ယူနိုက်တက်တွင် နည်းစနစ်ဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်ပေမဲ့ သားတွေဖြစ်တဲ့ အမြွှာညီနောင်ကို မန်စီးတီးနှင့်ပရိုစာချုပ်ချုပ်စေမဲ့ ဖလက်ချာ

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ဒါရင်းဖလက်ချာဟာသူ့သားတွေဖြစ်ကြတဲ့အမြွာညီနောင်ကိုမြို့ခံပြိုင်ဘက်ကလပ်မန်ချက်စတာစီးတီးနှင့်ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုစေလာတော့မှာဖြစ်ကြောင်းသိရပါတယ်။

ယခုရာသီတွင်အသက်၁၆နှစ်ပြည့်လာကြတဲ့ဂျက်နှင့်တေလာတို့ဟာမန်စီးတီးနှင့်ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုရန်နီးစပ်နေကြသူများလည်းဖြစ်ပါတယ်။

ဖလက်ချာဟာမန်ချက်စတာယူနိုက်တက်တွင်နည်းစနစ်ဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်နေပေမဲ့လည်းသားဖြစ်သူတို့အားမန်စီးတီးနှင့်ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခွင့်ပေးလာမှာလည်းဖြစ်ပါတယ်။

ဂျက်နှင့်တေလာတို့ဟာဖခင်ကဲ့သို့ပင်အလယ်တန်းနေရာတွင်ကစားနေကြသူများဖြစ်ပြီးမန်စီးတီးရဲ့စကော့လားရှစ်တစ်နှစ်စာချုပ်ကမ်းလှမ်းခံထားရပါတယ်။

တကယ်လို့ယင်းစာချုပ်ကိုလက်ခံလာပါက၎င်းတို့ဟာသုံးရာသီပရော်ဖက်ရှင်နယ်စာချုပ်လည်းချုပ်ဆိုနိုင်လာပါမယ်။

ဂျက်ဟာယခုရာသီတွင်မန်စီးတီးယူ-၁၈အသင်းအတွက်ကာလတိုကစားထားသူလည်းဖြစ်ပါတယ်။တဖက်တွင်တေလာမှာလည်းပြီးခဲ့တဲ့လတုန်းကစပိန်တွင်အင်္ဂလန်ယူ-၁၆အတွက်ကစားခဲ့သူဖြစ်ပါတယ်။

၎င်းတို့နှစ်ဦးလုံးဟာစကော့တလန်အတွက်ကောအင်္ဂလန်အတွက်ပါကစားခွင့်ရှိနေကြသူများဖြစ်ပါတယ်။

ဖလက်ချာဟာကစားသမားဘဝတုန်းကယူနိုက်တက်အတွက်၃၄၂ပွဲကစားပေးခဲ့ကာ၂၀၂၀ခုနှစ်တွင်ယူနိုက်တက်သို့အကယ်ဒမီနည်းပြအဖြစ်ရောက်လာပြီးနောက်၂၀၂၁ခုနှစ်၊မတ်လမှစတင်ကာနည်းစနစ်ဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်လာခဲ့ပါတယ်။

ZawGyi

ယူႏိုက္တက္တြင္ နည္းစနစ္ဒါ႐ိုက္တာအျဖစ္တာဝန္ထမ္းေဆာင္ေပမဲ့ သားေတြျဖစ္တဲ့ အႁမႊာညီေနာင္ကို မန္စီးတီးႏွင့္ပ႐ိုစာခ်ဳပ္ခ်ဳပ္ေစမဲ့ ဖလက္ခ်ာ

မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ဒါရင္းဖလက္ခ်ာဟာသူ႔သားေတြျဖစ္ၾကတဲ့အႁမြာညီေနာင္ကိုၿမိဳ႕ခံၿပိဳင္ဘက္ကလပ္မန္ခ်က္စတာစီးတီးႏွင့္ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ခ်ဳပ္ဆိုေစလာေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

ယခုရာသီတြင္အသက္၁၆ႏွစ္ျပည့္လာၾကတဲ့ဂ်က္ႏွင့္ေတလာတို႔ဟာမန္စီးတီးႏွင့္ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ခ်ဳပ္ဆိုရန္နီးစပ္ေနၾကသူမ်ားလည္းျဖစ္ပါတယ္။

ဖလက္ခ်ာဟာမန္ခ်က္စတာယူႏိုက္တက္တြင္နည္းစနစ္ဒါ႐ိုက္တာအျဖစ္တာဝန္ထမ္းေဆာင္ေနေပမဲ့လည္းသားျဖစ္သူတို႔အားမန္စီးတီးႏွင့္ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ခ်ဳပ္ဆိုခြင့္ေပးလာမွာလည္းျဖစ္ပါတယ္။

ဂ်က္ႏွင့္ေတလာတို႔ဟာဖခင္ကဲ့သို႔ပင္အလယ္တန္းေနရာတြင္ကစားေနၾကသူမ်ားျဖစ္ၿပီးမန္စီးတီးရဲ႕စေကာ့လားရွစ္တစ္ႏွစ္စာခ်ဳပ္ကမ္းလွမ္းခံထားရပါတယ္။

တကယ္လို႔ယင္းစာခ်ဳပ္ကိုလက္ခံလာပါက၎တို႔ဟာသုံးရာသီပေရာ္ဖက္ရွင္နယ္စာခ်ဳပ္လည္းခ်ဳပ္ဆိုႏိုင္လာပါမယ္။

ဂ်က္ဟာယခုရာသီတြင္မန္စီးတီးယူ-၁၈အသင္းအတြက္ကာလတိုကစားထားသူလည္းျဖစ္ပါတယ္။တဖက္တြင္ေတလာမွာလည္းၿပီးခဲ့တဲ့လတုန္းကစပိန္တြင္အဂၤလန္ယူ-၁၆အတြက္ကစားခဲ့သူျဖစ္ပါတယ္။

၎တို႔ႏွစ္ဦးလုံးဟာစေကာ့တလန္အတြက္ေကာအဂၤလန္အတြက္ပါကစားခြင့္ရွိေနၾကသူမ်ားျဖစ္ပါတယ္။

ဖလက္ခ်ာဟာကစားသမားဘဝတုန္းကယူႏိုက္တက္အတြက္၃၄၂ပြဲကစားေပးခဲ့ကာ၂၀၂၀ခုႏွစ္တြင္ယူႏိုက္တက္သို႔အကယ္ဒမီနည္းျပအျဖစ္ေရာက္လာၿပီးေနာက္၂၀၂၁ခုႏွစ္၊မတ္လမွစတင္ကာနည္းစနစ္ဒါ႐ိုက္တာအျဖစ္တာဝန္ထမ္းေဆာင္လာခဲ့ပါတယ္။