ယူနိုက်တက်ကို ဝယ်ယူရေးကြိုးပမ်းမဲ့ ရင်းနှီးမြှပ်နှံ့ရေးအဖွဲ့များနှင့် ပါဝင်လာမယ့် သရဲနီဂန္ထဝင်ဒေးဗစ်ဘက်ဟမ်း

ဒေးဗစ်ဘက်ဟမ်းဟာမန်ချက်စတာယူနိုက်တက်ကိုဝယ်ယူရေးကြိုးပမ်းလာမယ့်ရင်းနှီးမြှပ်နှံရေးအဖွဲ့များနှင့်ဆွေးနွေးမှုများပြုလုပ်ရန်တံခါးဖွင့်ထားကြောင်းသိရပါတယ်။

အင်္ဂါနေ့တုန်းကဂလေဇာမိသားစုကမန်ချက်စတာယူနိုက်တက်ကိုရောင်းချလာမှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

ဗြိတိန်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ရေးဆာဂျမ်ရက်ကလစ်ဖ်ကယူနိုက်တက်ကိုဝယ်ယူရေးကမ်းလှမ်းသူအဖြစ်ဦးစွာပေါ်ထွက်လာပြီလည်းဖြစ်ပါတယ်။

ဒါပေမဲ့ Financial Times ရဲ့ဖော်ပြလာမှုအရ ယူနိုက်တက်ကိုဝယ်ယူရေးကြိုးပမ်းလာမဲ့အဖွဲ့များဟာဒေးဗစ်ဘက်ဟမ်းကိုလည်း၎င်းတို့ရဲ့အဖွဲ့ထဲတွင်ထည့်သွင်းကာယူနိုက်တက်ကိုဝယ်ယူရေးအခြေအနေကောင်းလာအောင်လုပ်ဆောင်လိုလျက်ရှိနေကြောင်းသိရပါတယ်။

အင်္ဂလန်နှင့်ယူနိုက်တက်ဂန္ထဝင်ဒေးဗစ်ဘက်ဟမ်းဟာပေါင်သန်း၃၇၀ဝန်းကျင်သာကြွယ်ဝချမ်းသာရာယူနိုက်တက်ကိုဝယ်ယူရေးမတတ်နိုင်ပါဘူး။ဒါပေမဲ့ဒေးဗစ်ဘက်ဟမ်းဟာယူနိုက်တက်ကိုဝယ်ယူရေးကြိုးပမ်းလာမယ့်မည်သည့်ရင်းနှီးမြှပ်နှံရေးအဖွဲ့အတွက်မဆို နှာတစ်ဖျားရလာစေနိုင်တဲ့သူတစ်ဦးဖြစ်နေစေလျက်ရှိပါတယ်။

တကယ်လို့များဒေးဗစ်ဘက်ဟမ်းရဲ့ထောက်ခံအားပေးမှုသာရရှိလာလျှင် ယူနိုက်တက်ကိုဝယ်ယူရေးအတွက် ရင်းနှီးမြှပ်နှံရေးအဖွဲ့အတွက်အခြေအနေကောင်းလာမှာလည်းဖြစ်ပါတယ်။

ဒေးဗစ်ဘက်ဟမ်းဟာယူနိုက်တက်တွင်ဆယ်စုနှစ်တစ်ခုနီးပါးကြာကစားလာခဲ့သူဖြစ်ပြီးပရီးမီးယားလိဂ်ဖလား၆ကြိမ်၊အက်ဖ်အေဖလား၂ကြိမ်၊ချန်ပီယံလိဂ်၁ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာဆာအဲလက်စ်ဖာဂူဆန်ရဲ့လက်အောက်တွင်ယူနိုက်တက်အတွက်၃၈၈ပွဲကစားရာမှာ၈၅ဂိုးသွင်းပြီး၁၀၉ကြိမ်ဖန်တီးမှုပြုလုပ်ထားပါတယ်။

သူဟာ၂၀၀၃ခုနှစ်တွင်ယူနိုက်တက်ကိုစွန့်ခွာပြီးရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့သွားခဲ့ပေမဲ့ယူနိုက်တက်ပရိသတ်အချစ်တော်တစ်ဦးအဖြစ်ရှိနေတုန်းဖြစ်ပါတယ်။

တကယ်လို့များဆာဂျမ်ရက်ကလစ်ဖ်ကသာယူနိုက်တက်ကိုဝယ်ယူရေးကမ်းလှမ်းမည်ဆိုပါက ဒေးဗစ်ဘက်ဟမ်းရဲ့ထောက်ခံမှုသာရလျှင်အခြေအနေကောင်းလာမှာသေချာနေပါတယ်။

ZawGyi










