ယူနိုက်တက်ကို ဝယ်ယူလာဖို့ ရှိနေတဲ့ ဒေါ်လာ ၂၀ ဘီလီယံကြွယ်ဝချမ်းသာတဲ့ ချဲလ်ဆီးလူငယ်ကစားသမားဟောင်း

မန်ချက်စတာယူနိုက်တက်ကိုကာလရှည်ကြာပိုင်ဆိုင်လာခဲ့တဲ့ဂလေဇာမိသားစုဟာဗုဒ္ဓဟူးနေ့တုန်းကယူနိုက်တက်ပရိသတ်တိုင်းအကြားချင်ဆုံးစကားအဖြစ်ကလပ်ကိုရောင်းချသွားတော့မှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

အမေရိကန်ဘီလျှံနာတို့ဟာ၂၀၀၅ခုနှစ်ကတည်းကယူနိုက်တက်ကိုအကြွေးများဖြင့်ဝယ်ယူလိုက်ပြီးတဲ့နောက်အသင်းကိုပိုင်ဆိုင်တဲ့၁၇နှစ်တာကာလအတွင်းတွင်ယူနိုက်တက်ပရိသတ်များရဲ့ဆန္ဒပြသပိတ်မှောက်မှုများဖြင့်ရင်ဆိုင်လာခဲ့ရပါတယ်။

ဂလေဇာမိသားစုဟာယူနိုက်တက်ကိုပေါင်၅ဘီလီယံဖြင့်ရောင်းချသွားဖို့ရှိနေပါတယ်။

လက်ရှိအချိန်တွင်ကမ္ဘာပေါ်တွင်ပရိသတ်အများဆုံးအသင်းအဖြစ်ရပ်တည်နေတဲ့ယူနိုက်တက်ကိုဝယ်ယူသူတွေများစွာရှိနေပါတယ်။

ဗြိတိန်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့အပြင်ယူနိုက်တက်အမာခံပရိသတ်ဆာဂျမ်ရက်ကလစ်ဖ်၊ Zara ပိုင်ရှင်အေမန်စီယိုအော်တေဂါအပြင် အမေရိကန်နည်းပညာကုမ္ပဏီ Apple ကလည်းကမ်းလှမ်းလာနိုင်ပါတယ်။

ဒါ့အပြင်ယူနိုက်တက်ကိုဝယ်ယူရေးကမ်းလှမ်းလာနိုင်တဲ့သူတွေထဲမှာ ချဲလ်ဆီးလူငယ်ကစားသမားဟောင်းတစ်ဦးလည်းပါဝင်လာနေပါတယ်။

Daily Star သတင်းစာကဘရူနိုင်းတော်ဝင်မိသားစုဝင် ဖိုက်ဘိုကီယာဟာယူနိုက်တက်ကိုဝယ်ယူရေးကမ်းလှမ်းလာနိုင်ပါတယ်။

ဘရူနိုင်ဘုရင်ရဲ့တူတော်စပ်သူအသက်၂၄နှစ်ရှိဘောလုံးသမားဟာဆောက်သမ်တန်၊ချဲလ်ဆီး၊လက်စတာတို့တွင်ကစားခဲ့သူဖြစ်ပြီးဒေါ်လာ၂၀ဘီလီယံဖြင့်ဘောလုံးလောကတွင်အချမ်းသာဆုံးဘောလုံးသမားအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။

သူဟာဘရူနိုင်းဘုရင်ဟာဆာနယ်ဘိုကီယာရဲ့တူဖြစ်ပေမဲ့လည်းယခုတိုင်ဘောလုံးကစားနေဆဲဖြစ်ပါတယ်။သူဟာထိုင်းကလပ်ချောင်ဘူရီတွင်ကစားနေတုန်းဖြစ်ပါတယ်။

ZawGyi

ယူႏိုက္တက္ကို ဝယ္ယူလာဖို႔ ရွိေနတဲ့ ေဒၚလာ ၂၀ ဘီလီယံႂကြယ္ဝခ်မ္းသာတဲ့ ခ်ဲလ္ဆီးလူငယ္ကစားသမားေဟာင္း

မန္ခ်က္စတာယူႏိုက္တက္ကိုကာလရွည္ၾကာပိုင္ဆိုင္လာခဲ့တဲ့ဂေလဇာမိသားစုဟာဗုဒၶဟူးေန႔တုန္းကယူႏိုက္တက္ပရိသတ္တိုင္းအၾကားခ်င္ဆုံးစကားအျဖစ္ကလပ္ကိုေရာင္းခ်သြားေတာ့မွာျဖစ္ေၾကာင္းေၾကညာခဲ့ပါတယ္။

အေမရိကန္ဘီလွ်ံနာတို႔ဟာ၂၀၀၅ခုႏွစ္ကတည္းကယူႏိုက္တက္ကိုအေႂကြးမ်ားျဖင့္ဝယ္ယူလိုက္ၿပီးတဲ့ေနာက္အသင္းကိုပိုင္ဆိုင္တဲ့၁၇ႏွစ္တာကာလအတြင္းတြင္ယူႏိုက္တက္ပရိသတ္မ်ားရဲ႕ဆႏၵျပသပိတ္ေမွာက္မႈမ်ားျဖင့္ရင္ဆိုင္လာခဲ့ရပါတယ္။

ဂေလဇာမိသားစုဟာယူႏိုက္တက္ကိုေပါင္၅ဘီလီယံျဖင့္ေရာင္းခ်သြားဖို႔ရွိေနပါတယ္။

လက္ရွိအခ်ိန္တြင္ကမာၻေပၚတြင္ပရိသတ္အမ်ားဆုံးအသင္းအျဖစ္ရပ္တည္ေနတဲ့ယူႏိုက္တက္ကိုဝယ္ယူသူေတြမ်ားစြာရွိေနပါတယ္။

ၿဗိတိန္ရဲ႕အခ်မ္းသာဆုံးပုဂၢိဳလ္ျဖစ္တဲ့အျပင္ယူႏိုက္တက္အမာခံပရိသတ္ဆာဂ်မ္ရက္ကလစ္ဖ္၊ Zara ပိုင္ရွင္ေအမန္စီယိုေအာ္ေတဂါအျပင္ အေမရိကန္နည္းပညာကုမၸဏီ Apple ကလည္းကမ္းလွမ္းလာႏိုင္ပါတယ္။

ဒါ့အျပင္ယူႏိုက္တက္ကိုဝယ္ယူေရးကမ္းလွမ္းလာႏိုင္တဲ့သူေတြထဲမွာ ခ်ဲလ္ဆီးလူငယ္ကစားသမားေဟာင္းတစ္ဦးလည္းပါဝင္လာေနပါတယ္။

Daily Star သတင္းစာကဘ႐ူႏိုင္းေတာ္ဝင္မိသားစုဝင္ ဖိုက္ဘိုကီယာဟာယူႏိုက္တက္ကိုဝယ္ယူေရးကမ္းလွမ္းလာႏိုင္ပါတယ္။

ဘ႐ူႏိုင္ဘုရင္ရဲ႕တူေတာ္စပ္သူအသက္၂၄ႏွစ္ရွိေဘာလုံးသမားဟာေဆာက္သမ္တန္၊ခ်ဲလ္ဆီး၊လက္စတာတို႔တြင္ကစားခဲ့သူျဖစ္ၿပီးေဒၚလာ၂၀ဘီလီယံျဖင့္ေဘာလုံးေလာကတြင္အခ်မ္းသာဆုံးေဘာလုံးသမားအျဖစ္ရပ္တည္ေနသူလည္းျဖစ္ပါတယ္။

သူဟာဘ႐ူႏိုင္းဘုရင္ဟာဆာနယ္ဘိုကီယာရဲ႕တူျဖစ္ေပမဲ့လည္းယခုတိုင္ေဘာလုံးကစားေနဆဲျဖစ္ပါတယ္။သူဟာထိုင္းကလပ္ေခ်ာင္ဘူရီတြင္ကစားေနတုန္းျဖစ္ပါတယ္။