
ခါးသီးတဲ့ပြိုင်ဘက်မန်ချက်စတာယူနိုက်တက်ကိုလီဗာပူးတို့အကြီးအကျယ်ဖြိုချပစ်လိုက်တဲ့ပွဲမှာလီဗာပူးပရိသတ်တွေအတွက်နောက်ထပ်အောင်ပွဲခံစရာတစ်ခုရှိပါသေးတယ်။လီဗာပူးနည်းပြဟောင်းရွိုင်းအီဗန့်ရဲ့သမီးဟာယင်းပွဲကိုအမိုက်စားလောင်းကြေးထပ်ပြီးပေါင်၁၃၅၀အထိရရှိသွားခဲ့တာဖြစ်ပါတယ်။
လီဗာပူးဟာတနင်္ဂနွေနေ့ညတုန်းကအန်ဖီးကွင်းမှာကိုဒီဂတ်၊ဒါဝင်းနူနက်ဇ်၊မိုဟာမက်ဆာလက်တို့ရဲ့သွင်းဂိုး၂ဂိုး၊ရောဘတ်တိုဖာမီနိုရဲ့၁ဂိုးနှင့်အတူ၇-၀ဂိုးဖြင့်သမိုင်းဝင်နိုင်ပွဲရယူခဲ့ပါတယ်။
ကလော့ပ်ရဲ့လီဗာပူးဟာယင်းနိုင်ပွဲကြောင့်အမှတ်ပေးဇယားအဆင့်၅နေရာသို့တက်လှမ်းလာနိုင်ခဲ့ပြီးချန်ပီယံလိဂ်ဝင်ခွင့်အတွက်စတုတ္ထနေရာမှစပါးစ်နှင့်ရမှတ်၃မှတ်သာကွာဟပါတော့တယ်။
လီဗာပူးနည်းပြဟောင်းရွိုင်းအီဗန့်သမီးစတေစီအတွက်အချိုပေါ်သကာလောင်းဖြစ်သွားတာကတော့ အသင်းလည်းနိုင်လောင်းကြေးလည်းနိုင်သွားခဲ့တာပါ။
သူမဟာယူနိုက်တက်ကိုလီဗာပူးက၆-၀ဂိုးဖြင့်အနိုင်ရမယ်လို့၃၅၀/၁ လေးဖြင့်၂.၅ပေါင်လေးထားခဲ့ပါတယ်။သူမဟာလီဗာပူးကယူနိုက်တက်ကို၆-၀ဂိုးဖြင့်အနိုင်ရနေချိန်မှာငွေချက်ချင်းထုတ်ယူလိုက်မှုကြောင့်သာငွေရရှိသွားခဲ့တာဖြစ်ပါတယ်။သူမလည်းငွေထုတ်ပြီးရော၁၅စက္ကန့်အကြာမှာလီဗာပူးတို့၇-၀ဖြစ်သွားခဲ့ပါတယ်။
တကယ်တော့သူမဟာယင်းပွဲမှာ၆-၀ရလဒ်တစ်ခုတည်းသာခန့်မှန်းခဲ့တာမဟုတ်ပါဘူး။လီဗာပူးက၄-၀၊ ၅-၀ဖြင့်အနိုင်ရမယ်ဆိုပြီးတော့လည်းလောင်းထားခဲ့တာပါ။
သူမရဲ့ဖခင်အီဗန့်ဟာလီဗာပူးကို၁၉၉၄ခုနှစ်၊ဇန်နဝါရီလမှစတင်ပြီးငါးနှစ်နီးပါးကိုင်တွယ်ခဲ့ကာလိဂ်ဖလားရရှိအောင်စွမ်းဆောင်ခဲ့ဖူးပါတယ်။
ZawGyi
ယူနိုက်တက်ကို သမိုင်းဝင်အနိုင်ရတဲ့ပွဲမှာ ၃၅၀/၁ လောင်းမှု အနိုင်ရသွားခဲ့တဲ့ လီဗာပူးမန်နေဂျာဟောင်းရဲ့သမီး