ယူနိုက်တက်ကို အနိုင်ယူပြီး ၁၉၅၅ ခုနှစ်နောက်ပိုင်း ပထမဆုံးပြည်တွင်းဖလားဆွတ်ခူးနိုင်လျှင် နယူးကာဆယ်စတားတို့ အပိုဆုကြေး ဘယ်လောက်ရလာမလဲ?

နယူးကာဆယ်ကစားသမားများဟာတနင်္ဂနွေနေ့ညတွင်ဝင်ဘာလေကွင်းမှာခါရာဘောင်ဖလားကိုင်မြှောက်နိုင်လျှင်အပိုဆုကြေးငွေအမြောက်အမြားရရှိလာပါမယ်။

နယူးကာဆယ်ဟာဝင်ဘာလေကွင်းတွင်ယူနိုက်တက်နှင့်ခါရာဘောင်ဖလားဗိုလ်လုပွဲကစားရပါမယ်။နယူးကာဆယ်ဟာ၁၉၅၅ခုနှစ်နောက်ပိုင်းပထမဆုံးပြည်တွင်းရှုံးထွက်ဖလားဆွတ်ခူးရေးကြိုးပမ်းရမှာလည်းဖြစ်ပါတယ်။

နယူးကာဆယ်ကစားသမားများဟာရာသီမစတင်မီကတည်းကအသင်းတာဝန်ရှိသူများနှင့်အပိုဆုကြေးနှင့်ပတ်သက်ပြီးဆွေးနွေးထားခဲ့ကြပြီးလည်းဖြစ်ပါတယ်။

Mail ရဲ့ဖော်ပြမှုအရနယူးကာဆယ်စတားများဟာဝင်ဘာလေကွင်းတွင်ဖလားကိုင်မြှောက်နိုင်လျှင်အပိုဆုကြေးငွေပေါင်၁သန်းရရှိလာမှာဖြစ်ကြောင်းသိရပါတယ်။

ကစားသမားများဟာဆုကြေးငွေပေါင်၁သန်းကိုခါရာဘောင်ဖလားပြိုင်ပွဲတွင်ကစားတဲ့ပွဲအရေအတွက်၊ပွဲချိန်တို့အပေါ်မူတည်ပြီးဆုကြေးငွေခွဲဝေရရှိပါမယ်။

နယူးကာဆယ်နည်းပြအက်ဒီဟောင်းမှာမူ၆၈နှစ်အတွင်းပထမဆုံးပြည်တွင်းဖလားဆွတ်ခူးပေးနိုင်ပါက သီးသန့်အပိုဆုကြေးငွေရရှိလာပါဦးမယ်။

EFL ဟာခါရာဘောင်ဖလားချန်ပီယံအသင်းကိုဆုကြေးပေါင်၁သိန်းတည်းသာချီးမြှင့်တာဖြစ်ပါတယ်။ဒုတိယရရှိတဲ့အသင်းမှာဆုကြေးငွေပေါင်၅၀၀၀၀တည်းသာရရှိပါမယ်။

ZawGyi







