ယူနိုက်တက်ထံမှ ဆက်သွယ်မှုမရသေးသလို စိတ်လည်းမဝင်စားကြောင်း အေဂျက်စ်နည်းပြအဲရစ်တင်ဟက်ဖွင့်ဟလာ

အေဂျက်စ်နည်းပြအဲရစ်တင်ဟက်ကမန်ချက်စတာယူနိုက်တက်ထံမှတစ်စုံတစ်ရာဆက်သွယ်မှုရရှိခြင်းမရှိသလိုဆိုးလ်ရှားနေရာတွင်အစားထိုးတာဝန်ယူရန်လည်းစိတ်မဝင်စားကြောင်းပြောကြားလာပါတယ်။

ဒတ်ချ်လူမျိုးနည်းပြဟာ၂၀၁၇ခုနှစ်ကတည်းကအေဂျက်စ်အသင်းကိုကိုင်တွယ်လာသူဖြစ်ပါတယ်။

မန်ယူဟာရလဒ်ဆိုးရွားမှုကြောင့်မနေ့တုန်းကအိုလီဂန်းနားဆိုးလ်ရှားကိုထုတ်ပယ်ခဲ့ပြီးအဲရစ်တင်ဟက်မှာဘရန်ဒန်ရော်ဂျာ၊ဇီဒန်း၊ပိုချက်တီနိုတို့နှင့်အတူမန်ယူနည်းပြလျာထားစာရင်းတွင်ပါဝင်နေပါတယ်။မန်ယူပရိသတ်အများစုဟာနည်းပြသစ်အဖြစ်ဇီဒန်း(သို့မဟုတ်)အဲရစ်တင်ဟက်ကိုခန့်အပ်ရန်ထောက်ခံနေပါတယ်။

ဒါပေမယ့်အဲရစ်တင်ဟက်က “ကျွန်တော့်အသင်းအပေါ်မှာဘဲအာရုံစိုက်နေပါတယ်။ကျွန်တော်တို့မှာအရမ်းကောင်းတဲ့အသင်းရှိတယ်။အောင်မြင်မှုအများကြီးရယူချင်တယ်။ဆုဖလားတွေအများကြီးရယူချင်တယ်။ဆုဖလားတွေအတွက်တိုက်ပွဲဝင်သွားမယ်။အေဂျက်စ်အပေါ်မှာဘဲအာရုံစိုက်နေပါတယ်။ကျန်တာဂရုမစိုက်ပါဘူး။ကစားသမားတွေကိုလည်းအေဂျက်စ်အတွက်ပဲအာရုံစိုက်စေချင်တယ်။ကျွန်တော်ကသူ့အတွက်စံနမူတစ်ဦးပါ။ကျွန်တော့်ရဲ့အေဂျက်စ်နည်းပြရာထူးနဲ့ပတ်သက်ပြီးတော့ဘဲဆက်တိုက်မေးနေတယ်။ဒါကအဓိပ္ပါယ်မရှိတဲ့မေးခွန်းပါ။မန်ယူဘက်စိတ်ဝင်စားတယ်လို့လည်းမကြားမိသလို ဒါနဲ့ပတ်သက်ပြီးတော့လည်းမတွေးပါဘူး”လို့ပြောကြားခဲ့ပါတယ်။

လတ်တလောမီဒီယာများရဲ့ဖော်ပြချက်အရမန်ယူဘုတ်အဖွဲ့ဝင်များဟာရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဇီဒန်းကိုခန့်အပ်ရန်စိတ်ဝင်စားကြောင်းသိရပါတယ်။တစ်ဖက်တွင်မန်ယူဂန္ထဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်ကလည်းပိုချက်တီနိုအားခန့်အပ်ရန်အကြံပြုထားကြောင်းသိရပါတယ်။

ZawGyi

ယူႏိုက္တက္ထံမွ ဆက္သြယ္မႈမရေသးသလို စိတ္လည္းမဝင္စားေၾကာင္း ေအဂ်က္စ္နည္းျပအဲရစ္တင္ဟက္ဖြင့္ဟလာ

ေအဂ်က္စ္နည္းျပအဲရစ္တင္ဟက္ကမန္ခ်က္စတာယူႏိုက္တက္ထံမွတစ္စုံတစ္ရာဆက္သြယ္မႈရရွိျခင္းမရွိသလိုဆိုးလ္ရွားေနရာတြင္အစားထိုးတာဝန္ယူရန္လည္းစိတ္မဝင္စားေၾကာင္းေျပာၾကားလာပါတယ္။

ဒတ္ခ်္လူမ်ိဳးနည္းျပဟာ၂၀၁၇ခုႏွစ္ကတည္းကေအဂ်က္စ္အသင္းကိုကိုင္တြယ္လာသူျဖစ္ပါတယ္။

မန္ယူဟာရလဒ္ဆိုး႐ြားမႈေၾကာင့္မေန႔တုန္းကအိုလီဂန္းနားဆိုးလ္ရွားကိုထုတ္ပယ္ခဲ့ၿပီးအဲရစ္တင္ဟက္မွာဘရန္ဒန္ေရာ္ဂ်ာ၊ဇီဒန္း၊ပိုခ်က္တီႏိုတို႔ႏွင့္အတူမန္ယူနည္းျပလ်ာထားစာရင္းတြင္ပါဝင္ေနပါတယ္။မန္ယူပရိသတ္အမ်ားစုဟာနည္းျပသစ္အျဖစ္ဇီဒန္း(သို႔မဟုတ္)အဲရစ္တင္ဟက္ကိုခန႔္အပ္ရန္ေထာက္ခံေနပါတယ္။

ဒါေပမယ့္အဲရစ္တင္ဟက္က “ကြၽန္ေတာ့္အသင္းအေပၚမွာဘဲအာ႐ုံစိုက္ေနပါတယ္။ကြၽန္ေတာ္တို႔မွာအရမ္းေကာင္းတဲ့အသင္းရွိတယ္။ေအာင္ျမင္မႈအမ်ားႀကီးရယူခ်င္တယ္။ဆုဖလားေတြအမ်ားႀကီးရယူခ်င္တယ္။ဆုဖလားေတြအတြက္တိုက္ပြဲဝင္သြားမယ္။ေအဂ်က္စ္အေပၚမွာဘဲအာ႐ုံစိုက္ေနပါတယ္။က်န္တာဂ႐ုမစိုက္ပါဘူး။ကစားသမားေတြကိုလည္းေအဂ်က္စ္အတြက္ပဲအာ႐ုံစိုက္ေစခ်င္တယ္။ကြၽန္ေတာ္ကသူ႔အတြက္စံနမူတစ္ဦးပါ။ကြၽန္ေတာ့္ရဲ႕ေအဂ်က္စ္နည္းျပရာထူးနဲ႔ပတ္သက္ၿပီးေတာ့ဘဲဆက္တိုက္ေမးေနတယ္။ဒါကအဓိပၸါယ္မရွိတဲ့ေမးခြန္းပါ။မန္ယူဘက္စိတ္ဝင္စားတယ္လို႔လည္းမၾကားမိသလို ဒါနဲ႔ပတ္သက္ၿပီးေတာ့လည္းမေတြးပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

လတ္တေလာမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရမန္ယူဘုတ္အဖြဲ႕ဝင္မ်ားဟာရီးရဲလ္မက္ဒရစ္နည္းျပေဟာင္းဇီဒန္းကိုခန႔္အပ္ရန္စိတ္ဝင္စားေၾကာင္းသိရပါတယ္။တစ္ဖက္တြင္မန္ယူဂႏၴဝင္နည္းျပဆာအဲလက္စ္ဖာဂူဆန္ကလည္းပိုခ်က္တီႏိုအားခန႔္အပ္ရန္အႀကံျပဳထားေၾကာင္းသိရပါတယ္။