
အဲရစ်တန်ဟက်ဟာစပါးစ်နှင့်ပွဲစဉ်မှအပြုအမူအတွက်ယူနိုက်တက်တစ်သင်းလုံးအားခရစ္စတီယာနိုရော်နယ်ဒို တောင်းပန်စေလိုလျက်ရှိကြောင်းသိရပါတယ်။
ရော်နယ်ဒိုဟာဗုဒ္ဓဟူးနေ့တုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်စပါးစ်ကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲမပြီးဆုံးမီမှာပင်ဥမင်လှိုဏ်ခေါင်းသို့ထွက်ခွာသွားပါတယ်။
အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာစပါးစ်နှင့်ပွဲတွင်နောက်ကျအရန်အဖြစ်ဝင်ကစားလိုခြင်းမရှိမှုနှင့်အတူဥမင်လှိုဏ်ခေါင်းသို့ဆင်းသွားခဲ့တာလည်းဖြစ်ပါတယ်။
ယင်းလုပ်ရပ်ကြောင့်ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်ပထမအသင်းမှဖယ်ရှားခြင်းခံခဲ့ရပြီးယူနိုက်တက်ယူ-၂၁အသင်းနဲ့လေ့ကျင့်ခန်းဆင်းနေရပါတယ်။
ဒါ့အပြင် သူဟာမနေ့ညတုန်းကစတမ်းဖို့ဒ်ဘရစ်ချ်တွင်ချဲလ်ဆီးနှင့်တစ်ဂိုးစီသရေကျတဲ့ပွဲရဲ့ယူနိုက်တက်လူစာရင်းတွင်လည်းချန်လှပ်ခံခဲ့ရပါတယ်။
အဲရစ်တန်ဟက်ဟာလာမယ့်အပတ်တွင်ခရစ္စတီယာနိုရော်နယ်ဒိုကို ယူနိုက်တက်ပထမအသင်းနှင့်ပြန်လည်ပူးပေါင်းခွင့်ပေးလာဖို့ရှိပါတယ်။ယင်းအချိန်တွင်အဲရစ်တန်ဟက်ကခရစ္စတီယာနိုရော်နယ်ဒိုအနေဖြင့်သူနဲ့နည်းပြအဖွဲ့ဝင်များကိုသာမကယူနိုက်တက်တစ်သင်းလုံးကိုလည်းတောင်းပန်စေလိုနေပါတယ်။
တကယ်လို့များခရစ္စတီယာနိုရော်နယ်ဒိုဘက်ကတောင်းပန်ရန်ငြင်းဆိုလာပါကလည်း ပိုမိုကြမ်းတမ်းစွာကိုင်တွယ်လာရန်လည်းအဲရစ်တန်ဟက်ဆုံးဖြတ်ထားပါတယ်။
ZawGyi
ယူႏိုက္တက္တစ္သင္းလုံးအား ခရစၥတီယာႏိုေရာ္နယ္ဒို ေတာင္းပန္ေစခ်င္ေနတဲ့ အဲရစ္တန္ဟက္
အဲရစ္တန္ဟက္ဟာစပါးစ္ႏွင့္ပြဲစဥ္မွအျပဳအမူအတြက္ယူႏိုက္တက္တစ္သင္းလုံးအားခရစၥတီယာႏိုေရာ္နယ္ဒို ေတာင္းပန္ေစလိုလ်က္ရွိေၾကာင္းသိရပါတယ္။
ေရာ္နယ္ဒိုဟာဗုဒၶဟူးေန႔တုန္းကအိုးထရက္ဖို႔ဒ္ကြင္းတြင္စပါးစ္ကို၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမၿပီးဆုံးမီမွာပင္ဥမင္လႈိဏ္ေခါင္းသို႔ထြက္ခြာသြားပါတယ္။
အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာစပါးစ္ႏွင့္ပြဲတြင္ေနာက္က်အရန္အျဖစ္ဝင္ကစားလိုျခင္းမရွိမႈႏွင့္အတူဥမင္လႈိဏ္ေခါင္းသို႔ဆင္းသြားခဲ့တာလည္းျဖစ္ပါတယ္။
ယင္းလုပ္ရပ္ေၾကာင့္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူႏိုက္တက္ပထမအသင္းမွဖယ္ရွားျခင္းခံခဲ့ရၿပီးယူႏိုက္တက္ယူ-၂၁အသင္းနဲ႔ေလ့က်င့္ခန္းဆင္းေနရပါတယ္။
ဒါ့အျပင္ သူဟာမေန႔ညတုန္းကစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္ခ်ဲလ္ဆီးႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲရဲ႕ယူႏိုက္တက္လူစာရင္းတြင္လည္းခ်န္လွပ္ခံခဲ့ရပါတယ္။
အဲရစ္တန္ဟက္ဟာလာမယ့္အပတ္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုကို ယူႏိုက္တက္ပထမအသင္းႏွင့္ျပန္လည္ပူးေပါင္းခြင့္ေပးလာဖို႔ရွိပါတယ္။ယင္းအခ်ိန္တြင္အဲရစ္တန္ဟက္ကခရစၥတီယာႏိုေရာ္နယ္ဒိုအေနျဖင့္သူနဲ႔နည္းျပအဖြဲ႕ဝင္မ်ားကိုသာမကယူႏိုက္တက္တစ္သင္းလုံးကိုလည္းေတာင္းပန္ေစလိုေနပါတယ္။
တကယ္လို႔မ်ားခရစၥတီယာႏိုေရာ္နယ္ဒိုဘက္ကေတာင္းပန္ရန္ျငင္းဆိုလာပါကလည္း ပိုမိုၾကမ္းတမ္းစြာကိုင္တြယ္လာရန္လည္းအဲရစ္တန္ဟက္ဆုံးျဖတ္ထားပါတယ္။