ယူနိုက်တက်ကို ရှုံးနိမ့်ပြီး ရက်အနည်းငယ်အကြာတွင် နေးလ်လင်နွန်ကို အိုမိုနီယာနီကိုရှားထုတ်ပယ်

ဆိုက်ပရပ်စ်ကလပ်အိုမိုနီယာနီကိုရှားဟာအိုးထရက်ဖို့ဒ်တွင်ယူနိုက်တက်ကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးရက်အနည်းငယ်အကြာမှာဘဲနည်းပြနေးလ်လင်နွန်ကိုရာထူးမှထုတ်ပယ်လာပါတယ်။

လင်နွန်ရဲ့အိုမိုနီယာနီကိုရှားဟာအိုးထရက်ဖို့ဒ်တွင်တစ်မှတ်ရလုနီးပါးအနေအထားသို့ရောက်ပြီးမှနာကျင်အချိန်ပိုတွင်စကော့မက်တိုမီနေးသွင်းယူတဲ့ဂိုးကြောင့်၁-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

အိုမိုနီယာနီကိုရှားဟာလွန်ခဲ့တဲ့တစ်ပတ်ကျော်တုန်းကအိမ်ကွင်းတွင်ယူနိုက်တက်ကို၃-၂ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါသေးတယ်။

ဒါပေမဲ့အိုမိုနီယာနီကိုရှားဟာပြည်တွင်းလိဂ်ပွဲစဉ်တွေမှာတော့မျှော်မှန်းထားသလောက်စွမ်းဆောင်နိုင်ခြင်းမရှိပါဘူး။

စကော့တလန်လူမျိုးနည်းပြနေးလ်လင်နွန်ဟာပြီးခဲ့တဲ့အပတ်တုန်းကနီယာဆာလာမစ်ကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်မှာတော့ကလပ်ကို၇လအကြာကိုင်တွယ်အပြီးမှာဘဲထုတ်ပယ်ခြင်းခံလာရပြီဖြစ်ပါတယ်။

ယင်းရှုံးပွဲကြောင့်အိုမိုနီယာနီကိုရှားဟာဆိုက်ပရပ်စ်ပထမတန်းလိဂ်တွင် ၇ပွဲကစားခဲ့ရာမှာ၄ပွဲရှုံးပွဲကြုံတွေ့ပြီးအမှတ်ပေးဇယားအဆင့်၇နေရာမှာရပ်တည်နေပါတယ်။

လင်နွန်ဟာမေလတုန်းကအိုမိုနီယာနီကိုရှားကို Cypriot Cup ရရှိအောင်စွမ်းဆောင်ပြီးလအနည်းငယ်အကြာမှာဘဲထုတ်ပယ်ခံလာရတာဖြစ်ပါတယ်။

ZawGyi

ယူႏိုက္တက္ကို ရႈံးနိမ့္ၿပီး ရက္အနည္းငယ္အၾကာတြင္ ေနးလ္လင္ႏြန္ကို အိုမိုနီယာနီကိုရွားထုတ္ပယ္

ဆိုက္ပရပ္စ္ကလပ္အိုမိုနီယာနီကိုရွားဟာအိုးထရက္ဖို႔ဒ္တြင္ယူႏိုက္တက္ကို၁-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးရက္အနည္းငယ္အၾကာမွာဘဲနည္းျပေနးလ္လင္ႏြန္ကိုရာထူးမွထုတ္ပယ္လာပါတယ္။

လင္ႏြန္ရဲ႕အိုမိုနီယာနီကိုရွားဟာအိုးထရက္ဖို႔ဒ္တြင္တစ္မွတ္ရလုနီးပါးအေနအထားသို႔ေရာက္ၿပီးမွနာက်င္အခ်ိန္ပိုတြင္စေကာ့မက္တိုမီေနးသြင္းယူတဲ့ဂိုးေၾကာင့္၁-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

အိုမိုနီယာနီကိုရွားဟာလြန္ခဲ့တဲ့တစ္ပတ္ေက်ာ္တုန္းကအိမ္ကြင္းတြင္ယူႏိုက္တက္ကို၃-၂ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါေသးတယ္။

ဒါေပမဲ့အိုမိုနီယာနီကိုရွားဟာျပည္တြင္းလိဂ္ပြဲစဥ္ေတြမွာေတာ့ေမွ်ာ္မွန္းထားသေလာက္စြမ္းေဆာင္ႏိုင္ျခင္းမရွိပါဘူး။

စေကာ့တလန္လူမ်ိဳးနည္းျပေနးလ္လင္ႏြန္ဟာၿပီးခဲ့တဲ့အပတ္တုန္းကနီယာဆာလာမစ္ကို၁-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္မွာေတာ့ကလပ္ကို၇လအၾကာကိုင္တြယ္အၿပီးမွာဘဲထုတ္ပယ္ျခင္းခံလာရၿပီျဖစ္ပါတယ္။

ယင္းရႈံးပြဲေၾကာင့္အိုမိုနီယာနီကိုရွားဟာဆိုက္ပရပ္စ္ပထမတန္းလိဂ္တြင္ ၇ပြဲကစားခဲ့ရာမွာ၄ပြဲရႈံးပြဲႀကဳံေတြ႕ၿပီးအမွတ္ေပးဇယားအဆင့္၇ေနရာမွာရပ္တည္ေနပါတယ္။

လင္ႏြန္ဟာေမလတုန္းကအိုမိုနီယာနီကိုရွားကို Cypriot Cup ရရွိေအာင္စြမ္းေဆာင္ၿပီးလအနည္းငယ္အၾကာမွာဘဲထုတ္ပယ္ခံလာရတာျဖစ္ပါတယ္။