ယူနိုက်တက်ကို ဝယ်ယူရေး နောက်ဆုံးအဆင့်တွင် ကာတာဘီလျှံနာ၊ ရက်ကလစ်ဖ်နှင့်အတူ အမည်မသိ အမေရိကန်ရင်းနှီးမြှပ်နှံသူတစ်ဦး ပါဝင်လာ

ယူနိုက်တက်ကိုဝယ်ယူရေးနောက်ဆုံးအဆင့်သို့ကာတာရဲ့အကြီးကျယ်ဆုံးဘဏ် QIB ဥက္ကဌရှိတ်ဂျက်ဆမ်၊ဗြိတိန်ဘီလျှံနာဆာဂျမ်ရက်ကလစ်ဖ်အပြင်အမည်မသိအမေရိကန်ရင်းနှီးမြှပ်နှံသူတစ်ဦးလည်းရောက်လာခဲ့ကြောင်းသိရပါတယ်။

ယူနိုက်တက်ကိုရောင်းချရေးအတွက်အမေရိကန်ရင်းနှီးမြှပ်နှံရေးကုမ္ပဏီ Raine Group ကဦးဆောင်လုပ်ဆောင်နေတာဖြစ်ပါတယ်။

QIB ဥက္ကဌရှိတ်ဂျက်ဆမ်ဟာ Nine Two Foundation မှတဆင့်ကမ်းလှမ်းထားတာဖြစ်ပြီးဆာဂျမ်ရက်ကလစ်ဖ်ကလည်းဝယ်ယူရေးတရားဝင်ကမ်းလှမ်းထားတာဖြစ်ပါတယ်။ဒါပေမဲ့အမည်မသိအခြေစိုက်ရင်းနှီးမြှပ်နှံသူတစ်ဦးကလည်းကမ်းလှမ်းမှုပြုလုပ်ထားပါတယ်။

ဒါပေမဲ့တဖက်တွင်ယူနိုက်တက်ပိုင်ရှင်များဖြစ်ကြတဲ့ဂျိုယေးနှင့်အေဗရမ်တို့ဟာယူနိုက်တက်ကိုအနည်းဆုံးပေါင်၆ဘီလီယံရရှိမှသာလျှင်ရောင်းချလိုနေတာဖြစ်ပြီးယခုကမ်းလှမ်းမှုများမှာ၎င်းတို့လိုချင်တဲ့ပမာဏမျိုးမှာမရှိပါဘူး။

ဒါကြောင့်လည်း၎င်းတို့ဟာစိတ်ပြောင်းလဲကာယူနိုက်တက်ကိုရောင်းချရေးဝေခွဲမရဖြစ်လာကြပါတယ်။

ZawGyi

ယူႏိုက္တက္ကို ဝယ္ယူေရး ေနာက္ဆုံးအဆင့္တြင္ ကာတာဘီလွ်ံနာ၊ ရက္ကလစ္ဖ္ႏွင့္အတူ အမည္မသိ အေမရိကန္ရင္းႏွီးျမႇပ္ႏွံသူတစ္ဦး ပါဝင္လာ

ယူႏိုက္တက္ကိုဝယ္ယူေရးေနာက္ဆုံးအဆင့္သို႔ကာတာရဲ႕အႀကီးက်ယ္ဆုံးဘဏ္ QIB ဥကၠဌရွိတ္ဂ်က္ဆမ္၊ၿဗိတိန္ဘီလွ်ံနာဆာဂ်မ္ရက္ကလစ္ဖ္အျပင္အမည္မသိအေမရိကန္ရင္းႏွီးျမႇပ္ႏွံသူတစ္ဦးလည္းေရာက္လာခဲ့ေၾကာင္းသိရပါတယ္။

ယူႏိုက္တက္ကိုေရာင္းခ်ေရးအတြက္အေမရိကန္ရင္းႏွီးျမႇပ္ႏွံေရးကုမၸဏီ Raine Group ကဦးေဆာင္လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

QIB ဥကၠဌရွိတ္ဂ်က္ဆမ္ဟာ Nine Two Foundation မွတဆင့္ကမ္းလွမ္းထားတာျဖစ္ၿပီးဆာဂ်မ္ရက္ကလစ္ဖ္ကလည္းဝယ္ယူေရးတရားဝင္ကမ္းလွမ္းထားတာျဖစ္ပါတယ္။ဒါေပမဲ့အမည္မသိအေျခစိုက္ရင္းႏွီးျမႇပ္ႏွံသူတစ္ဦးကလည္းကမ္းလွမ္းမႈျပဳလုပ္ထားပါတယ္။

ဒါေပမဲ့တဖက္တြင္ယူႏိုက္တက္ပိုင္ရွင္မ်ားျဖစ္ၾကတဲ့ဂ်ိဳေယးႏွင့္ေအဗရမ္တို႔ဟာယူႏိုက္တက္ကိုအနည္းဆုံးေပါင္၆ဘီလီယံရရွိမွသာလွ်င္ေရာင္းခ်လိုေနတာျဖစ္ၿပီးယခုကမ္းလွမ္းမႈမ်ားမွာ၎တို႔လိုခ်င္တဲ့ပမာဏမ်ိဳးမွာမရွိပါဘူး။

ဒါေၾကာင့္လည္း၎တို႔ဟာစိတ္ေျပာင္းလဲကာယူႏိုက္တက္ကိုေရာင္းခ်ေရးေဝခြဲမရျဖစ္လာၾကပါတယ္။