
ယူနိုက်တက်ကိုဝယ်ယူရန်ကမ်းလှမ်းထားတဲ့ကာတာဘီလျှံနာရဲ့ဖခင်ဖြစ်သူကသားဖြစ်သူလုပ်ဆောင်မှုကိုအားမပေးကြောင်းပြောကြားလာပါတယ်။
ကာတာဝန်ကြီးချုပ်ဟောင်းရှိတ်ဟာမက်ဘင်ဂျာဘာအယ်သာနီကသားဖြစ်သူရဲ့ယူနိုက်တက်ကိုဝယ်ယူရေးကမ်းလှမ်းထားမှုမှာကာတာနိုင်ငံကိုကြော်ငြာခြင်းထက် ရင်းနှီးမြှပ်နှံရေးအခွင့်အရေးတစ်ခုအဖြစ်သာမြင်ကြောင်းလည်းဆိုသွားပါတယ်။
ကာတာရဲ့အကြီးမားဆုံးဘဏ် QIB ဥက္ကဌရှိတ်ဂျမ်ဆမ်ဘင်ဟာမက်အယ်သာနီဟာ ယူနိုက်တက်ကိုဝယ်ယူရေးအတွက်ပေါင်၅ဘီလီယံဖြင့်ကမ်းလှမ်းထားပါတယ်။သူဟာယူနိုက်တက်ရဲ့ကြွေးမြီအားလုံးကိုရှင်းလင်းပေးမဲ့အပြင်ကာရင်တန်လေ့ကျင့်ရေးကွင်းနှင့်အိုးထရက်ဖို့ဒ်ကွင်းတို့ကိုလည်းအဆင်မြှင့်တင်ပေးမယ်လို့ကတိပြုထားပါတယ်။
သူဟာရေနံ၊ဂက်စ်တို့ဖြင့်ကြွယ်ဝချမ်းသာလာတဲ့ဖခင်ဖြစ်သူရှိတ်ဟာမက်ရဲ့အားပေးထောက်ခံမှုဖြင့်ယူနိုက်တက်ကိုဝယ်ယူရေးလုပ်ဆောင်လာတာလို့ယုံကြည်ရပါတယ်။
ဒါပေမဲ့ဖခင်ဖြစ်သူက “ကျွန်တော်ကဘောလံးပရိသတ်မဟုတ်ပါဘူး။ဒီရင်းနှီးမြှပ်နှံမှုကိုလည်းမကြိုက်ပါဘူး။အလုပ်ဖြစ်ကောင်းဖြစ်လိမ့်မယ်။ဒါပေမဲ့ခင်ဗျားတို့လည်းသိတဲ့အတိုင်းကျုပ်သားကဒါမျိုးမှကြိုက်တယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော့်ကိုလည်းဆွေးနွေးပါတယ်။သူတို့အရမ်းတွန်းကြတယ်။ဒါပေမဲ့ဘောလုံးနဲ့ပတ်သက်ပြီးကျွန်တော်မကျွမ်းကျင်ပါဘူး။ကျွန်တော်ကရင်းနှီးမြှပ်နံရေးသမားပါ။တစ်နေ့ကျရင်ကောင်းမွန်တဲ့ရင်းနှီးမြှပ်နှံမှုတစ်ခုဖြစ်လာနိုင်တယ်ဆိုရင်လုပ်ဖို့လည်းစဉ်းစားမယ်။ကျွန်တော်ကကိုယ့်နိုင်ငံကိုကြော်ငြာချင်ရုံနဲ့ရင်းနှီးမြှပ်နှံမှုမလုပ်ချင်ပါဘူး”လို့ပြောကြားသွားပါတယ်။
ဆက်လက်ပြီးရှိတ်ဟာမက်ကကာတာကိုကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်ကျင်းပရေးအတွက်ထောက်ခံခဲ့ခြင်းမရှိကြောင်း၊သို့ရာတွင်အကြီးအကျယ်အောင်မြင်မှုရရှိခဲ့ကြောင်းဝန်ခံသွားပါတယ်။
၎င်းက “ကျွန်တော့်ရွေးချယ်မှုမဟုတ်ပါဘူး။ကျွန်တော်လည်းမလုပ်ခဲ့ပါဘူး။ကျွန်တော်ကဝန်ကြီးချုပ်ဖြစ်ခဲ့တယ်။ဘုရင်ကြီးနဲ့အိမ်ရှေ့စံဆီကဒီစိတ်ကူးဖြစ်လာတာ။ကျွန်တော်ဆန့်ကျင်တာကိုလည်းသူတို့သိပါတယ်။ကျွန်တော်ကငွေအများကြီးကုန်မယ်၊အချိန်လည်းအများကြီးကုန်မယ်လို့တေးခဲ့တယ်။ကျွန်တော်ကလူတွေနဲ့နိုင်ငံကောင်းဖို့အတွက်ပဲငွေတွေသုံးချင်တယ်။ဒါပေမဲ့အခုကျွန်တော့်ကိုမေးလာရင်အပြုသဘောဆောင်တာတွေအများကြီးဖြစ်လာတယ်လို့ပြောပါမယ်။ကာတာကိုကမ္ဘာ့မြေပုံမှာအပြုသဘောဆောင်တာပဲဖြစ်လာစေတာမဟုတ်ပါဘူး။လာလည်ပတ်တဲ့လူတွေကိုလည်းကြည့်လိုက်ပါ။ကျွန်တော်ဟာတကမ္ဘာလုံးကစီးပွားရေးအသိုင်းအဝိုင်းကလူတွေအများကြီးနဲ့သိတယ်။အခုလူတွေကပထမဆုံးအကြိမ်အဖြစ်နဲ့ရောက်လာကြပါတယ်။မိသားစုကိုပါခေါ်လာကြတယ်”လို့ပြောကြားသွားပါတယ်။
ZawGyi
ယူႏိုက္တက္ကို ဝယ္ယူရန္ သားျဖစ္သူ ကမ္းလွမ္းထားမႈအေပၚ သူ႔အျမင္ကို ဖြင့္ဟလာတဲ့ ကာတာဘီလွ်ံနာ
ယူႏိုက္တက္ကိုဝယ္ယူရန္ကမ္းလွမ္းထားတဲ့ကာတာဘီလွ်ံနာရဲ႕ဖခင္ျဖစ္သူကသားျဖစ္သူလုပ္ေဆာင္မႈကိုအားမေပးေၾကာင္းေျပာၾကားလာပါတယ္။
ကာတာဝန္ႀကီးခ်ဳပ္ေဟာင္းရွိတ္ဟာမက္ဘင္ဂ်ာဘာအယ္သာနီကသားျဖစ္သူရဲ႕ယူႏိုက္တက္ကိုဝယ္ယူေရးကမ္းလွမ္းထားမႈမွာကာတာႏိုင္ငံကိုေၾကာ္ျငာျခင္းထက္ ရင္းႏွီးျမႇပ္ႏွံေရးအခြင့္အေရးတစ္ခုအျဖစ္သာျမင္ေၾကာင္းလည္းဆိုသြားပါတယ္။
ကာတာရဲ႕အႀကီးမားဆုံးဘဏ္ QIB ဥကၠဌရွိတ္ဂ်မ္ဆမ္ဘင္ဟာမက္အယ္သာနီဟာ ယူႏိုက္တက္ကိုဝယ္ယူေရးအတြက္ေပါင္၅ဘီလီယံျဖင့္ကမ္းလွမ္းထားပါတယ္။သူဟာယူႏိုက္တက္ရဲ႕ေႂကြးၿမီအားလုံးကိုရွင္းလင္းေပးမဲ့အျပင္ကာရင္တန္ေလ့က်င့္ေရးကြင္းႏွင့္အိုးထရက္ဖို႔ဒ္ကြင္းတို႔ကိုလည္းအဆင္ျမႇင့္တင္ေပးမယ္လို႔ကတိျပဳထားပါတယ္။
သူဟာေရနံ၊ဂက္စ္တို႔ျဖင့္ႂကြယ္ဝခ်မ္းသာလာတဲ့ဖခင္ျဖစ္သူရွိတ္ဟာမက္ရဲ႕အားေပးေထာက္ခံမႈျဖင့္ယူႏိုက္တက္ကိုဝယ္ယူေရးလုပ္ေဆာင္လာတာလို႔ယုံၾကည္ရပါတယ္။
ဒါေပမဲ့ဖခင္ျဖစ္သူက “ကြၽန္ေတာ္ကေဘာလံးပရိသတ္မဟုတ္ပါဘူး။ဒီရင္းႏွီးျမႇပ္ႏွံမႈကိုလည္းမႀကိဳက္ပါဘူး။အလုပ္ျဖစ္ေကာင္းျဖစ္လိမ့္မယ္။ဒါေပမဲ့ခင္ဗ်ားတို႔လည္းသိတဲ့အတိုင္းက်ဳပ္သားကဒါမ်ိဳးမွႀကိဳက္တယ္။ဒါနဲ႔ပတ္သက္ၿပီးကြၽန္ေတာ့္ကိုလည္းေဆြးေႏြးပါတယ္။သူတို႔အရမ္းတြန္းၾကတယ္။ဒါေပမဲ့ေဘာလုံးနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္မကြၽမ္းက်င္ပါဘူး။ကြၽန္ေတာ္ကရင္းႏွီးျမႇပ္နံေရးသမားပါ။တစ္ေန႔က်ရင္ေကာင္းမြန္တဲ့ရင္းႏွီးျမႇပ္ႏွံမႈတစ္ခုျဖစ္လာႏိုင္တယ္ဆိုရင္လုပ္ဖို႔လည္းစဥ္းစားမယ္။ကြၽန္ေတာ္ကကိုယ့္ႏိုင္ငံကိုေၾကာ္ျငာခ်င္႐ုံနဲ႔ရင္းႏွီးျမႇပ္ႏွံမႈမလုပ္ခ်င္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။
ဆက္လက္ၿပီးရွိတ္ဟာမက္ကကာတာကိုကမာၻ႔ဖလားအိမ္ရွင္အျဖစ္က်င္းပေရးအတြက္ေထာက္ခံခဲ့ျခင္းမရွိေၾကာင္း၊သို႔ရာတြင္အႀကီးအက်ယ္ေအာင္ျမင္မႈရရွိခဲ့ေၾကာင္းဝန္ခံသြားပါတယ္။
၎က “ကြၽန္ေတာ့္ေ႐ြးခ်ယ္မႈမဟုတ္ပါဘူး။ကြၽန္ေတာ္လည္းမလုပ္ခဲ့ပါဘူး။ကြၽန္ေတာ္ကဝန္ႀကီးခ်ဳပ္ျဖစ္ခဲ့တယ္။ဘုရင္ႀကီးနဲ႔အိမ္ေရွ႕စံဆီကဒီစိတ္ကူးျဖစ္လာတာ။ကြၽန္ေတာ္ဆန႔္က်င္တာကိုလည္းသူတို႔သိပါတယ္။ကြၽန္ေတာ္ကေငြအမ်ားႀကီးကုန္မယ္၊အခ်ိန္လည္းအမ်ားႀကီးကုန္မယ္လို႔ေတးခဲ့တယ္။ကြၽန္ေတာ္ကလူေတြနဲ႔ႏိုင္ငံေကာင္းဖို႔အတြက္ပဲေငြေတြသုံးခ်င္တယ္။ဒါေပမဲ့အခုကြၽန္ေတာ့္ကိုေမးလာရင္အျပဳသေဘာေဆာင္တာေတြအမ်ားႀကီးျဖစ္လာတယ္လို႔ေျပာပါမယ္။ကာတာကိုကမာၻ႔ေျမပုံမွာအျပဳသေဘာေဆာင္တာပဲျဖစ္လာေစတာမဟုတ္ပါဘူး။လာလည္ပတ္တဲ့လူေတြကိုလည္းၾကည့္လိုက္ပါ။ကြၽန္ေတာ္ဟာတကမာၻလုံးကစီးပြားေရးအသိုင္းအဝိုင္းကလူေတြအမ်ားႀကီးနဲ႔သိတယ္။အခုလူေတြကပထမဆုံးအႀကိမ္အျဖစ္နဲ႔ေရာက္လာၾကပါတယ္။မိသားစုကိုပါေခၚလာၾကတယ္”လို႔ေျပာၾကားသြားပါတယ္။