
ဖရက်ကမန်ချက်စတာယူနိုက်တက်စတားအားလုံးမဖြစ်မနေလိုက်နာရတဲ့ အဲရစ်တန်ဟက်ချမှတ်ထားတဲ့စည်းမျဉ်းသုံးခုကိုဖွင့်ဟပြောကြားလာပါတယ်။
အဲရစ်တန်ဟက်ဟာနွေရာသီတွင်ရေးဖ်ရန်းနစ်ခ်ရဲ့နေရာကိုဆက်ခံပြီးနောက် ယူနိုက်တက်စတားများကိုတင်းကြပ်တဲ့စည်းမျဉ်းများဖြင့်ကြီးကြပ်နေပါတယ်။
အဲရစ်တန်ဟက်ဟာဩဂုတ်လတုန်းကဘရန့်ဖို့ဒ်ကိုရှုံးနိမ့်ပြီးနောက်ယူနိုက်တက်စတားများကို၁၃ကီလိုမီတာပြေးလွှားစေခဲ့သလိုမကြာသေးမီတုန်းကလည်းအသင်းတွေ့ဆုံပွဲသို့နောက်ကျပြီးမှရောက်လာတဲ့ရက်ဖို့ဒ်ကိုအရန်ခုံသို့ပို့ခဲ့ဖူးပါတယ်။
ယနေ့မှာတော့ဘရာဇီးစတားဖရက်ကယူနိုက်တက်စတားအားလုံး လိုက်နာရတဲ့စည်းမျဉ်းသုံးခုကိုဖွင့်ဟလာပါတယ်။
ဖရက်က “အဝတ်အစားလဲခန်းထဲမှာစည်းမျဉ်းတွေရှိတယ်။နောက်မကျရဘူး။ဘာမှအမှားမလုပ်ရဘူး။ကိုယ့်ကစားဖော်ကိုကူညီဖို့အမြဲလုပ်လုပ်ရမယ်။ဒါတွေကအရမ်းအရေးကြီးတယ်”လို့ပြောကြားသွားပါတယ်။
အဲရစ်တန်ဟက်ဟာယူနိုက်တက်သို့ရောက်ပြီးပထမအပတ်မှာပင်စည်းကမ်းချက်ပေါင်းများစွာထုတ်ခဲ့သူလည်းဖြစ်ပါတယ်။
အဲရစ်တန်ဟက်ရဲ့စည်းကမ်းတင်းကြပ်စွာကိုင်တွယ်မှုကယူနိုက်တက်အတွက်အဆင်ပြေပုံရပါတယ်။ယူနိုက်တက်ဟာ၂၀၁၇ခုနှစ်နောက်ပိုင်းပထမဆုံးဆုဖလားရနိုင်မဲ့အခွင့်အရေးအဖြစ်ခါရာဘောင်ဖလားဗိုလ်လုပွဲသို့တက်ရောက်ထားနိုင်ပါတယ်။
ZawGyi
ယူႏိုက္တက္စတားအားလုံး လိုက္နာရတဲ့ အဲရစ္တန္ဟက္ရဲ႕စည္းမ်ဥ္းသုံးခုကို ဖရက္ဖြင့္ခ်လာ
ဖရက္ကမန္ခ်က္စတာယူႏိုက္တက္စတားအားလုံးမျဖစ္မေနလိုက္နာရတဲ့ အဲရစ္တန္ဟက္ခ်မွတ္ထားတဲ့စည္းမ်ဥ္းသုံးခုကိုဖြင့္ဟေျပာၾကားလာပါတယ္။
အဲရစ္တန္ဟက္ဟာေႏြရာသီတြင္ေရးဖ္ရန္းနစ္ခ္ရဲ႕ေနရာကိုဆက္ခံၿပီးေနာက္ ယူႏိုက္တက္စတားမ်ားကိုတင္းၾကပ္တဲ့စည္းမ်ဥ္းမ်ားျဖင့္ႀကီးၾကပ္ေနပါတယ္။
အဲရစ္တန္ဟက္ဟာဩဂုတ္လတုန္းကဘရန႔္ဖို႔ဒ္ကိုရႈံးနိမ့္ၿပီးေနာက္ယူႏိုက္တက္စတားမ်ားကို၁၃ကီလိုမီတာေျပးလႊားေစခဲ့သလိုမၾကာေသးမီတုန္းကလည္းအသင္းေတြ႕ဆုံပြဲသို႔ေနာက္က်ၿပီးမွေရာက္လာတဲ့ရက္ဖို႔ဒ္ကိုအရန္ခုံသို႔ပို႔ခဲ့ဖူးပါတယ္။
ယေန႔မွာေတာ့ဘရာဇီးစတားဖရက္ကယူႏိုက္တက္စတားအားလုံး လိုက္နာရတဲ့စည္းမ်ဥ္းသုံးခုကိုဖြင့္ဟလာပါတယ္။
ဖရက္က “အဝတ္အစားလဲခန္းထဲမွာစည္းမ်ဥ္းေတြရွိတယ္။ေနာက္မက်ရဘူး။ဘာမွအမွားမလုပ္ရဘူး။ကိုယ့္ကစားေဖာ္ကိုကူညီဖို႔အၿမဲလုပ္လုပ္ရမယ္။ဒါေတြကအရမ္းအေရးႀကီးတယ္”လို႔ေျပာၾကားသြားပါတယ္။
အဲရစ္တန္ဟက္ဟာယူႏိုက္တက္သို႔ေရာက္ၿပီးပထမအပတ္မွာပင္စည္းကမ္းခ်က္ေပါင္းမ်ားစြာထုတ္ခဲ့သူလည္းျဖစ္ပါတယ္။
အဲရစ္တန္ဟက္ရဲ႕စည္းကမ္းတင္းၾကပ္စြာကိုင္တြယ္မႈကယူႏိုက္တက္အတြက္အဆင္ေျပပုံရပါတယ္။ယူႏိုက္တက္ဟာ၂၀၁၇ခုႏွစ္ေနာက္ပိုင္းပထမဆုံးဆုဖလားရႏိုင္မဲ့အခြင့္အေရးအျဖစ္ခါရာေဘာင္ဖလားဗိုလ္လုပြဲသို႔တက္ေရာက္ထားႏိုင္ပါတယ္။