
၂၀၁၉ခုနှစ်တုန်းကယူနိုက်တက်စတားမားကပ်စ်ရက်ဖို့ဒ်နှင့်လီဗာပူးစတားထရန်းအလက်ဇန္ဒားအာနိုးတို့ရဲ့အစ်ကိုများကိုလက်နက်ဖြင့်ဓားပြတိုက်ခဲ့ကြတဲ့လူသုံးဦးကိုဓားပြမှုဖြင့်တရားစွဲဆိုမှုပြုလုပ်လာပြီဖြစ်ပါတယ်။
အသက်၂၂နှစ်ရှိတာရစ်ဒါဗန်၊အသက်၂၁နှစ်ရှိရိုမီယိုဟာမား၊အသက်၂၈နှစ်ရှိတဲလ်လီကိုလီမိုနီယပ်စ်တို့ဟာဘော့စ်ဘောတုတ်၊ရှော့ဂန်း၊ဓားမြှောင်တို့ကိုင်ဆောင်ကာဓားပြတိုက်ခဲ့ကြတာဖြစ်ပြီးအမှု၅ခုဖြင့်စွဲချက်တင်ခြင်းခံခဲ့ရပါတယ်။
၎င်းတို့သုံးဦးဟာ၂၀၁၉ခုနှစ်၊ဇန်နဝါရီလ၁၂ရက်နေ့တုန်းကမန်ချက်စတာရှိမော့စ်ဆိုက်မှ Little Rock ကော်ဖီဆိုင်တွင်မျက်နှာစွပ်လက်နက်ကိုင်ဆောင်ကာထရန်းအလက်ဇန္ဒားအာနိုးရဲ့အစ်ကို၊မားကပ်စ်ရက်ဖို့ဒ်ရဲ့အစ်ကိုနှင့်သူငယ်ချင်းသုံးဦးတို့ကိုဓားပြတိုက်ခဲ့တာဖြစ်ပြီးပေါင်၇၀၀၀၀တန်ဖိုးရှိ Range Rover ကားနှင့်လက်ဝတ်ရတနာများကိုရယူသွားခဲ့ကြပါတယ်။
ဓားပြများဟာရက်ဖို့ဒ်ရဲ့အစ်ကိုထံမှပေါင်၂၂၀၀၀တန်ဖိုးရှိ Rolex နာရီ၊ထရန်းအလက်ဇန္ဒားအာနိုးရဲ့အစ်ကိုထံမှပိုက်ဆံအိတ်နှင့် ပေါင်၇၀၀၀၀တန် Range Rover ကားတို့ကိုရယူသွားခဲ့ကြပါတယ်။
ယခုအခါဓားပြသုံးဦးတို့ဟာဓားပြမှုအပါအဝင်အမှု၅မှုဖြင့်စွဲချက်တင်ခြင်းခံလာခဲ့ရပြီဖြစ်ပြီးမတ်လ၂၀ရက်နေ့တွင်စီရင်ချသွားတော့မှာဖြစ်ပါတယ်။
ZawGyi
ယူႏိုက္တက္စတားရက္ဖို႔ဒ္ႏွင့္လီဗာပူးစတားထရန္းအလက္ဇႏၵားအာႏိုးတို႔ရဲ႕အစ္ကိုမ်ားကို ဓားျပတိုက္သူမ်ားကို စြဲခ်က္တင္
၂၀၁၉ခုႏွစ္တုန္းကယူႏိုက္တက္စတားမားကပ္စ္ရက္ဖို႔ဒ္ႏွင့္လီဗာပူးစတားထရန္းအလက္ဇႏၵားအာႏိုးတို႔ရဲ႕အစ္ကိုမ်ားကိုလက္နက္ျဖင့္ဓားျပတိုက္ခဲ့ၾကတဲ့လူသုံးဦးကိုဓားျပမႈျဖင့္တရားစြဲဆိုမႈျပဳလုပ္လာၿပီျဖစ္ပါတယ္။
အသက္၂၂ႏွစ္ရွိတာရစ္ဒါဗန္၊အသက္၂၁ႏွစ္ရွိ႐ိုမီယိုဟာမား၊အသက္၂၈ႏွစ္ရွိတဲလ္လီကိုလီမိုနီယပ္စ္တို႔ဟာေဘာ့စ္ေဘာတုတ္၊ေရွာ့ဂန္း၊ဓားေျမႇာင္တို႔ကိုင္ေဆာင္ကာဓားျပတိုက္ခဲ့ၾကတာျဖစ္ၿပီးအမႈ၅ခုျဖင့္စြဲခ်က္တင္ျခင္းခံခဲ့ရပါတယ္။
၎တို႔သုံးဦးဟာ၂၀၁၉ခုႏွစ္၊ဇန္နဝါရီလ၁၂ရက္ေန႔တုန္းကမန္ခ်က္စတာရွိေမာ့စ္ဆိုက္မွ Little Rock ေကာ္ဖီဆိုင္တြင္မ်က္ႏွာစြပ္လက္နက္ကိုင္ေဆာင္ကာထရန္းအလက္ဇႏၵားအာႏိုးရဲ႕အစ္ကို၊မားကပ္စ္ရက္ဖို႔ဒ္ရဲ႕အစ္ကိုႏွင့္သူငယ္ခ်င္းသုံးဦးတို႔ကိုဓားျပတိုက္ခဲ့တာျဖစ္ၿပီးေပါင္၇၀၀၀၀တန္ဖိုးရွိ Range Rover ကားႏွင့္လက္ဝတ္ရတနာမ်ားကိုရယူသြားခဲ့ၾကပါတယ္။
ဓားျပမ်ားဟာရက္ဖို႔ဒ္ရဲ႕အစ္ကိုထံမွေပါင္၂၂၀၀၀တန္ဖိုးရွိ Rolex နာရီ၊ထရန္းအလက္ဇႏၵားအာႏိုးရဲ႕အစ္ကိုထံမွပိုက္ဆံအိတ္ႏွင့္ ေပါင္၇၀၀၀၀တန္ Range Rover ကားတို႔ကိုရယူသြားခဲ့ၾကပါတယ္။
ယခုအခါဓားျပသုံးဦးတို႔ဟာဓားျပမႈအပါအဝင္အမႈ၅မႈျဖင့္စြဲခ်က္တင္ျခင္းခံလာခဲ့ရၿပီျဖစ္ၿပီးမတ္လ၂၀ရက္ေန႔တြင္စီရင္ခ်သြားေတာ့မွာျဖစ္ပါတယ္။