ယူနိုက်တက်စတားများကို စမတ်ဖုန်းအသုံးပြုခွင့်ပိတ်ပင်လိုက်တဲ့ အဲရစ်တန်ဟက်

အဲရစ်တန်ဟက်ဟာယူနိုက်တက်စတားများကိုကန်တိန်းတွင်အစားအသောက်စားသောက်နေစဉ်စမတ်ဖုန်းအသုံးပြုခွင့်ပိတ်ပင်လိုက်ပါတယ်။

ဒတ်ချ်လူမျိုးနည်းပြဟာယူနိုက်တက်သို့ရောက်လာပြီးနောက်ဆာအဲလက်စ်ဖာဂူဆန်ခေတ်တုန်းကကဲ့သို့ပင်ကစားသမားများတင်းကြပ်တဲ့စည်းမျဉ်းများဖြင့်ကိုင်တွယ်လျက်ရှိနေပါတယ်။

အဲရစတန်ဟက်ဟာလေ့ကျင့်ရေးကွင်းတွင်ယူနိုက်တက်ကစားသမားများ လိုက်နာရမယ့်စည်းကမ်းများအဖြစ် စားသောက်ခြင်းအားအတူတူပြုလုပ်ရန်၊ဘောလုံးကိုဘေးသို့ပေးခြင်း(သို့မဟုတ်)နောက်သို့ပြန်ပေးခြင်း၊သီးသန့်စားဖိုမှူးခန့်အပ်ခြင်း၊ကိုယ်မှုအပြုအမူထိန်းသိမ်းနေထိုင်ရန်နှင့်လူငယ်များအနေဖြင့်စတားများထက်ပိုကောင်းကြောင်းပြသနိုင်ပါကအခွင့်အရေးရရှိလာမည်ဖြစ်ကြောင်းစတဲ့အချက်တို့ပါဝင်ပါတယ်။

ယနေ့ထွက်ပေါ်လာတဲ့သတင်းအရအဲရစ်တန်ဟက်ဟာယူနိုက်တက်စတားများအကြား ပိုမိုခင်မင်ရင်းနှီးခြင်း၊နီးစပ်ခြင်းတို့ဖြစ်လာရေးအတွက်စမတ်ဖုန်းကိုအစားအသောက်ခန်းမအတွင်းသို့ယူဆောင်လာခြင်းမပြုလုပ်ရန်ပိတ်ပင်မှုပြုလုပ်လာပါတယ်။

ယင်းသို့ပြုလုပ်လိုက်ခြင်းကြောင့်အဲရစ်တန်ဟက်ကယူနိုက်တက်ကစားသမားများဟာစမတ်ဖုန်းကိုအာရုံစိုက်မှုလျှော့ကာကစားသမားဖော်များနှင့်ပိုမိုစကားပြောဖြစ်ပြီး ပိုမိုရင်းနှီးမှုရရှိလာမယ်လို့ယုံကြည်နေပါတယ်။

အဲရစ်တန်ဟက်ဟာထိုင်းသို့ရောက်နေစဉ်အတွင်းယူနိုက်တက်ကစားသမားများအားလေ့ကျင့်ရေးပွဲများတွင်ဂိုးပေးရပါကဒိုင်ဗင်ထိုးခိုင်းခြင်းလည်းပြုလုပ်စေလျက်ရှိပါတယ်။

ZawGyi

ယူႏိုက္တက္စတားမ်ားကို စမတ္ဖုန္းအသုံးျပဳခြင့္ပိတ္ပင္လိုက္တဲ့ အဲရစ္တန္ဟက္

အဲရစ္တန္ဟက္ဟာယူႏိုက္တက္စတားမ်ားကိုကန္တိန္းတြင္အစားအေသာက္စားေသာက္ေနစဥ္စမတ္ဖုန္းအသုံးျပဳခြင့္ပိတ္ပင္လိုက္ပါတယ္။

ဒတ္ခ်္လူမ်ိဳးနည္းျပဟာယူႏိုက္တက္သို႔ေရာက္လာၿပီးေနာက္ဆာအဲလက္စ္ဖာဂူဆန္ေခတ္တုန္းကကဲ့သို႔ပင္ကစားသမားမ်ားတင္းၾကပ္တဲ့စည္းမ်ဥ္းမ်ားျဖင့္ကိုင္တြယ္လ်က္ရွိေနပါတယ္။

အဲရစတန္ဟက္ဟာေလ့က်င့္ေရးကြင္းတြင္ယူႏိုက္တက္ကစားသမားမ်ား လိုက္နာရမယ့္စည္းကမ္းမ်ားအျဖစ္ စားေသာက္ျခင္းအားအတူတူျပဳလုပ္ရန္၊ေဘာလုံးကိုေဘးသို႔ေပးျခင္း(သို႔မဟုတ္)ေနာက္သို႔ျပန္ေပးျခင္း၊သီးသန႔္စားဖိုမႉးခန႔္အပ္ျခင္း၊ကိုယ္မႈအျပဳအမူထိန္းသိမ္းေနထိုင္ရန္ႏွင့္လူငယ္မ်ားအေနျဖင့္စတားမ်ားထက္ပိုေကာင္းေၾကာင္းျပသႏိုင္ပါကအခြင့္အေရးရရွိလာမည္ျဖစ္ေၾကာင္းစတဲ့အခ်က္တို႔ပါဝင္ပါတယ္။

ယေန႔ထြက္ေပၚလာတဲ့သတင္းအရအဲရစ္တန္ဟက္ဟာယူႏိုက္တက္စတားမ်ားအၾကား ပိုမိုခင္မင္ရင္းႏွီးျခင္း၊နီးစပ္ျခင္းတို႔ျဖစ္လာေရးအတြက္စမတ္ဖုန္းကိုအစားအေသာက္ခန္းမအတြင္းသို႔ယူေဆာင္လာျခင္းမျပဳလုပ္ရန္ပိတ္ပင္မႈျပဳလုပ္လာပါတယ္။

ယင္းသို႔ျပဳလုပ္လိုက္ျခင္းေၾကာင့္အဲရစ္တန္ဟက္ကယူႏိုက္တက္ကစားသမားမ်ားဟာစမတ္ဖုန္းကိုအာ႐ုံစိုက္မႈေလွ်ာ့ကာကစားသမားေဖာ္မ်ားႏွင့္ပိုမိုစကားေျပာျဖစ္ၿပီး ပိုမိုရင္းႏွီးမႈရရွိလာမယ္လို႔ယုံၾကည္ေနပါတယ္။

အဲရစ္တန္ဟက္ဟာထိုင္းသို႔ေရာက္ေနစဥ္အတြင္းယူႏိုက္တက္ကစားသမားမ်ားအားေလ့က်င့္ေရးပြဲမ်ားတြင္ဂိုးေပးရပါကဒိုင္ဗင္ထိုးခိုင္းျခင္းလည္းျပဳလုပ္ေစလ်က္ရွိပါတယ္။