
ကာတာရဲ့အကြီးမားဆုံးဘဏ်များထဲမှ တစ်ခုရဲ့ဥက္ကဌရှိတ်ဂျက်စ်ဆမ်ဘင်ဟာမက်အယ်သာနီဟာသူ့ဖောင်ဒေးရှင်းမှတဆင့် မန်ချက်စတာယူနိုက်တက်ကိုဝယ်ယူရေးကမ်းလှမ်းမှုပြုလုပ်ထားကြောင်းသိရပါတယ်။
ဒါ့အပြင်ဆာဂျမ်ရက်ကလစ်ဖ်ပိုင်ဆိုင်တဲ့ Ineos ကလည်းယူနိုက်တက်ကိုဝယ်ယူရေးအပြိုင်ကမ်းလှမ်းထားပါတယ်။
စီးပွားရေးလုပ်ငန်းရှင်ဆာဂျမ်ရက်ကလစ်ဖ်ဟာငယ်စဉ်ကတည်းကယူနိုက်တက်ကိုအားပေးလာသူဖြစ်ပြီး ယူနိုက်တက်ကိုဝယ်ယူလိုကြောင်းယခင်ကတည်းကလူသိရှင်ကြားဖွင့်ဟလာခဲ့သူလည်းဖြစ်ပါတယ်။
၂၀၀၅ခုနှစ်ကတည်းကယူနိုက်တက်ကိုပိုင်ဆိုင်လာခဲ့တဲ့ဂလေဇာမိသားစုဟာအစောပိုင်းတုန်းကကလပ်ကိုရောင်းရန်ငြင်းခဲ့ပေမဲ့လည်းနိုဝင်ဘာလမှာတော့စိတ်ပြောင်းကာကလပ်ကိုရောင်းချတော့မယ်လို့ကြေညာခဲ့ပါတယ်။
ယူနိုက်တက်ကိုဝယ်ယူရေးကမ်းလှမ်းထားတဲ့ရိတ်ဂျက်စ်ဆမ်ရဲ့Nine Two Foundation က “ကလပ်ကိုယခင်အောင်မြင်မှုတွေပြန်လည်ရယူရေးအတွက်စီစဉ်ထားတာပါဝင်ပါတယ်။ရှိတ်ဂျက်စ်ဆမ်ရဲ့Nine Two Foundation ကနေတဆင့်ကြွေးမြီတွေအားလုံးကင်းအောင်လုပ်ပေးမယ်။ဘောလုံးအသင်းတွေမှာရင်းနှီးမြှပ်နှံပေးမယ်။လေ့ကျင့်ရေးစင်တာ၊ကွင်း၊ပိုမိုကျယ်ပြန့်တဲ့အခြေခံအဆောက်အဦ၊ပရိသတ်အတွေ့အကြုံနဲ့ပရိသတ်တွေနဲ့ဆက်ဆံမှုအပိုင်းပိုကောင်းအောင်လုပ်သွားပါမယ်။ယူနိုက်တက်ကိုဝယ်ယူရေးကမ်းလှမ်းထားတဲ့အမြင်ကဘောလုံးဆိုင်ရာထူးချွန်လို့၊ကမ္ဘာ့အကြီးကျယ်ဆုံးဘောလုံးကလပ်ဖြစ်လို့ပါ”လို့ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ဆာဂျမ်ရက်ကလစ်ဖ်ပိုင်တဲ့ Ineos ကတော့ယူနိုက်တက်ကိုဝယ်ယူရေးကမ်းလှမ်းထားပေမဲ့တစုံတရာထုတ်ပြန်ထားခြင်းမရှိပါဘူး။
ဒါပေမဲ့ Ineos ဟာအားကစားလောကတွင်များစွာရင်းနှီးမြှပ်နံထားတဲ့အသင်းဖြစ်ပါတယ်။၎င်းတို့ဟာပြင်သစ်လီဂူး၁ကလပ်နိုက်စ်ကိုပိုင်ဆိုင်သလို ဆွစ်ဇာလန်ကလပ် Lausanne ကိုလည်းပိုင်ဆိုင်ပါတယ်။ဒါ့အပြင်နာမည်ကျော်ရွှက်လှေအသင်း Ineos Britanniaကိုလည်းပိုင်ဆိုင်ပါတယ်။၎င်းတို့ဟာ၂၀၁၉ခုနှစ်ကတည်းက စက်ဘီးအသင်း Team Sky ကိုပိုင်ဆိုင်လာခဲ့သလိုဖော်မြူလာဝမ်းအသင်း Mercedes နှင့်လည်းငါးနှစ်တာလက်တွဲထားပါတယ်။
ဆာဂျမ်ရက်လစ်ဖ်ဟာယူနိုက်တက်ကိုငယ်စဉ်ကတည်းကအားပေးလာသူအဖြစ်လူသိများသူဖြစ်ပြီးရှိတ်ဂျက်စ်ဆမ်မှာ ကာတာဘဏ် QIB ရဲ့ဥက္ကဌဖြစ်သလိုကာတာဝန်ကြီးချုပ်ဟောင်းရဲ့သားလည်းဖြစ်ပါတယ်။
၎င်းတို့ဟာယူနိုက်တက်ကိုဝယ်ယူရေးငွေကြေးဘယ်လောက်နှင့်ကမ်းလှမ်းထားတယ်ဆိုတာမကြေညာထားပါဘူး။ဒါပေမဲ့အနည်းဆုံးပေါင်၅ဘီလီယံဖြင့်ကမ်းလှမ်းထားတယ်လို့ယုံကြည်ရပါတယ်။
ဒါ့အပြင်ဆော်ဒီနှင့်အမေရိကန်ရင်းနှီးမြှပ်နှံသူများကလည်းယူနိုက်တက်ကိုဝယ်ယူရေးကမ်းလှမ်းထားတယ်လို့ယုံကြည်ရပါတယ်။
ZawGyi
ယူႏိုက္တက္ကို ဝယ္ယူရန္အတြက္ ကာတာရဲ႕ရွိတ္ဂ်က္စ္ဆမ္ႏွင့္ Ineos တို႔ အၿပိဳင္ ကမ္းလွမ္း
ကာတာရဲ႕အႀကီးမားဆုံးဘဏ္မ်ားထဲမွ တစ္ခုရဲ႕ဥကၠဌရွိတ္ဂ်က္စ္ဆမ္ဘင္ဟာမက္အယ္သာနီဟာသူ႔ေဖာင္ေဒးရွင္းမွတဆင့္ မန္ခ်က္စတာယူႏိုက္တက္ကိုဝယ္ယူေရးကမ္းလွမ္းမႈျပဳလုပ္ထားေၾကာင္းသိရပါတယ္။
ဒါ့အျပင္ဆာဂ်မ္ရက္ကလစ္ဖ္ပိုင္ဆိုင္တဲ့ Ineos ကလည္းယူႏိုက္တက္ကိုဝယ္ယူေရးအၿပိဳင္ကမ္းလွမ္းထားပါတယ္။
စီးပြားေရးလုပ္ငန္းရွင္ဆာဂ်မ္ရက္ကလစ္ဖ္ဟာငယ္စဥ္ကတည္းကယူႏိုက္တက္ကိုအားေပးလာသူျဖစ္ၿပီး ယူႏိုက္တက္ကိုဝယ္ယူလိုေၾကာင္းယခင္ကတည္းကလူသိရွင္ၾကားဖြင့္ဟလာခဲ့သူလည္းျဖစ္ပါတယ္။
၂၀၀၅ခုႏွစ္ကတည္းကယူႏိုက္တက္ကိုပိုင္ဆိုင္လာခဲ့တဲ့ဂေလဇာမိသားစုဟာအေစာပိုင္းတုန္းကကလပ္ကိုေရာင္းရန္ျငင္းခဲ့ေပမဲ့လည္းႏိုဝင္ဘာလမွာေတာ့စိတ္ေျပာင္းကာကလပ္ကိုေရာင္းခ်ေတာ့မယ္လို႔ေၾကညာခဲ့ပါတယ္။
ယူႏိုက္တက္ကိုဝယ္ယူေရးကမ္းလွမ္းထားတဲ့ရိတ္ဂ်က္စ္ဆမ္ရဲ႕Nine Two Foundation က “ကလပ္ကိုယခင္ေအာင္ျမင္မႈေတြျပန္လည္ရယူေရးအတြက္စီစဥ္ထားတာပါဝင္ပါတယ္။ရွိတ္ဂ်က္စ္ဆမ္ရဲ႕Nine Two Foundation ကေနတဆင့္ေႂကြးၿမီေတြအားလုံးကင္းေအာင္လုပ္ေပးမယ္။ေဘာလုံးအသင္းေတြမွာရင္းႏွီးျမႇပ္ႏွံေပးမယ္။ေလ့က်င့္ေရးစင္တာ၊ကြင္း၊ပိုမိုက်ယ္ျပန႔္တဲ့အေျခခံအေဆာက္အဦ၊ပရိသတ္အေတြ႕အႀကဳံနဲ႔ပရိသတ္ေတြနဲ႔ဆက္ဆံမႈအပိုင္းပိုေကာင္းေအာင္လုပ္သြားပါမယ္။ယူႏိုက္တက္ကိုဝယ္ယူေရးကမ္းလွမ္းထားတဲ့အျမင္ကေဘာလုံးဆိုင္ရာထူးခြၽန္လို႔၊ကမာၻ႔အႀကီးက်ယ္ဆုံးေဘာလုံးကလပ္ျဖစ္လို႔ပါ”လို႔ထုတ္ျပန္ထားပါတယ္။
ဒါေပမဲ့ ဆာဂ်မ္ရက္ကလစ္ဖ္ပိုင္တဲ့ Ineos ကေတာ့ယူႏိုက္တက္ကိုဝယ္ယူေရးကမ္းလွမ္းထားေပမဲ့တစုံတရာထုတ္ျပန္ထားျခင္းမရွိပါဘူး။
ဒါေပမဲ့ Ineos ဟာအားကစားေလာကတြင္မ်ားစြာရင္းႏွီးျမႇပ္နံထားတဲ့အသင္းျဖစ္ပါတယ္။၎တို႔ဟာျပင္သစ္လီဂူး၁ကလပ္ႏိုက္စ္ကိုပိုင္ဆိုင္သလို ဆြစ္ဇာလန္ကလပ္ Lausanne ကိုလည္းပိုင္ဆိုင္ပါတယ္။ဒါ့အျပင္နာမည္ေက်ာ္႐ႊက္ေလွအသင္း Ineos Britanniaကိုလည္းပိုင္ဆိုင္ပါတယ္။၎တို႔ဟာ၂၀၁၉ခုႏွစ္ကတည္းက စက္ဘီးအသင္း Team Sky ကိုပိုင္ဆိုင္လာခဲ့သလိုေဖာ္ျမဴလာဝမ္းအသင္း Mercedes ႏွင့္လည္းငါးႏွစ္တာလက္တြဲထားပါတယ္။
ဆာဂ်မ္ရက္လစ္ဖ္ဟာယူႏိုက္တက္ကိုငယ္စဥ္ကတည္းကအားေပးလာသူအျဖစ္လူသိမ်ားသူျဖစ္ၿပီးရွိတ္ဂ်က္စ္ဆမ္မွာ ကာတာဘဏ္ QIB ရဲ႕ဥကၠဌျဖစ္သလိုကာတာဝန္ႀကီးခ်ဳပ္ေဟာင္းရဲ႕သားလည္းျဖစ္ပါတယ္။
၎တို႔ဟာယူႏိုက္တက္ကိုဝယ္ယူေရးေငြေၾကးဘယ္ေလာက္ႏွင့္ကမ္းလွမ္းထားတယ္ဆိုတာမေၾကညာထားပါဘူး။ဒါေပမဲ့အနည္းဆုံးေပါင္၅ဘီလီယံျဖင့္ကမ္းလွမ္းထားတယ္လို႔ယုံၾကည္ရပါတယ္။
ဒါ့အျပင္ေဆာ္ဒီႏွင့္အေမရိကန္ရင္းႏွီးျမႇပ္ႏွံသူမ်ားကလည္းယူႏိုက္တက္ကိုဝယ္ယူေရးကမ္းလွမ္းထားတယ္လို႔ယုံၾကည္ရပါတယ္။