ယူနိုက်တက်ကို ရောင်းချရေး ယခုရာသီအတွင်းတွင် အပြီးသတ်လုပ်ဆောင်လာမယ့် ဂလေဇာမိသားစု

မန်ချက်စတာယူနိုက်တက်ဟာယခုရာသီမကုန်မီတွင်ပင်အသင်းပိုင်ရှင်သစ်လက်အောက်သို့ရောက်လာတော့မှာဖြစ်ပါတယ်။

၂၀၀၅ခုနှစ်ကတည်းကယူနိုက်တက်ကိုဝယ်ယူလာခဲ့ကြတဲ့ဂလေဇာမိသားစုဟာပြီးခဲ့တဲ့လတုန်းကယူနိုက်တက်ကိုရောင်းချသွားတော့မှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

ဂလေဇာမိသားစုဟာယူနိုက်တက်ကိုရောင်းချရေးအတွက်အချိန်အပိုင်းအခြားသတ်မှတ်ထားတာမရှိပါဘူး။ဒါပေမဲ့ယနေ့ထွက်ပေါ်လာတဲ့သတင်းအရဂလေဇာမိသားစုဟာယူနိုက်တက်ကိုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မတိုင်မီတွင်အပြီးသတ်ရောင်းချရေးလုပ်ဆောင်သွားမယ်လို့သိရပါတယ်။

ဂလေဇာမိသားစုဟာ၂၀၀၅ခုနှစ်၊မေလတုန်းကယူနိုက်တက်ကိုပေါင်သန်း၇၉၀ဖြင့်ဝယ်ယူခဲ့တာဖြစ်ပေမဲ့ယင်းနောက်ပိုင်းတွင်အကြွေးနှင့်အတိုးတို့အတွက်ပေါင်၁ဘီလီယံကျော်ဆပ်ခဲ့ရပြီးဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ယူနိုက်တက်ရဲ့စတော့ရှယ်ယာပေါက်ဈေးမှာပေါင်၃.၀၅ဘီလီယံသာရှိပေမဲ့လည်းဂလေဇာမိသားစုအနေဖြင့်ယင်းထက်မြင့်မားတဲ့ပမာဏဖြင့်ရောင်းချလာဖို့ရှိနေပါတယ်။

လက်ရှိအချိန်တွင်ယူနိုက်တက်ကိုဗြိတိန်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းဝင်ဆာဂျမ်ရက်ကလစ်ဖ်၊အရှေ့အလယ်ပိုင်းမှရင်းနှီးမြှပ်နှံသူများ၊ Apple နှင့် Zara တို့ကဝယ်ယူရေးစိတ်ဝင်စားနေကြောင်းသိရပါတယ်။

ZawGyi

ယူႏိုက္တက္ကို ေရာင္းခ်ေရး ယခုရာသီအတြင္းတြင္ အၿပီးသတ္လုပ္ေဆာင္လာမယ့္ ဂေလဇာမိသားစု

မန္ခ်က္စတာယူႏိုက္တက္ဟာယခုရာသီမကုန္မီတြင္ပင္အသင္းပိုင္ရွင္သစ္လက္ေအာက္သို႔ေရာက္လာေတာ့မွာျဖစ္ပါတယ္။

၂၀၀၅ခုႏွစ္ကတည္းကယူႏိုက္တက္ကိုဝယ္ယူလာခဲ့ၾကတဲ့ဂေလဇာမိသားစုဟာၿပီးခဲ့တဲ့လတုန္းကယူႏိုက္တက္ကိုေရာင္းခ်သြားေတာ့မွာျဖစ္ေၾကာင္းေၾကညာခဲ့ပါတယ္။

ဂေလဇာမိသားစုဟာယူႏိုက္တက္ကိုေရာင္းခ်ေရးအတြက္အခ်ိန္အပိုင္းအျခားသတ္မွတ္ထားတာမရွိပါဘူး။ဒါေပမဲ့ယေန႔ထြက္ေပၚလာတဲ့သတင္းအရဂေလဇာမိသားစုဟာယူႏိုက္တက္ကိုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မတိုင္မီတြင္အၿပီးသတ္ေရာင္းခ်ေရးလုပ္ေဆာင္သြားမယ္လို႔သိရပါတယ္။

ဂေလဇာမိသားစုဟာ၂၀၀၅ခုႏွစ္၊ေမလတုန္းကယူႏိုက္တက္ကိုေပါင္သန္း၇၉၀ျဖင့္ဝယ္ယူခဲ့တာျဖစ္ေပမဲ့ယင္းေနာက္ပိုင္းတြင္အေႂကြးႏွင့္အတိုးတို႔အတြက္ေပါင္၁ဘီလီယံေက်ာ္ဆပ္ခဲ့ရၿပီးျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ယူႏိုက္တက္ရဲ႕စေတာ့ရွယ္ယာေပါက္ေဈးမွာေပါင္၃.၀၅ဘီလီယံသာရွိေပမဲ့လည္းဂေလဇာမိသားစုအေနျဖင့္ယင္းထက္ျမင့္မားတဲ့ပမာဏျဖင့္ေရာင္းခ်လာဖို႔ရွိေနပါတယ္။

လက္ရွိအခ်ိန္တြင္ယူႏိုက္တက္ကိုၿဗိတိန္ရဲ႕အခ်မ္းသာဆုံးပုဂၢိဳလ္စာရင္းဝင္ဆာဂ်မ္ရက္ကလစ္ဖ္၊အေရွ႕အလယ္ပိုင္းမွရင္းႏွီးျမႇပ္ႏွံသူမ်ား၊ Apple ႏွင့္ Zara တို႔ကဝယ္ယူေရးစိတ္ဝင္စားေနေၾကာင္းသိရပါတယ္။