားစြာအႏိုင္ယူခဲ့တဲ့ မန္စီးတီးမွာ ရမွတ္ ၂၀ ျဖတ္ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္လာမည္ဟု ဂယ္ရီနဗီးလ္ေဟာကိန္းထုတ္

ဂယ္ရီနဗီးလ္ကမန္ခ်က္စတာစီးတီးမွာပရီးမီးယားလိဂ္ဖလားကိုရမွတ္၂၀အထိျဖတ္ကာခ်န္ပီယံဘြဲ႕အားကာကြယ္လာႏိုင္ေၾကာင္းေဟာကိန္းထုတ္လာပါတယ္။

ဂြါဒီယိုလာရဲ႕မန္စီးတီးဟာမေန႔ညတုန္းကအီတီဟတ္တြင္ယူႏိုက္တက္ကိုပထမပိုင္းတြင္ပင္၄-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီး အာလင္းဟာလန္း၊ဖီးလ္ဖိုဒန္တို႔ရဲ႕ဟက္ထရစ္ဂိုးမ်ားျဖင့္၆-၃ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

အာလင္းဟာလန္းဟာပရီးမီးယားလိဂ္ပြဲ၈ပြဲတြင္သုံးႀကိမ္ေျမာက္ဟက္ထရစ္သြင္းယူလာႏိုင္တာျဖစ္ၿပီးယခုအခါပရီးမီးယားလိဂ္သြင္းဂိုး၁၄ဂိုးအထိရွိလာၿပီျဖစ္ပါတယ္။

ဒါေၾကာင့္လည္းဂယ္ရီနဗီးလ္ကမန္စီးတီးမွာအာဆင္နယ္ေနာက္ ရမွတ္တစ္မွတ္တစ္မွတ္အကြာျဖင့္အမွတ္ေပးဇယားဒုတိယေနရာတြင္ရပ္တည္ေနေပမဲ့လည္း ခ်န္ပီယံဖလားအားဒုတိယေနရာမွအသင္းကို ၁၅မွတ္မွရမွတ္၂၀အထိျဖတ္ၿပီးခ်န္ပီယံျဖစ္လာႏိုင္ေၾကာင္းသုံးသပ္လာပါတယ္။

ဂယ္ရီနဗီးလ္က “အခုအခ်ိန္မွာသူတို႔ကအမွတ္ေပးဇယားထိပ္ဆုံးမွာမရွိေသးေပမဲ့လည္းေလွာင္ေျပာင္တဲ့ေၾကညာခ်က္တစ္ခုထုတ္ျပန္လိုက္တာနဲ႔တူတယ္။ဒါေပမဲ့သူတို႔ကေကာင္းေနတယ္။လိဂ္ကအထိုင္က်လာေတာ့သူတို႔တကယ္ပဲပိုေကာင္းလာေနတယ္။သူတို႔ဂိုးေတြအရမ္းသြင္းေနတယ္။ဒါေတာင္သူတို႔ရဲ႕အေကာင္းဆုံးကစားသမားသုံးဦးမပါေသးဘူး။သူတို႔ကိုလိဂ္ဖလားတကယ္ပဲအလြယ္တကူရသြားမယ္လို႔ခံစားေနရတယ္။မျဖစ္လာဖို႔ေတာ့ေမွ်ာ္လင့္တယ္။ကြၽန္ေတာ္ကအႀကိတ္အနယ္ျဖစ္ေစခ်င္တယ္။ဒါေပမဲ့အႏိုင္ယူလို႔မရတဲ့အသင္းမျဖစ္လာႏိုင္ေပမဲ့လည္းတကယ္တမ္းမွာေတာ့သူတို႔ကအဲဒီလိုျဖစ္ေအာင္တြန္းလာလိမ့္မယ္။ဒါေပမဲ့ဒီလိုပဲျဖစ္လာမယ္လို႔ခံစားေနရတယ္”လို႔ေျပာၾကားသြားပါတယ္။