ယူနိုက်တက်နည်းပြရာထူးနှင့်ပတ်သက်ပြီး သတင်းထွက်ပေါ်လာမှုကို ဝိန်းရွန်းနီ တုံ့ပြန်လာ

ဝိန်းရွန်းနီဟာအိုလီဂန်းနားဆိုးလ်ရှားရဲ့မန်ချက်စတာယူနိုက်တက်နည်းပြရာထူးကိုအစားထိုးခန့်အပ်ရမယ့်သူအဖြစ်နောက်ဆုံးသတင်းထွက်ပေါ်လာသူဖြစ်လာခဲ့ပါတယ်။

ချက်ချင်းဆိုသလိုပဲမန်ယူသမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားသူအဖြစ်ရပ်တည်နေတဲ့ဝိန်းရွန်းနီဟာအထက်ပါသတင်းကိုတုံ့ပြန်မှုပြုလုပ်လာပါတယ်။

မန်ယူကစားသမားဟောင်းပတ်ဂျီဆန်ကလစ်လပ်နေတဲ့မန်ယူအသင်းနည်းပြအဖြစ်ဝိန်းရွန်းနီအားခန့်အပ်သင့်ကြောင်းပြောကြားလာခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်မန်ယူအသင်းခေါင်းဆောင်ဟောင်းဟာ Sky Sports နှင့်အင်တာဗျူးတွင်ချက်ချင်းငြင်းဆိုလာပါတယ်။

ဝိန်းရွန်းနီက “ပထမဆုံးပြောချင်တာကတော့နည်းပြတစ်ဦး သူ့အလုပ်ဆုံးရှုံးသွားရလို့စိတ်မကောင်းဖြစ်ရပါတယ်။အထူးသဖြင့်ကိုယ့်ရဲ့ကစားဖော်ဟောင်းတစ်ဦးဖြစ်နေတော့ပိုပြီးတော့စိတ်မကောင်းဖြစ်ရပါတယ်။အိုလီအတွက်စိတ်မကောင်းဖြစ်ရပါတယ်။သူ့အတွက်စိတ်မကောင်းရဆုံးနေ့တစ်နေ့ပါ။ကျွန်တော်ကတော့ဒီကလပ်ကိုကလပ်ဘက်ကအခြားဆန္ဒတစ်ခုမလုပ်ချင်တဲ့အချိန်အထိအာရုံစိုက်နေပါတယ်။ကျွန်တော်ကဒါဘီကောင်တီမန်နေဂျာပါ။ဒီအသင်းအတွက်ကွင်းထဲမှာအကောင်းဆုံးရလဒ်ရအောင်အလုပ်ကြိုးစားနေပါတယ်”လို့ပြောကြားသွားပါတယ်။

ဆိုးလ်ရှားကဲ့သို့ပင်ဝိန်းရွန်းနီဟာလည်းအိုးထရက်ဖို့ဒ်တွင်အောင်မြင်မှုများစွာရယူနိုင်ခဲ့သူဖြစ်ပါတယ်။သူဟာမန်ယူတွင်ကစားတဲ့၁၃နှစ်တာကာလအတွင်းတွင်ပရီးမီးယားလိဂ်ဖလား၅ကြိမ်၊အက်ဖ်အေဖလား၁ကြိမ်၊ချန်ပီယံလိဂ်ဖလား၁ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာ၂၀၂၁ခုနှစ်၊ဇန်နဝါရီလတုန်းကဒါဘီကောင်တီယာယီနည်းပြအဖြစ်၂လတာဝန်ထမ်းဆောင်ပြီးချိန်တွင်အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ဒါပေမယ့်ဒါဘီကောင်တီမှာငွေကြေးပြဿနာများကြောင့်ရမှတ်၂၁မှတ်အထိအလျှော့ခံထားရမှုကြောင့်ဝိန်းရွန်းနီရဲ့အနာဂတ်မှာမရေမရာဖြစ်နေပါတယ်။

ZawGyi

ယူႏိုက္တက္နည္းျပရာထူးႏွင့္ပတ္သက္ၿပီး သတင္းထြက္ေပၚလာမႈကို ဝိန္း႐ြန္းနီ တုံ႔ျပန္လာ

ဝိန္း႐ြန္းနီဟာအိုလီဂန္းနားဆိုးလ္ရွားရဲ႕မန္ခ်က္စတာယူႏိုက္တက္နည္းျပရာထူးကိုအစားထိုးခန႔္အပ္ရမယ့္သူအျဖစ္ေနာက္ဆုံးသတင္းထြက္ေပၚလာသူျဖစ္လာခဲ့ပါတယ္။

ခ်က္ခ်င္းဆိုသလိုပဲမန္ယူသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူထားသူအျဖစ္ရပ္တည္ေနတဲ့ဝိန္း႐ြန္းနီဟာအထက္ပါသတင္းကိုတုံ႔ျပန္မႈျပဳလုပ္လာပါတယ္။

မန္ယူကစားသမားေဟာင္းပတ္ဂ်ီဆန္ကလစ္လပ္ေနတဲ့မန္ယူအသင္းနည္းျပအျဖစ္ဝိန္း႐ြန္းနီအားခန႔္အပ္သင့္ေၾကာင္းေျပာၾကားလာခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္မန္ယူအသင္းေခါင္းေဆာင္ေဟာင္းဟာ Sky Sports ႏွင့္အင္တာဗ်ဴးတြင္ခ်က္ခ်င္းျငင္းဆိုလာပါတယ္။

ဝိန္း႐ြန္းနီက “ပထမဆုံးေျပာခ်င္တာကေတာ့နည္းျပတစ္ဦး သူ႔အလုပ္ဆုံးရႈံးသြားရလို႔စိတ္မေကာင္းျဖစ္ရပါတယ္။အထူးသျဖင့္ကိုယ့္ရဲ႕ကစားေဖာ္ေဟာင္းတစ္ဦးျဖစ္ေနေတာ့ပိုၿပီးေတာ့စိတ္မေကာင္းျဖစ္ရပါတယ္။အိုလီအတြက္စိတ္မေကာင္းျဖစ္ရပါတယ္။သူ႔အတြက္စိတ္မေကာင္းရဆုံးေန႔တစ္ေန႔ပါ။ကြၽန္ေတာ္ကေတာ့ဒီကလပ္ကိုကလပ္ဘက္ကအျခားဆႏၵတစ္ခုမလုပ္ခ်င္တဲ့အခ်ိန္အထိအာ႐ုံစိုက္ေနပါတယ္။ကြၽန္ေတာ္ကဒါဘီေကာင္တီမန္ေနဂ်ာပါ။ဒီအသင္းအတြက္ကြင္းထဲမွာအေကာင္းဆုံးရလဒ္ရေအာင္အလုပ္ႀကိဳးစားေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဆိုးလ္ရွားကဲ့သို႔ပင္ဝိန္း႐ြန္းနီဟာလည္းအိုးထရက္ဖို႔ဒ္တြင္ေအာင္ျမင္မႈမ်ားစြာရယူႏိုင္ခဲ့သူျဖစ္ပါတယ္။သူဟာမန္ယူတြင္ကစားတဲ့၁၃ႏွစ္တာကာလအတြင္းတြင္ပရီးမီးယားလိဂ္ဖလား၅ႀကိမ္၊အက္ဖ္ေအဖလား၁ႀကိမ္၊ခ်န္ပီယံလိဂ္ဖလား၁ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူဟာ၂၀၂၁ခုႏွစ္၊ဇန္နဝါရီလတုန္းကဒါဘီေကာင္တီယာယီနည္းျပအျဖစ္၂လတာဝန္ထမ္းေဆာင္ၿပီးခ်ိန္တြင္အၿမဲတမ္းနည္းျပအျဖစ္ခန႔္အပ္ျခင္းခံခဲ့ရပါတယ္။ဒါေပမယ့္ဒါဘီေကာင္တီမွာေငြေၾကးျပႆနာမ်ားေၾကာင့္ရမွတ္၂၁မွတ္အထိအေလွ်ာ့ခံထားရမႈေၾကာင့္ဝိန္း႐ြန္းနီရဲ႕အနာဂတ္မွာမေရမရာျဖစ္ေနပါတယ္။