ယူနိုက်တက်မှ ထွက်ခွာစေခဲ့ပြီး MUTV မှာပြသခွင့် ပိတ်ပင်ထားတဲ့ ရွိုင်ကိန်းရဲ့အင်တာဗျူးပြောစကားအပြည့်အစုံ

ဒီဖြစ်ရပ်ကမန်ချက်စတာယူနိုက်တက်သမိုင်းမှာနာမည်ဆိုးနဲ့ကျော်ကြားတဲ့အဖြစ်အပျက်တွေထဲက တစ်ခုဖြစ်ပါတယ်။

၂၀၀၅ခုနှစ်၊အောက်တိုဘာလ၂၉ရက်နေ့တုန်းကပါ။ဆာအဲလက်စ်ဖာဂူဆန်ဦးဆောင်တဲ့ယူနိုက်တက်ဟာရေးဗားဆိုက်မှာမစ်ဒယ်ဘရော့ကို၄-၁ဂိုးနဲ့အကြီးအကျယ်အဆော်ခံခဲ့ရပါတယ်။

ပွဲအပြီးမှာဒဏ်ရာရရှိနေတဲ့ရွိုင်ကိန်းဟာ MUTV နှင့်အင်တာဗျူးပြုလုပ်ခဲ့ပြီး ယင်းပွဲအပေါ်သူ့အမြင်ကိုပြောကြားခဲ့ပါတယ်။

ယင်းအင်တာဗျူးမှာရွိုင်ကိန်းဟာ ဒုတိယဂိုးပေးရအောင်အမှားပြုလုပ်ခဲ့တဲ့ရီယိုဖာဒီနန်အပါအဝင်ယူနိုက်တက်ကစားသမားကိုအကြီးအကျယ်ဆော်ပလော်တီးခဲ့ပါတယ်။

ရွိုင်ကိန်းက “အရင်တုန်းကလည်းရီယိုဆီကဒီလိုအဖြစ်အပျက်မျိုးတွေမြင်ခဲ့ဖူးတယ်။ညံ့ဖျင်းလိုက်တဲ့ခံစစ်ကစားပုံ။တစ်ပတ်လုပ်ခပေါင်၁၂၀၀၀၀ပေးရတယ်။ပြီးတော့စပါးစ်နဲ့ပွဲမှာမိနစ်၂၀လောက်ကောင်းပြတာလောက်နဲ့ကိုယ့်ကိုယ်ကိုစူပါစတားလို့ထင်နေတယ်”လို့ပြောကြားခဲ့ပါတယ်။

ရွိုင်ကိန်းဟာရီယိုဖာဒီနန်တစ်ဦးတည်းကိုပဲဝေဖန်ပြောကြားခဲ့တာမဟုတ်ပါဘူး။ဗန်းဒါးဆား၊ဂျွန်အိုရှီးယား၊ဒါရင်းဖလက်ချာ၊ကီရန်ရစ်ချက်ဆင်၊အလန်စမစ်၊ပွဲမှာပါဝင်ကစားတဲ့လူငယ်ကစားသမားတွေ၊ပွဲမှာပါဝင်တဲ့အတွေ့အကြုံရင့်ကစားသမားတွေကိုလည်း တစ်ဦးချင်းစီအုပ်စုတစ်ခုချင်းစီပြစ်ပြစ်နှစ်နှစ်ပြောခဲ့ပါတယ်။

ရွိုင်ကိန်း ပြောသွားတဲ့အပြည့်အစုံကတော့

အက်ဝင်းဗန်ဒါးဆား-ဒီဂိုးကိုတော့ကာကွယ်နိုင်ခဲ့သင့်တယ်(မင်ဒီယေတာရဲ့ကိုက်၃၀အကွာကဂိုး)။ကာကွယ်နိုင်ခဲ့သင့်တယ်။

ဂျွန်အိုရှီးယား-နောက်သို့အားကုန်သုံးပြီးပြန်ဆင်းရမယ့်အချိန်မှာလမ်းလျှောက်သွားနေတယ်။

ဒါရင်းဖလက်ချာ-စကော့တလန်ကလူတွေဒါရင်းဖလက်ချာကိုဘာကြောင့်ဒီလောက်တောင်မက်မောနေကြတာလဲ နားမလည်နိုင်ဘူး။

ကီရန်ရစ်ချက်ဆင်-ပြစ်ဒဏ်ချဖို့ထိုက်တန်တဲ့နောက်တန်းငပျင်းတစ်ဦးပါ။ကိုယ့်အလုပ်ကိုယ်မလုပ်ဘူး။

အလန်စမစ်-အဲဒီမှာသူဘာသွားလုပ်တာလဲ။တလွဲတွေချည်းလုပ်နေတယ်။ကိုယ်ဘာလုပ်နေမှန်းကိုယ့်ကိုယ်ကိုမသိဘူး။

ပွဲမှာပါဝင်ခဲ့တဲ့လူငယ်များနှင့်ပတ်သက်ပြီး-သူတို့(လူငယ်ကစားသမားများ)စာချုပ်ချုပ်ဆိုတုန်းကသူတို့လုပ်နိုင်ပြီဆိုပြီးတွေးကြလိမ့်မယ်။သူတို့ဟာမန်နေဂျာ၊ဝန်ထမ်းတွေနဲ့ပရိသတ်တွေအပေါ်အကြွေးတင်နေတယ်။သူတို့လုပ်နိုင်ခဲ့ပြီလို့ထင်တယ်။တကယ်ကဘာမှမလုပ်နိုင်သေးဘူး။

အတွေ့အကြုံရင့်ကစားသမားများနှင့်ပတ်သက်ပြီး-လူငယ်ကစားသမားတွေဟာအတွေ့အကြုံအရမ်းရှိတဲ့ကစားသမားအချို့ကြောင့်စိတ်ပျက်စေစရာဖြစ်ခဲ့ရတယ်။သူတို့ကလူငယ်တွေကိုဦးမဆောင်နိုင်ဘူး။တိုက်ပွဲဝင်စိတ်ဓာတ်တွေကိုမပြသဘူး။ကြည့်ရတာဒီကလပ်မှာဆိုးဆိုးရွားရွားကစားလည်းငွေရနေမယ်ဆိုတဲ့ပုံမျိုးပဲ။ကျွန်တော်ပြန်ကစားတဲ့အချိန်မှာဆိုးဆိုးရွားရွားကစားပြသင့်တယ်။

ရလဒ်-ရလဒ်အပေါ်ဘာမှအံ့ဩသင့်စရာမရှိပါဘူး။ဒီလိုဖြစ်လာမယ်လို့မျှော်လင့်ထားပြီးသား။ကစားသမားတွေမေးခွန်းထုတ်ခံခဲ့ရတယ်။ဘာအဖြေမှပြန်မရလာဘူး။ဒီလိုပြောရလို့စိတ်မကောင်းဘူး။ကျွန်တော်ပြောတာကြားရပြီးတော့လည်းသူတို့စိတ်မကောင်းဖြစ်ကြမှာပါ။သူတို့ကြောင့်ကလပ်၊မန်နေဂျာနဲ့ပရိသတ်တွေစိတ်ပျက်ခဲ့ရတယ်။

Zawgyi

ယူႏိုက္တက္မွ ထြက္ခြာေစခဲ့ၿပီး MUTV မွာျပသခြင့္ ပိတ္ပင္ထားတဲ့ ႐ြိဳင္ကိန္းရဲ႕အင္တာဗ်ဴးေျပာစကားအျပည့္အစုံ

ဒီျဖစ္ရပ္ကမန္ခ်က္စတာယူႏိုက္တက္သမိုင္းမွာနာမည္ဆိုးနဲ႔ေက်ာ္ၾကားတဲ့အျဖစ္အပ်က္ေတြထဲက တစ္ခုျဖစ္ပါတယ္။

၂၀၀၅ခုႏွစ္၊ေအာက္တိုဘာလ၂၉ရက္ေန႔တုန္းကပါ။ဆာအဲလက္စ္ဖာဂူဆန္ဦးေဆာင္တဲ့ယူႏိုက္တက္ဟာေရးဗားဆိုက္မွာမစ္ဒယ္ဘေရာ့ကို၄-၁ဂိုးနဲ႔အႀကီးအက်ယ္အေဆာ္ခံခဲ့ရပါတယ္။

ပြဲအၿပီးမွာဒဏ္ရာရရွိေနတဲ့႐ြိဳင္ကိန္းဟာ MUTV ႏွင့္အင္တာဗ်ဴးျပဳလုပ္ခဲ့ၿပီး ယင္းပြဲအေပၚသူ႔အျမင္ကိုေျပာၾကားခဲ့ပါတယ္။

ယင္းအင္တာဗ်ဴးမွာ႐ြိဳင္ကိန္းဟာ ဒုတိယဂိုးေပးရေအာင္အမွားျပဳလုပ္ခဲ့တဲ့ရီယိုဖာဒီနန္အပါအဝင္ယူႏိုက္တက္ကစားသမားကိုအႀကီးအက်ယ္ေဆာ္ပေလာ္တီးခဲ့ပါတယ္။

႐ြိဳင္ကိန္းက “အရင္တုန္းကလည္းရီယိုဆီကဒီလိုအျဖစ္အပ်က္မ်ိဳးေတြျမင္ခဲ့ဖူးတယ္။ညံ့ဖ်င္းလိုက္တဲ့ခံစစ္ကစားပုံ။တစ္ပတ္လုပ္ခေပါင္၁၂၀၀၀၀ေပးရတယ္။ၿပီးေတာ့စပါးစ္နဲ႔ပြဲမွာမိနစ္၂၀ေလာက္ေကာင္းျပတာေလာက္နဲ႔ကိုယ့္ကိုယ္ကိုစူပါစတားလို႔ထင္ေနတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

႐ြိဳင္ကိန္းဟာရီယိုဖာဒီနန္တစ္ဦးတည္းကိုပဲေဝဖန္ေျပာၾကားခဲ့တာမဟုတ္ပါဘူး။ဗန္းဒါးဆား၊ဂြၽန္အိုရွီးယား၊ဒါရင္းဖလက္ခ်ာ၊ကီရန္ရစ္ခ်က္ဆင္၊အလန္စမစ္၊ပြဲမွာပါဝင္ကစားတဲ့လူငယ္ကစားသမားေတြ၊ပြဲမွာပါဝင္တဲ့အေတြ႕အႀကဳံရင့္ကစားသမားေတြကိုလည္း တစ္ဦးခ်င္းစီအုပ္စုတစ္ခုခ်င္းစီျပစ္ျပစ္ႏွစ္ႏွစ္ေျပာခဲ့ပါတယ္။

႐ြိဳင္ကိန္း ေျပာသြားတဲ့အျပည့္အစုံကေတာ့

အက္ဝင္းဗန္ဒါးဆား-ဒီဂိုးကိုေတာ့ကာကြယ္ႏိုင္ခဲ့သင့္တယ္(မင္ဒီေယတာရဲ႕ကိုက္၃၀အကြာကဂိုး)။ကာကြယ္ႏိုင္ခဲ့သင့္တယ္။

ဂြၽန္အိုရွီးယား-ေနာက္သို႔အားကုန္သုံးၿပီးျပန္ဆင္းရမယ့္အခ်ိန္မွာလမ္းေလွ်ာက္သြားေနတယ္။

ဒါရင္းဖလက္ခ်ာ-စေကာ့တလန္ကလူေတြဒါရင္းဖလက္ခ်ာကိုဘာေၾကာင့္ဒီေလာက္ေတာင္မက္ေမာေနၾကတာလဲ နားမလည္ႏိုင္ဘူး။

ကီရန္ရစ္ခ်က္ဆင္-ျပစ္ဒဏ္ခ်ဖို႔ထိုက္တန္တဲ့ေနာက္တန္းငပ်င္းတစ္ဦးပါ။ကိုယ့္အလုပ္ကိုယ္မလုပ္ဘူး။

အလန္စမစ္-အဲဒီမွာသူဘာသြားလုပ္တာလဲ။တလြဲေတြခ်ည္းလုပ္ေနတယ္။ကိုယ္ဘာလုပ္ေနမွန္းကိုယ့္ကိုယ္ကိုမသိဘူး။

ပြဲမွာပါဝင္ခဲ့တဲ့လူငယ္မ်ားႏွင့္ပတ္သက္ၿပီး-သူတို႔(လူငယ္ကစားသမားမ်ား)စာခ်ဳပ္ခ်ဳပ္ဆိုတုန္းကသူတို႔လုပ္ႏိုင္ၿပီဆိုၿပီးေတြးၾကလိမ့္မယ္။သူတို႔ဟာမန္ေနဂ်ာ၊ဝန္ထမ္းေတြနဲ႔ပရိသတ္ေတြအေပၚအေႂကြးတင္ေနတယ္။သူတို႔လုပ္ႏိုင္ခဲ့ၿပီလို႔ထင္တယ္။တကယ္ကဘာမွမလုပ္ႏိုင္ေသးဘူး။

အေတြ႕အႀကဳံရင့္ကစားသမားမ်ားႏွင့္ပတ္သက္ၿပီး-လူငယ္ကစားသမားေတြဟာအေတြ႕အႀကဳံအရမ္းရွိတဲ့ကစားသမားအခ်ိဳ႕ေၾကာင့္စိတ္ပ်က္ေစစရာျဖစ္ခဲ့ရတယ္။သူတို႔ကလူငယ္ေတြကိုဦးမေဆာင္ႏိုင္ဘူး။တိုက္ပြဲဝင္စိတ္ဓာတ္ေတြကိုမျပသဘူး။ၾကည့္ရတာဒီကလပ္မွာဆိုးဆိုး႐ြား႐ြားကစားလည္းေငြရေနမယ္ဆိုတဲ့ပုံမ်ိဳးပဲ။ကြၽန္ေတာ္ျပန္ကစားတဲ့အခ်ိန္မွာဆိုးဆိုး႐ြား႐ြားကစားျပသင့္တယ္။

ရလဒ္-ရလဒ္အေပၚဘာမွအံ့ဩသင့္စရာမရွိပါဘူး။ဒီလိုျဖစ္လာမယ္လို႔ေမွ်ာ္လင့္ထားၿပီးသား။ကစားသမားေတြေမးခြန္းထုတ္ခံခဲ့ရတယ္။ဘာအေျဖမွျပန္မရလာဘူး။ဒီလိုေျပာရလို႔စိတ္မေကာင္းဘူး။ကြၽန္ေတာ္ေျပာတာၾကားရၿပီးေတာ့လည္းသူတို႔စိတ္မေကာင္းျဖစ္ၾကမွာပါ။သူတို႔ေၾကာင့္ကလပ္၊မန္ေနဂ်ာနဲ႔ပရိသတ္ေတြစိတ္ပ်က္ခဲ့ရတယ္။