ယူနိုက်တက်တွင် နေရာရရှိရေး တိုက်ပွဲမဝင်လိုပါက ထွက်ခွာနိုင်ကြောင်း ဟယ်ရီမက်ဂွိုင်းယားကို အဲရစ်တန်ဟက်သတိပေးလာ

အဲရစ်တန်ဟက်ကဟယ်ရီမက်ဂွိုင်းယားအနေဖြင့်မန်ချက်စတာယူနိုက်တက်တွင်နေရာရရှိရေးတိုက်ပွဲဝင်ရမည်ဖြစ်ကြောင်းနှင့်တိုက်ပွဲမဝင်လိုပါကထွက်ခွာနိုင်ကြောင်းပြောကြားလာပါတယ်။

ဟယ်ရီမက်ဂွိုင်းယားဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အင်္ဂလန်ရဲ့အဓိကခံစစ်မှူးအဖြစ်ပါဝင်ကစားခဲ့ပြီးခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့သူဟာအင်္ဂလန်နှင့်အတူကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပွဲထွက်ခွင့်ရခဲ့ပေမဲ့ ယူနိုက်တက်တွင်မူအရန်ခုံတွင်ပြန်ထိုင်ရဖို့ရှိနေပါတယ်။

မက်ဂွိုင်းယားထွက်ခွာနိုင်သလားလို့မေးမြန်းလာမှုကိုအဲရစ်တန်ဟက်က “ဒီပတ်ဝန်းကျင်မှာသူ့ဘက်ကမနေချင်တော့ဘူးဆိုရင်တော့ဖြစ်လာနိုင်ပါတယ်။အခုအချိန်အထိတော့ကျွန်တော်ကတော့သူရှိနေလို့ကျေနပ်တယ်”လို့ပြောကြားသွားပါတယ်။

အဲရစ်တန်ဟက်ဟာပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲဆက်ရှုံးနိမ့်ပြီးနောက်ယူနိုက်တက်အသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားကိုအရန်ခုံသို့ပို့ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ဟယ်ရီမက်ဂွိုင်းယားဟာအင်္ဂလန်အသင်းတွင်မူသူ့နေရာကိုဆက်ထိန်းထားနိုင်ပြီးအင်္ဂလန်ရဲ့ကမ္ဘာ့ဖလားပွဲငါးပွဲလုံးပွဲထွက်ကစားကာအကောင်းဆုံးခြေစွမ်းလည်းပြသနိုင်ခဲ့ပါတယ်။

zawgyi

ယူႏိုက္တက္တြင္ ေနရာရရွိေရး တိုက္ပြဲမဝင္လိုပါက ထြက္ခြာႏိုင္ေၾကာင္း ဟယ္ရီမက္ဂြိဳင္းယားကို အဲရစ္တန္ဟက္သတိေပးလာ

အဲရစ္တန္ဟက္ကဟယ္ရီမက္ဂြိဳင္းယားအေနျဖင့္မန္ခ်က္စတာယူႏိုက္တက္တြင္ေနရာရရွိေရးတိုက္ပြဲဝင္ရမည္ျဖစ္ေၾကာင္းႏွင့္တိုက္ပြဲမဝင္လိုပါကထြက္ခြာႏိုင္ေၾကာင္းေျပာၾကားလာပါတယ္။

ဟယ္ရီမက္ဂြိဳင္းယားဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္အဂၤလန္ရဲ႕အဓိကခံစစ္မႉးအျဖစ္ပါဝင္ကစားခဲ့ၿပီးေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့သူဟာအဂၤလန္ႏွင့္အတူကမာၻ႔ဖလားၿပိဳင္ပြဲတြင္ပြဲထြက္ခြင့္ရခဲ့ေပမဲ့ ယူႏိုက္တက္တြင္မူအရန္ခုံတြင္ျပန္ထိုင္ရဖို႔ရွိေနပါတယ္။

မက္ဂြိဳင္းယားထြက္ခြာႏိုင္သလားလို႔ေမးျမန္းလာမႈကိုအဲရစ္တန္ဟက္က “ဒီပတ္ဝန္းက်င္မွာသူ႔ဘက္ကမေနခ်င္ေတာ့ဘူးဆိုရင္ေတာ့ျဖစ္လာႏိုင္ပါတယ္။အခုအခ်ိန္အထိေတာ့ကြၽန္ေတာ္ကေတာ့သူရွိေနလို႔ေက်နပ္တယ္”လို႔ေျပာၾကားသြားပါတယ္။

အဲရစ္တန္ဟက္ဟာပရီးမီးယားလိဂ္အဖြင့္ပြဲႏွစ္ပြဲဆက္ရႈံးနိမ့္ၿပီးေနာက္ယူႏိုက္တက္အသင္းေခါင္းေဆာင္ဟယ္ရီမက္ဂြိဳင္းယားကိုအရန္ခုံသို႔ပို႔ခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ဟယ္ရီမက္ဂြိဳင္းယားဟာအဂၤလန္အသင္းတြင္မူသူ႔ေနရာကိုဆက္ထိန္းထားႏိုင္ၿပီးအဂၤလန္ရဲ႕ကမာၻ႔ဖလားပြဲငါးပြဲလုံးပြဲထြက္ကစားကာအေကာင္းဆုံးေျခစြမ္းလည္းျပသႏိုင္ခဲ့ပါတယ္။