ယူနိုက်တက်တစ်လတာအကောင်းဆုံးကစားသမားးဆုနှင့် အကောင်းဆုံးဂိုးဆုကို ရက်ဖို့ဒ်ဆွတ်ခူး

ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်လည်းအကောင်းဆုံးပုံစံဆက်လက်ပြသနေခဲ့တဲ့မားကပ်စ်ရက်ဖို့ဒ်ဟာဒီဇင်ဘာလအတွက်ယူနိုက်တက်တစ်လတာအကောင်းဆုံးကစားသမားဆုနှင့်အကောင်းဆုံးဂိုးဆုတို့ကိုဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

မားကပ်စ်ရက်ဖို့ဒ်ဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အင်္ဂလန်အတွက်၃ဂိုးသွင်းယူနိုင်ခဲ့တဲ့သူဖြစ်ပြီး ကမ္ဘာ့ဖလားအပြီးပရီးမီးယားလိဂ်ပွဲများပြန်လည်စတင်လာချိန်တွင်လည်းဆက်လက်ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

သူဟာဒီဇင်ဘာလအတွင်းတွင်ယူနိုက်တက်အတွက်၃ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

သူဟာဘန်လေနှင့်ပွဲစဉ်မှတကိုယ်တော်အစွမ်းဖြင့်သွင်းယူတဲ့ဂိုးဖြင့်ယူနိုက်တက်တစ်လတာအကောင်းဆုံးဂိုးဆုကိုဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်းသူဟာပရိသတ်များမဲအဆုံးအဖြတ်ဖြင့်ရွေးချယ်ချီးမြှင့်တဲ့ ဒီဇင်ဘာလအတွက်ယူနိုက်တက်တစ်လတာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးသွားခဲ့တာလည်းဖြစ်ပါတယ်။

ရက်ဖို့ဒ်ဟာဒီဇင်ဘာလတွင်အကောင်းဆုံးခြေစွမ်းပြနေသလို ယခုဇန်နဝါရီလတွင်လည်းအကောင်းဆုံးပုံစံဆက်လက်ပြသနေပါတယ်။

သူဟာဇန်နဝါရီလ၄ရက်နေ့တုန်းကဘုန်းမောက်ကို၃-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲ၊မနေ့ညတုန်းကအဲဗာတန်ကို၃-၁ဖြင့်အနိုင်ရရှိတဲ့အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်တွင်လည်းဂိုးများဆက်လက်သွင်းယူထားနိုင်ခဲ့ပါတယ်။

ZawGyi

ယူႏိုက္တက္တစ္လတာအေကာင္းဆုံးကစားသမားးဆုႏွင့္ အေကာင္းဆုံးဂိုးဆုကို ရက္ဖို႔ဒ္ဆြတ္ခူး

ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္လည္းအေကာင္းဆုံးပုံစံဆက္လက္ျပသေနခဲ့တဲ့မားကပ္စ္ရက္ဖို႔ဒ္ဟာဒီဇင္ဘာလအတြက္ယူႏိုက္တက္တစ္လတာအေကာင္းဆုံးကစားသမားဆုႏွင့္အေကာင္းဆုံးဂိုးဆုတို႔ကိုဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။

မားကပ္စ္ရက္ဖို႔ဒ္ဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္အဂၤလန္အတြက္၃ဂိုးသြင္းယူႏိုင္ခဲ့တဲ့သူျဖစ္ၿပီး ကမာၻ႔ဖလားအၿပီးပရီးမီးယားလိဂ္ပြဲမ်ားျပန္လည္စတင္လာခ်ိန္တြင္လည္းဆက္လက္ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။

သူဟာဒီဇင္ဘာလအတြင္းတြင္ယူႏိုက္တက္အတြက္၃ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

သူဟာဘန္ေလႏွင့္ပြဲစဥ္မွတကိုယ္ေတာ္အစြမ္းျဖင့္သြင္းယူတဲ့ဂိုးျဖင့္ယူႏိုက္တက္တစ္လတာအေကာင္းဆုံးဂိုးဆုကိုဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းသူဟာပရိသတ္မ်ားမဲအဆုံးအျဖတ္ျဖင့္ေ႐ြးခ်ယ္ခ်ီးျမႇင့္တဲ့ ဒီဇင္ဘာလအတြက္ယူႏိုက္တက္တစ္လတာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးသြားခဲ့တာလည္းျဖစ္ပါတယ္။

ရက္ဖို႔ဒ္ဟာဒီဇင္ဘာလတြင္အေကာင္းဆုံးေျခစြမ္းျပေနသလို ယခုဇန္နဝါရီလတြင္လည္းအေကာင္းဆုံးပုံစံဆက္လက္ျပသေနပါတယ္။

သူဟာဇန္နဝါရီလ၄ရက္ေန႔တုန္းကဘုန္းေမာက္ကို၃-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲ၊မေန႔ညတုန္းကအဲဗာတန္ကို၃-၁ျဖင့္အႏိုင္ရရွိတဲ့အက္ဖ္ေအဖလားတတိယအဆင့္ပြဲစဥ္တြင္လည္းဂိုးမ်ားဆက္လက္သြင္းယူထားႏိုင္ခဲ့ပါတယ္။