ယူနိုက်တက်ကို ဝယ်ယူရေး လုပ်ဆောင်လာတော့မည်ဟု ယူနိုက်တက်အမာခံပရိသတ် ဗြိတိန်အချမ်းသာဆုံးပုဂ္ဂိုလ်အတည်ပြုလာ

ဆာဂျမ်ရက်ကလစ်ဟာမန်ချက်စတာယူနိုက်တက်ကိုဝယ်ယူရေးကမ်းလှမ်းမှုပြုလုပ်နေကြောင်းအတည်ပြုလာပါတယ်။

ဗြိတိန်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဟာပြီးခဲ့တဲ့နိုဝင်ဘာလကတည်းကအရောင်းစာရင်းတင်လာတဲ့ယူနိုက်တက်ကိုဝယ်ယူရေးကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။

ဆာဂျမ်ရက်ကလစ်ပိုင် Ineos မှပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ကျွန်တော်တို့ဝယ်ယူရေးအတွက်လုပ်ဆောင်နေပါတယ်”လို့ The Times ကိုအတည်ပြုသွားပါတယ်။

ဂလေဇာမိသားစုဟာ၂၀၀၅ခုနှစ်ကတည်းကယူနိုက်တက်ကိုပိုင်ဆိုင်လာခဲ့တာဖြစ်ပြီး၎င်းတို့ရဲ့အငြင်းပွားဖွယ်ဝယ်ယူမှုကြောင့်ယူနိုက်တက်ပရိသတ်များရဲ့ဆန္ဒပြသပိတ်မှောက်မှုများနှင့်ဆက်တိုက်ကြုံလာခဲ့ရပါတယ်။

၎င်းတို့ဟာအစောပိုင်းတုန်းကယူနိုက်တက်ကိုရောင်းချရန်ငြင်းဆိုခဲ့ပေမဲ့လည်းနိုဝင်ဘာလမှတော့စိတ်ပြောင်းကာရောင်းချလာတော့မယ်လို့တရားဝင်ကြေညာခဲ့ပါတယ်။

ဆာဂျမ်ရက်ကလစ်ဖ်ဟာယူနိုက်တက်ကိုငယ်စဉ်ကတည်းကအားပေးလာခဲ့သူဖြစ်ပြီးယခင်ကတည်းကယူနိုက်တက်ကိုဝယ်ယူရေးကြိုးပမ်းခဲ့ဖူးသူလည်းဖြစ်ပါတယ်။

သူဟာ၂၀၂၂ခုနှစ်တုန်းကချဲလ်ဆီးကိုဝယ်ယူရေးကြိုးပမ်းခဲ့ဖူးကာမအောင်မြင်ခဲ့ပါဘူး။

သူဟာလီဂူး၁ကလပ်နိုက်စ်၊ဆွစ်ဇာလန်ကလပ်လူဆန်နီအပြင်အားကစားလုပ်ငန်းများတွင်ရင်းနှီးမြှပ်နှံများပြုလုပ်ထားသူဖြစ်ပါတယ်။

၂၀၁၇ခုနှစ်ကတည်းကဖလားလက်မဲ့ဖြစ်နေတဲ့ယူနိုက်တက်ဟာယခုရာသီတွင်အဲရစ်တန်ဟက်ရဲ့ဦးဆောင်မှုဖြင့်အကောင်းဆုံးပုံစံရရှိနေပြီးအမှတ်ပေးဇယားအဆင့်၄နေရာတွင်ရပ်တည်နေပါတယ်။

ZawGyi

ယူႏိုက္တက္ကို ဝယ္ယူေရး လုပ္ေဆာင္လာေတာ့မည္ဟု ယူႏိုက္တက္အမာခံပရိသတ္ ၿဗိတိန္အခ်မ္းသာဆုံးပုဂၢိဳလ္အတည္ျပဳလာ

ဆာဂ်မ္ရက္ကလစ္ဟာမန္ခ်က္စတာယူႏိုက္တက္ကိုဝယ္ယူေရးကမ္းလွမ္းမႈျပဳလုပ္ေနေၾကာင္းအတည္ျပဳလာပါတယ္။

ၿဗိတိန္ရဲ႕အခ်မ္းသာဆုံးပုဂၢိဳလ္ဟာၿပီးခဲ့တဲ့ႏိုဝင္ဘာလကတည္းကအေရာင္းစာရင္းတင္လာတဲ့ယူႏိုက္တက္ကိုဝယ္ယူေရးႀကိဳးပမ္းေနတာလည္းျဖစ္ပါတယ္။

ဆာဂ်မ္ရက္ကလစ္ပိုင္ Ineos မွေျပာေရးဆိုခြင့္ရွိသူတစ္ဦးက “ကြၽန္ေတာ္တို႔ဝယ္ယူေရးအတြက္လုပ္ေဆာင္ေနပါတယ္”လို႔ The Times ကိုအတည္ျပဳသြားပါတယ္။

ဂေလဇာမိသားစုဟာ၂၀၀၅ခုႏွစ္ကတည္းကယူႏိုက္တက္ကိုပိုင္ဆိုင္လာခဲ့တာျဖစ္ၿပီး၎တို႔ရဲ႕အျငင္းပြားဖြယ္ဝယ္ယူမႈေၾကာင့္ယူႏိုက္တက္ပရိသတ္မ်ားရဲ႕ဆႏၵျပသပိတ္ေမွာက္မႈမ်ားႏွင့္ဆက္တိုက္ႀကဳံလာခဲ့ရပါတယ္။

၎တို႔ဟာအေစာပိုင္းတုန္းကယူႏိုက္တက္ကိုေရာင္းခ်ရန္ျငင္းဆိုခဲ့ေပမဲ့လည္းႏိုဝင္ဘာလမွေတာ့စိတ္ေျပာင္းကာေရာင္းခ်လာေတာ့မယ္လို႔တရားဝင္ေၾကညာခဲ့ပါတယ္။

ဆာဂ်မ္ရက္ကလစ္ဖ္ဟာယူႏိုက္တက္ကိုငယ္စဥ္ကတည္းကအားေပးလာခဲ့သူျဖစ္ၿပီးယခင္ကတည္းကယူႏိုက္တက္ကိုဝယ္ယူေရးႀကိဳးပမ္းခဲ့ဖူးသူလည္းျဖစ္ပါတယ္။

သူဟာ၂၀၂၂ခုႏွစ္တုန္းကခ်ဲလ္ဆီးကိုဝယ္ယူေရးႀကိဳးပမ္းခဲ့ဖူးကာမေအာင္ျမင္ခဲ့ပါဘူး။

သူဟာလီဂူး၁ကလပ္ႏိုက္စ္၊ဆြစ္ဇာလန္ကလပ္လူဆန္နီအျပင္အားကစားလုပ္ငန္းမ်ားတြင္ရင္းႏွီးျမႇပ္ႏွံမ်ားျပဳလုပ္ထားသူျဖစ္ပါတယ္။

၂၀၁၇ခုႏွစ္ကတည္းကဖလားလက္မဲ့ျဖစ္ေနတဲ့ယူႏိုက္တက္ဟာယခုရာသီတြင္အဲရစ္တန္ဟက္ရဲ႕ဦးေဆာင္မႈျဖင့္အေကာင္းဆုံးပုံစံရရွိေနၿပီးအမွတ္ေပးဇယားအဆင့္၄ေနရာတြင္ရပ္တည္ေနပါတယ္။