ယူနိုက်တက်ကို အနိုင်ယူရေး လျို့ဝှက်အစီအစဉ်ကို ပွဲကန်ခါနီးမှ ဗီလာကစားသမားများကို ပြောကြားခဲ့တဲ့ အူနိုင်းအမ်မရီ

အူနိုင်းအမ်မရီဟာမန်ချက်စတာယူနိုက်တက်ကိုအနိုင်ယူရေးသူ့ရဲ့လျို့ဝှက်အစီအစဉ်ကိုကစားသမားများအားပွဲစတင်လုနီးပါးအချိန်အထိမပြောဘဲလျို့ဝှက်ထားခဲ့ကြောင်းသိရပါတယ်။

ဗီလာတိုက်စစ်မှူးအိုလီဝတ်ကင်က နည်းပြသစ်အူနိုင်းအမ်မရီမှာပွဲကစားမယ့်တနင်္ဂနွေနေ့တွင်မှမည်သည့်ကစားသမားတို့ပါဝင်ကစားရမယ်ဆိုတာအသိပေးခဲ့ကြောင်းဖွင့်ချလာတာဖြစ်ပါတယ်။

အာဆင်နယ်နည်းပြဟောင်းအမ်မရီဟာတနင်္ဂနွေနေ့တုန်းကဗီလာပါ့ခ်တွင် ပထမဆုံးဗီလာပွဲစဉ်အဖြစ်ကြီးကြပ်ခဲ့ရာယူနိုက်တက်ကို၃-၁ဂိုးဖြင့်အနိုင်ရခဲ့ပါတယ်။

ယင်းပွဲစဉ်တွင်စပိန်လူမျိုးနည်းပြဟာယခင်တုန်းကဗီလာတို့ တစ်ကြိမ်မျှအသုံးပြုခဲ့ဖူးခြင်းမရှိတဲ့၄-၂-၂-၂ ကစားကွက်ကိုအသုံးပြုသွားခဲ့ပြီးယူနိုက်တက်ကိုအသာစီးနဲ့ကစားသွားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ဝတ်ကင်က “ဘယ်သူကစားရမယ်ဆိုတာဘယ်သူမှမသိခဲ့ဘူး။မှန်းရခက်တဲ့ပွဲဖြစ်ခဲ့တယ်။ဒါပေမဲ့လူတိုင်းကအားထက်သရောနဲ့အကောင်းဆုံးလုပ်ခဲ့ကြတယ်။နေ့လည်ဆယ့်တစ်ခွဲအသင်းတွေ့ဆုံပွဲကျမှဘယ်သူကစားရမယ်ဆိုတာသိခဲ့ကြတယ်။တချို့ကစားသမားတွေချန်ထားခဲ့တယ်။ပုံမှန်အားဖြင့်အရင်နည်းပြတွေတုန်းကဆိုပွဲမတိုင်ခင်နေ့ကတည်းကဘယ်သူကစားရမယ်ဆိုတာပြောထားပြီးသားပါ။ဒါပေမဲ့ဒါကလည်းအရေးကြီးတဲ့အရာတော့မဟုတ်ပါဘူး။လိုချင်တဲ့ရလဒ်ရဖို့ကအရေးအကြီးပါ။လူတိုင်းအလုပ်ကြိုးစားကြတယ်။အလုပ်ကြိုးစားဖို့အားခဲထားကြတယ်။ပွဲအစီအစဉ်အတိုင်းလိုက်လုပ်ကြတယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ဝတ်ကင်ကအူနိုင်းအမ်မရီရဲ့ကစားဟန်မှာ၎င်းတို့ယခင်တုန်းကတစ်ကြိမ်မျှကစားခဲ့ဖူးခြင်းမရှိတဲ့ကစားဟန်မျိုးဖြစ်ကြောင်းလည်းဆိုသွားပါတယ်။

ဗီလာဟာကြားရက်အတွင်းတွင်အိုးထရက်ဖို့ဒ်သို့သွားရောက်ကာယူနိုက်တက်နှင့်ခါရာဘောင်ဖလားထပ်မံရင်ဆိုင်ရပါဦးမယ်။

ZawGyi

ယူႏိုက္တက္ကို အႏိုင္ယူေရး လ်ိဳ႕ဝွက္အစီအစဥ္ကို ပြဲကန္ခါနီးမွ ဗီလာကစားသမားမ်ားကို ေျပာၾကားခဲ့တဲ့ အူႏိုင္းအမ္မရီ

အူႏိုင္းအမ္မရီဟာမန္ခ်က္စတာယူႏိုက္တက္ကိုအႏိုင္ယူေရးသူ႔ရဲ႕လ်ိဳ႕ဝွက္အစီအစဥ္ကိုကစားသမားမ်ားအားပြဲစတင္လုနီးပါးအခ်ိန္အထိမေျပာဘဲလ်ိဳ႕ဝွက္ထားခဲ့ေၾကာင္းသိရပါတယ္။

ဗီလာတိုက္စစ္မႉးအိုလီဝတ္ကင္က နည္းျပသစ္အူႏိုင္းအမ္မရီမွာပြဲကစားမယ့္တနဂၤေႏြေန႔တြင္မွမည္သည့္ကစားသမားတို႔ပါဝင္ကစားရမယ္ဆိုတာအသိေပးခဲ့ေၾကာင္းဖြင့္ခ်လာတာျဖစ္ပါတယ္။

အာဆင္နယ္နည္းျပေဟာင္းအမ္မရီဟာတနဂၤေႏြေန႔တုန္းကဗီလာပါ့ခ္တြင္ ပထမဆုံးဗီလာပြဲစဥ္အျဖစ္ႀကီးၾကပ္ခဲ့ရာယူႏိုက္တက္ကို၃-၁ဂိုးျဖင့္အႏိုင္ရခဲ့ပါတယ္။

ယင္းပြဲစဥ္တြင္စပိန္လူမ်ိဳးနည္းျပဟာယခင္တုန္းကဗီလာတို႔ တစ္ႀကိမ္မွ်အသုံးျပဳခဲ့ဖူးျခင္းမရွိတဲ့၄-၂-၂-၂ ကစားကြက္ကိုအသုံးျပဳသြားခဲ့ၿပီးယူႏိုက္တက္ကိုအသာစီးနဲ႔ကစားသြားႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ဝတ္ကင္က “ဘယ္သူကစားရမယ္ဆိုတာဘယ္သူမွမသိခဲ့ဘူး။မွန္းရခက္တဲ့ပြဲျဖစ္ခဲ့တယ္။ဒါေပမဲ့လူတိုင္းကအားထက္သေရာနဲ႔အေကာင္းဆုံးလုပ္ခဲ့ၾကတယ္။ေန႔လည္ဆယ့္တစ္ခြဲအသင္းေတြ႕ဆုံပြဲက်မွဘယ္သူကစားရမယ္ဆိုတာသိခဲ့ၾကတယ္။တခ်ိဳ႕ကစားသမားေတြခ်န္ထားခဲ့တယ္။ပုံမွန္အားျဖင့္အရင္နည္းျပေတြတုန္းကဆိုပြဲမတိုင္ခင္ေန႔ကတည္းကဘယ္သူကစားရမယ္ဆိုတာေျပာထားၿပီးသားပါ။ဒါေပမဲ့ဒါကလည္းအေရးႀကီးတဲ့အရာေတာ့မဟုတ္ပါဘူး။လိုခ်င္တဲ့ရလဒ္ရဖို႔ကအေရးအႀကီးပါ။လူတိုင္းအလုပ္ႀကိဳးစားၾကတယ္။အလုပ္ႀကိဳးစားဖို႔အားခဲထားၾကတယ္။ပြဲအစီအစဥ္အတိုင္းလိုက္လုပ္ၾကတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ဝတ္ကင္ကအူႏိုင္းအမ္မရီရဲ႕ကစားဟန္မွာ၎တို႔ယခင္တုန္းကတစ္ႀကိမ္မွ်ကစားခဲ့ဖူးျခင္းမရွိတဲ့ကစားဟန္မ်ိဳးျဖစ္ေၾကာင္းလည္းဆိုသြားပါတယ္။

ဗီလာဟာၾကားရက္အတြင္းတြင္အိုးထရက္ဖို႔ဒ္သို႔သြားေရာက္ကာယူႏိုက္တက္ႏွင့္ခါရာေဘာင္ဖလားထပ္မံရင္ဆိုင္ရပါဦးမယ္။