
မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာကလပ်ရဲ့ရာသီကြိုအမေရိကန်ခရီးစဉ်ရဲ့အစိတ်အပိုင်းအဖြစ်ကာစီနိုမြို့တော်လက်စ်ဗီးဗက်စ်သို့သွားရောက်ရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ၂၀၁၈ခုနှစ်တုန်းကဟိုဆေးမော်ရင်ဟိုရဲ့ဝေဖန်မှုခံရပြီးနောက်ပိုင်းတွင်အမေရိကန်သို့သွားရောက်ခဲ့ခြင်းမရှိပါဘူး။
မော်ရင်ဟိုဟာအပြောင်းအရွှေ့ဈေးကွက်တွင်ဗဟိုနောက်ခံလူမခေါ်ယူနိုင်မှုအတွက် အမေရိကန်ခရီးစဉ်ကိုအပြစ်တင်ခဲ့တာဖြစ်ပါတယ်။
မော်ရင်ဟိုဟာလည်းယင်းရာသီတွင်ရလဒ်ကောင်းများမရယူနိုင်မှုနဲ့အတူ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
အဲရစ်တန်ဟက်ကတော့မော်ရင်ဟိုကဲ့သို့ကြုံလာရဖို့မရှိပါဘူး။အသက်၅၂နှစ်ရှိဒတ်ချ်လူမျိုးနည်းပြဟာမေလတုန်းကယူနိုက်တက်ကိုကိုင်တွယ်ပြီးနောက်အသင်းကိုအကောင်းဆုံးဦးဆောင်ထားနိုင်တာတွေ့ရပါတယ်။
ယူနိုက်တက်ဟာအမေရိကန်သို့ရာသီကြိုခရီးစဉ်သွားရောက်လေ့ရှိပေမဲ့လည်းလက်စ်ဗီးဂတ်စ်သို့တစ်ကြိမ်မျှမသွားခဲ့ပါဘူး။ဒါပေမဲ့ယခုတစ်ကြိမ်မှာတော့ယူနိုက်တက်ဟာAllegiant Stadium တွင်ပရီးမီးယားလိဂ်ပြိုင်ဘက်တစ်သင်းသင်းနှင့်ရင်ဆိုင်ကစားပါမယ်။
အဲရစ်တန်ဟက်ဟာလက်စ်ဗီးဂက်စ်ခရီးစဉ်ကြောင့်အသင်းအတွက်ငွေကြေးပိုင်းအကျိုးအမြတ်ရရှိလာမဲ့အပြင် ကစားသမားများရဲ့စည်းကမ်းလိုက်နာမှုကိုလည်းစမ်းသပ်ရန်အတွက်လက်ခံလိုက်တာဖြစ်ပါတယ်။
လက်စ်ဗီးဂက်စ်မှာ Sin City ဟူ၍လည်းကောင်း၊The City that Never Sleeps ဟူ၍လည်းကောင်းနာမည်ကြီးတဲ့ကာစီနိုမြို့တော်ဖြစ်ပါတယ်။
အဲရစ်တန်ဟက်ဟာယူနိုက်တက်စတားများကိုစည်းကမ်းလိုက်နာမှုနဲ့ပတ်သက်ပြီးပြတ်ပြတ်သားသားအရေးယူမှုပြုလုပ်နေသူဖြစ်ပါတယ်။
သူဟာဝုဗ်နှင့်အဝေးကွင်းပွဲမတိုင်မီ အသင်းအစည်းအဝေးသို့ အအိပ်လွန်နေမှုကြောင့်နောက်ကျပြီးမှရောက်လာတဲ့ အဓိကတိုက်စစ်မှူးမားကပ်စ်ရက်ဖို့ဒ်ကိုအရန်ခုံသို့ပို့ခဲ့ဖူးပါတယ်။
ZawGyi
ယူႏိုက္တက္စတားမ်ားရဲ႕စည္းကမ္းလိုက္နာမႈကို စမ္းသပ္ရန္ ကာစီႏိုၿမိဳ႕ေတာ္လက္စ္ဗီးဂက္စ္သို႔ သြားမဲ့ အဲရစ္တန္ဟက္
မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာကလပ္ရဲ႕ရာသီႀကိဳအေမရိကန္ခရီးစဥ္ရဲ႕အစိတ္အပိုင္းအျဖစ္ကာစီႏိုၿမိဳ႕ေတာ္လက္စ္ဗီးဗက္စ္သို႔သြားေရာက္ရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ဟာ၂၀၁၈ခုႏွစ္တုန္းကဟိုေဆးေမာ္ရင္ဟိုရဲ႕ေဝဖန္မႈခံရၿပီးေနာက္ပိုင္းတြင္အေမရိကန္သို႔သြားေရာက္ခဲ့ျခင္းမရွိပါဘူး။
ေမာ္ရင္ဟိုဟာအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ဗဟိုေနာက္ခံလူမေခၚယူႏိုင္မႈအတြက္ အေမရိကန္ခရီးစဥ္ကိုအျပစ္တင္ခဲ့တာျဖစ္ပါတယ္။
ေမာ္ရင္ဟိုဟာလည္းယင္းရာသီတြင္ရလဒ္ေကာင္းမ်ားမရယူႏိုင္မႈနဲ႔အတူ ထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။
အဲရစ္တန္ဟက္ကေတာ့ေမာ္ရင္ဟိုကဲ့သို႔ႀကဳံလာရဖို႔မရွိပါဘူး။အသက္၅၂ႏွစ္ရွိဒတ္ခ်္လူမ်ိဳးနည္းျပဟာေမလတုန္းကယူႏိုက္တက္ကိုကိုင္တြယ္ၿပီးေနာက္အသင္းကိုအေကာင္းဆုံးဦးေဆာင္ထားႏိုင္တာေတြ႕ရပါတယ္။
ယူႏိုက္တက္ဟာအေမရိကန္သို႔ရာသီႀကိဳခရီးစဥ္သြားေရာက္ေလ့ရွိေပမဲ့လည္းလက္စ္ဗီးဂတ္စ္သို႔တစ္ႀကိမ္မွ်မသြားခဲ့ပါဘူး။ဒါေပမဲ့ယခုတစ္ႀကိမ္မွာေတာ့ယူႏိုက္တက္ဟာAllegiant Stadium တြင္ပရီးမီးယားလိဂ္ၿပိဳင္ဘက္တစ္သင္းသင္းႏွင့္ရင္ဆိုင္ကစားပါမယ္။
အဲရစ္တန္ဟက္ဟာလက္စ္ဗီးဂက္စ္ခရီးစဥ္ေၾကာင့္အသင္းအတြက္ေငြေၾကးပိုင္းအက်ိဳးအျမတ္ရရွိလာမဲ့အျပင္ ကစားသမားမ်ားရဲ႕စည္းကမ္းလိုက္နာမႈကိုလည္းစမ္းသပ္ရန္အတြက္လက္ခံလိုက္တာျဖစ္ပါတယ္။
လက္စ္ဗီးဂက္စ္မွာ Sin City ဟူ၍လည္းေကာင္း၊The City that Never Sleeps ဟူ၍လည္းေကာင္းနာမည္ႀကီးတဲ့ကာစီႏိုၿမိဳ႕ေတာ္ျဖစ္ပါတယ္။
အဲရစ္တန္ဟက္ဟာယူႏိုက္တက္စတားမ်ားကိုစည္းကမ္းလိုက္နာမႈနဲ႔ပတ္သက္ၿပီးျပတ္ျပတ္သားသားအေရးယူမႈျပဳလုပ္ေနသူျဖစ္ပါတယ္။
သူဟာဝုဗ္ႏွင့္အေဝးကြင္းပြဲမတိုင္မီ အသင္းအစည္းအေဝးသို႔ အအိတ္လြန္ေနမႈေၾကာင့္ေနာက္က်ၿပီးမွေရာက္လာတဲ့ အဓိကတိုက္စစ္မႉးမားကပ္စ္ရက္ဖို႔ဒ္ကိုအရန္ခုံသို႔ပို႔ခဲ့ဖူးပါတယ္။