ယူနိုက်တက်ထံ အသင်းပြောင်းခွင့်မတောင်းမီ အပိုဆုကြေးတနင့်တပိုးရယူခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ချက်စတာယူနိုက်တက်ထံအသင်းပြောင်းလိုကြောင်းအကြောင်းမကြားမီကလပ်ထံမှအပိုဆုကြေးငွေတနင့်တပိုးရယူခဲ့ကြောင်းသိရပါတယ်။

ယူနိုက်တက်အတွင်းလူတစ်ဦးရဲ့ပြောကြားချက်ရခရစ္စတီယာနိုရော်နယ်ဒိုဟာယခုလအစောပိုင်းတုန်းကအသင်းပြောင်းမတောင်းဆိုမီ ရက်အနည်းငယ်အလို ပြီးခဲ့တဲ့လနှောင်းပိုင်းတွင်ကလပ်ထံမှရုပ်ပုံလွှာအသုံးပြုခအပါအဝင် ဂိုးသွင်းယူမှုများအတွက်ဆုကြေးငွေများစွာရယူခဲ့ပါတယ်။

ယူနိုက်တက်တာဝန်ရှိသူများဟာခရစ္စတီယာနိုရော်နယ်ဒိုဘက်ကအပိုဆုကြေးငွေများရယူပြီးနောက်ရက်အနည်းငယ်အကြာတွင်ပင်အသင်းပြောင်းခွင့်တောင်းဆိုလာမှုအပေါ် စိတ်မကောင်းဖြစ်နေကြကြောင်းလည်းသိရပါတယ်။

ပေါ်တူဂီစတားဟာဇူလိုင်လ၄ရက်နေ့တုန်းကယူနိုက်တက်ရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့်ပူးပေါင်းရမှာဖြစ်ပေမဲ့ မိသားစုအကြောင်းပြချက်ဖြင့်တက်ရောက်ရန်ပျက်ကွက်ခဲ့ပြီးယူနိုက်တက်ရဲ့ရာသီကြိုခြေစမ်းပွဲခရီးစဉ်သို့လည်း လိုက်ပါခဲ့ခြင်းမရှိပါဘူး။

လက်ရှိအနေအထားအရယူနိုက်တက်တာဝန်ရှိသူများဟာခရစ္စတီယာနိုရော်နယ်ဒိုမှာမည်သည့်အချိန်တွင်အသင်းနှင့်ပူးပေါင်းလာမလဲဆိုတာမသိသေးပါဘူး။တဖက်တွင်၎င်းတို့ဟာခရစ္စတီယာနိုရော်နယ်ဒိုအတွက်သင့်တော်တဲ့ကမ်းလှမ်းမှုသာရရှိလာပါကလက်ခံရန်ဆုံးဖြတ်ထားပါတယ်။

ZawGyi





