ယူနိုက်တက်တွင် ကစားသမားဘဝအဆုံးသတ်နိုင်ရန် လုပ်ခလျှော့ယူကာ စာချုပ်သစ်ချုပ်ဆိုလာမဲ့ ဒီဂီယာ

ဒေးဒီဂီယာဟာမန်ချက်စတာယူနိုက်တက်တွင်ဆက်ကစားနိုင်ရန်အတွက်လုပ်ခလျှော့ယူလာတော့မှာဖြစ်ကြောင်းသိရပါတယ်။

စပိန်ဂိုးသမားဟာ၂၀၁၁ခုနှစ်တွင်အက်သလက်တီကိုမှယူနိုက်တက်သို့ရောက်လာခဲ့သူဖြစ်ပါတယ်။

သူဟာယူနိုက်တက်တွင်နံပါတ်တစ်ဂိုးသမားအဖြစ်အဓိကကစားလာခဲ့ရပေမဲ့သူ့နေရာကိုခြိမ်းခြောက်လာတဲ့ဒိန်းဟင်ဒါဆင်ကိုနော်တင်ဟမ်ဖောရက်စ်သို့အငှားဖြင့်ပြောင်းကစားရအောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

အသက်၃၂နှစ်ရှိဒီဂီယာဟာ၂၀၁၉ခုနှစ်တုန်းကယူနိုက်တက်နှင့်လေးနှစ်စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပြီးတစ်ပတ်လုပ်ခပေါင်၃၇၅၀၀၀ရရှိနေပါတယ်။

သူ့ရဲ့စာချုပ်ကဇွန်လမှာကုန်ဆုံးလာမှာဖြစ်ပြီးစာချုပ်အတွင်းတွင်၁၂လသက်တမ်းတိုးနိုင်မဲ့အချက်ပါဝင်ပါတယ်။

ဒါပေမဲ့ယူနိုက်တက်ဟာဒီဂီယာအတွက်အသုံးပြုရတဲ့လုပ်ခအလွန်များပြားနေမှုနဲ့အတူ လုပ်ခလျှော့ယူစေပြီးစာချုပ်သက်တမ်းတိုးလိုနေပါတယ်။

တဖက်တွင်ဒီဂီယာကိုယ်တိုင်ကလည်းယူနိုက်တက်တွင်သာကစားသမားဘဝကုန်ဆုံးလိုနေပြီးလုပ်ခလျှော့ယူရန်လည်းအသင့်ရှိနေပါတယ်။

ZawGyi

ယူႏိုက္တက္တြင္ ကစားသမားဘဝအဆုံးသတ္ႏိုင္ရန္ လုပ္ခေလွ်ာ့ယူကာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုလာမဲ့ ဒီဂီယာ

ေဒးဒီဂီယာဟာမန္ခ်က္စတာယူႏိုက္တက္တြင္ဆက္ကစားႏိုင္ရန္အတြက္လုပ္ခေလွ်ာ့ယူလာေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

စပိန္ဂိုးသမားဟာ၂၀၁၁ခုႏွစ္တြင္အက္သလက္တီကိုမွယူႏိုက္တက္သို႔ေရာက္လာခဲ့သူျဖစ္ပါတယ္။

သူဟာယူႏိုက္တက္တြင္နံပါတ္တစ္ဂိုးသမားအျဖစ္အဓိကကစားလာခဲ့ရေပမဲ့သူ႔ေနရာကိုၿခိမ္းေျခာက္လာတဲ့ဒိန္းဟင္ဒါဆင္ကိုေနာ္တင္ဟမ္ေဖာရက္စ္သို႔အငွားျဖင့္ေျပာင္းကစားရေအာင္လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။

အသက္၃၂ႏွစ္ရွိဒီဂီယာဟာ၂၀၁၉ခုႏွစ္တုန္းကယူႏိုက္တက္ႏွင့္ေလးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီးတစ္ပတ္လုပ္ခေပါင္၃၇၅၀၀၀ရရွိေနပါတယ္။

သူ႔ရဲ႕စာခ်ဳပ္ကဇြန္လမွာကုန္ဆုံးလာမွာျဖစ္ၿပီးစာခ်ဳပ္အတြင္းတြင္၁၂လသက္တမ္းတိုးႏိုင္မဲ့အခ်က္ပါဝင္ပါတယ္။

ဒါေပမဲ့ယူႏိုက္တက္ဟာဒီဂီယာအတြက္အသုံးျပဳရတဲ့လုပ္ခအလြန္မ်ားျပားေနမႈနဲ႔အတူ လုပ္ခေလွ်ာ့ယူေစၿပီးစာခ်ဳပ္သက္တမ္းတိုးလိုေနပါတယ္။

တဖက္တြင္ဒီဂီယာကိုယ္တိုင္ကလည္းယူႏိုက္တက္တြင္သာကစားသမားဘဝကုန္ဆုံးလိုေနၿပီးလုပ္ခေလွ်ာ့ယူရန္လည္းအသင့္ရွိေနပါတယ္။