ယူနိုက်တက်နည်းပြရာထူးကို ဇီဒန်းစိတ်မဝင်စားရတဲ့အဓိကအကြောင်းရင်းကို အာဆင်နယ်ဂန္ထဝင်ဟင်နရီဖွင့်ဟလာ

အာဆင်နယ်နှင့်ပြင်သစ်ဂန္ထဝင်တိုက်စစ်မှူးသီယာရီဟင်နရီကဇီဒန်းမှာမန်ချက်စတာယူနိုက်တက်နည်းပြရာထူးကိုရယူရန်စိတ်ဝင်စားခြင်းမရှိကြောင်းပြောကြားလာပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဇီဒန်းဟာလစ်လပ်နေတဲ့ယူနိုက်တက်နည်းပြရာထူးအတွက်ပိုချက်တီနို၊အဲရစ်တင်ဟက်၊ဘရန်ဒန်ရော်ဂျာတို့နှင့်အတူရေပန်းစားနေသူဖြစ်ပါတယ်။

ဒါပေမယ့်ဟင်နရီကဇီဒန်းမှာပြင်သစ်လက်ရွေးစင်အသင်းကိုကိုင်တွယ်ရန်စောင့်ဆိုင်းနေခြင်းဖြစ်ရာယူနိုက်တက်နည်းပြရာထူးကိုရယူရန်စိတ်ဝင်စားခြင်းမရှိကြောင်းဆိုသွားပါတယ်။

ဟင်နရီက “ယူနိုက်တက်သို့ဇီဒန်းသွားမှာလား။ကျွန်တော်ကတော့အခုသူ့ဘက်ကစိတ်ဝင်စားတယ်လို့မထင်ပါဘူး။ဘာကြောင့်လဲ။သူ့ခေါင်းထဲမှာစဉ်းစားထားတာရှိပြီးသားဖြစ်လို့ပါ။လက်ရွေးစင်အသင်း(ပြင်သစ်)ရာထူးအတွက်စောင့်ဆိုင်းနေတာလို့ထင်ပါတယ်။သူ့စိတ်ထဲမှာစဉ်းစားထားပြီးသားလို့ထင်ပါတယ်။ပြီးတော့ပိုချက်တီနိုကိုလည်းထွက်ခွာမယ်လို့(ပီအက်စ်ဂျီမှ)မထင်ပါဘူး။တကယ်လို့ပိုချက်တီနိုထွက်ရင်ပီအက်စ်ဂျီရာထူးကဇီဒန်းအတွက်ဖြစ်လာလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

အစောပိုင်းတုန်းကထွက်ပေါ်ခဲ့တဲ့သတင်းအရဇီဒန်းဟာလစ်လပ်နေတဲ့ရာထူးအတွက်ယူနိုက်တက်ဘက်ကချဉ်းကပ်လာမှုကိုပယ်ချထားပြီးဖြစ်ကြောင်းလည်းသိရပါတယ်။

ဒါ့အပြင်ဟင်နရီကပိုချက်တီနိုမှာပီအက်စ်ဂျီအသင်းကိုကိုင်တွယ်ခွင့်ရနေချိန်တွင်ယူနိုက်တက်ကိုကိုင်တွယ်ပြီးထပ်မံခေါင်းခြောက်ခံလိမ့်မယ်လို့မထင်ကြောင်းလည်းဆိုသွားပါတယ်။

ZawGyi

ယူႏိုက္တက္နည္းျပရာထူးကို ဇီဒန္းစိတ္မဝင္စားရတဲ့အဓိကအေၾကာင္းရင္းကို အာဆင္နယ္ဂႏၴဝင္ဟင္နရီဖြင့္ဟလာ

အာဆင္နယ္ႏွင့္ျပင္သစ္ဂႏၴဝင္တိုက္စစ္မႉးသီယာရီဟင္နရီကဇီဒန္းမွာမန္ခ်က္စတာယူႏိုက္တက္နည္းျပရာထူးကိုရယူရန္စိတ္ဝင္စားျခင္းမရွိေၾကာင္းေျပာၾကားလာပါတယ္။

ရီးရဲလ္မက္ဒရစ္နည္းျပေဟာင္းဇီဒန္းဟာလစ္လပ္ေနတဲ့ယူႏိုက္တက္နည္းျပရာထူးအတြက္ပိုခ်က္တီႏို၊အဲရစ္တင္ဟက္၊ဘရန္ဒန္ေရာ္ဂ်ာတို႔ႏွင့္အတူေရပန္းစားေနသူျဖစ္ပါတယ္။

ဒါေပမယ့္ဟင္နရီကဇီဒန္းမွာျပင္သစ္လက္ေ႐ြးစင္အသင္းကိုကိုင္တြယ္ရန္ေစာင့္ဆိုင္းေနျခင္းျဖစ္ရာယူႏိုက္တက္နည္းျပရာထူးကိုရယူရန္စိတ္ဝင္စားျခင္းမရွိေၾကာင္းဆိုသြားပါတယ္။

ဟင္နရီက “ယူႏိုက္တက္သို႔ဇီဒန္းသြားမွာလား။ကြၽန္ေတာ္ကေတာ့အခုသူ႔ဘက္ကစိတ္ဝင္စားတယ္လို႔မထင္ပါဘူး။ဘာေၾကာင့္လဲ။သူ႔ေခါင္းထဲမွာစဥ္းစားထားတာရွိၿပီးသားျဖစ္လို႔ပါ။လက္ေ႐ြးစင္အသင္း(ျပင္သစ္)ရာထူးအတြက္ေစာင့္ဆိုင္းေနတာလို႔ထင္ပါတယ္။သူ႔စိတ္ထဲမွာစဥ္းစားထားၿပီးသားလို႔ထင္ပါတယ္။ၿပီးေတာ့ပိုခ်က္တီႏိုကိုလည္းထြက္ခြာမယ္လို႔(ပီအက္စ္ဂ်ီမွ)မထင္ပါဘူး။တကယ္လို႔ပိုခ်က္တီႏိုထြက္ရင္ပီအက္စ္ဂ်ီရာထူးကဇီဒန္းအတြက္ျဖစ္လာလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။

အေစာပိုင္းတုန္းကထြက္ေပၚခဲ့တဲ့သတင္းအရဇီဒန္းဟာလစ္လပ္ေနတဲ့ရာထူးအတြက္ယူႏိုက္တက္ဘက္ကခ်ဥ္းကပ္လာမႈကိုပယ္ခ်ထားၿပီးျဖစ္ေၾကာင္းလည္းသိရပါတယ္။

ဒါ့အျပင္ဟင္နရီကပိုခ်က္တီႏိုမွာပီအက္စ္ဂ်ီအသင္းကိုကိုင္တြယ္ခြင့္ရေနခ်ိန္တြင္ယူႏိုက္တက္ကိုကိုင္တြယ္ၿပီးထပ္မံေခါင္းေျခာက္ခံလိမ့္မယ္လို႔မထင္ေၾကာင္းလည္းဆိုသြားပါတယ္။