ယူနိုက်တက်နည်းပြရာထူးမှအထုတ်ခံရပြီးနောက် ပထမဆုံးအင်တာဗျူးတွင် မျက်ရည်များဖြင့် ဖြေကြားသွားတဲ့ ဂန္ထဝင်ဆိုးလ်ရှား

အိုလီဂန်းနားဆိုးလ်ရှားဟာအိုးထရက်ဖို့ဒ်မှထွက်ခွာခဲ့ရပြီးနောက်နောက်ဆုံးမန်ချက်စတာယူနိုက်တက်အင်တာဗျူးတွင်မျက်ရည်စများဖြင့်အင်တာဗျူးပြုလုပ်သွားခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်မှထွက်ခွာခဲ့ရမှုကြောင့်ကြေကွဲနေတဲ့ဂန္ထဝင်ဆိုးလ်ရှားဟာနောက်ဆုံးပရီးမီးယားလိဂ်၇ပွဲတွင်၁ပွဲသာနိုင်ပွဲရယူထားနိုင်မှုနဲ့အတူသူ့ရဲ့နောက်ဆုံးရက်များရောက်လာတော့မယ်ဆိုတာကိုလည်းမျှော်လင့်ထားပြီးဖြစ်ကြောင်းလည်းဝန်ခံသွားပါတယ်။

ဒါ့အပြင်ဆိုးလ်ရှားဟာသူ့နေရာတွင်ယာယီနည်းပြအဖြစ်ခန့်အပ်ခြင်းခံရတဲ့မိုက်ကယ်ကာရစ်ကိုလည်းအားပေးမှုပြုလုပ်သွားခဲ့ပါတယ်။

မျက်ရည်များပြည့်နှံနေတဲ့ဆိုးလ်ရှားက “ဒီကလပ်ကကျွန်တော့်အတွက်ဘယ်လောက်အရေးပါတယ်ဆိုတာမင်းလည်းသိပါတယ်။ဒီနေရာမှာအောင်မြင်မှုရချင်တယ်။ဒီကလပ်အတွက်၊ဒီပရိသတ်တွေအတွက်၊ဒီကစားသမားတွေအတွက်၊ဒီဝန်ထမ်းတွေအတွက်အောင်မြင်မှုယူပေးချင်တယ်။အသင်းကိုလိဂ်အတွက်စိန်ခေါ်ပြီးဆုဖလားတွေရဖို့နောက်တစ်ဆင့်ထပ်လှမ်းချင်ခဲ့တယ်။ဖြစ်လာဖို့အချိန်ကျရောက်ပြီလို့လည်းယုံကြည်ခဲ့တယ်။ဒီကလပ်ကကျွန်တော့်အတွက်အရာရာပါ။ကျွန်တော်တို့ဟာအရမ်းလိုက်ဖက်ခဲ့တယ်။ဒါပေမယ့်ကံဆိုးစွာပဲကျွန်တော်တို့လိုအပ်တဲ့ရလဒ်မရခဲ့ပါဘူး။ဒီတော့ကျွန်တော့်အတွက်နောက်ဆုတ်ရဖို့အချိန်ကျရောက်လာပါတယ်”လို့ပြောကြားသွားပါတယ်။

မန်ယူဟာယာယီနည်းပြအဖြစ်ဆိုးလ်ရှားရဲ့လက်ထောက်နည်းပြမိုက်ကယ်ကာရစ်ကိုခန့်အပ်ထားပါတယ်။မန်ယူဟာလာမယ့်နွေရာသီတွင်အမြဲတမ်းနည်းပြမခန့်အပ်မီယာယီပြဿနာဖြေရှင်းတဲ့အနေဖြင့်ကာရစ်ကိုခန့်အပ်ထားတာလည်းဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်းဟာ၂၀၀၆-၀၇ရာသီတုန်းကဆိုးလ်ရှားနှင့်အတူမန်ယူတွင်ကစားခဲ့ဖူးသူဖြစ်ပါတယ်။သူဟာအင်္ဂါနေ့မှာဗီလာရီးရဲလ်နှင့်ပွဲစဉ်မှာမန်ယူကိုစတင်ဦးဆောင်သွားပါမယ်။

ဆိုးလ်ရှားဟာမန်ယူနည်းပြအဖြစ်မှ တနင်္ဂနွေနေ့ဒေသစံတော်ချိန် နံနက်ဆယ်နာရီခွဲတွင်ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဆိုးလ်ရှားဟာသူ့လက်အောက်မှာတုန်းကခြေစွမ်းပြရန်ရုန်းကန်ခဲ့ကြတဲ့ မန်ယူစတားများကိုလည်း သူ့ရဲ့နောက်ဆုံးမန်ယူအင်တာဗျူးတွင် မက်ဆော့ချ်တစ်ခုပေးခဲ့ပါသေးတယ်။

ဆိုးလ်ရှားက “ဒီပွဲ(ဗီလာရီးရဲလ်)ပွဲနိုင်ရင်နောက်တစ်ဆင့်တက်ပါပြီ။မိုက်ကယ်ကာရစ်ကဦးဆောင်လာပါမယ်။မိုက်ကယ်ကကျွန်တော်အရမ်းလေးစားရတဲ့သူပါ။မိုက်ကယ်ကိုချစ်လည်းချစ်တယ်။သူထိပ်သို့ရောက်သွားတဲ့အတွက်ဝမ်းသာတယ်။သူတို့အဆင်ပြေလာကြမှာပါ။သူတို့ကိုကြည့်မယ်။အားပေးမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ယူႏိုက္တက္နည္းျပရာထူးမွအထုတ္ခံရၿပီးေနာက္ ပထမဆုံးအင္တာဗ်ဴးတြင္ မ်က္ရည္မ်ားျဖင့္ ေျဖၾကားသြားတဲ့ ဂႏၴဝင္ဆိုးလ္ရွား

အိုလီဂန္းနားဆိုးလ္ရွားဟာအိုးထရက္ဖို႔ဒ္မွထြက္ခြာခဲ့ရၿပီးေနာက္ေနာက္ဆုံးမန္ခ်က္စတာယူႏိုက္တက္အင္တာဗ်ဴးတြင္မ်က္ရည္စမ်ားျဖင့္အင္တာဗ်ဴးျပဳလုပ္သြားခဲ့ပါတယ္။

အိုးထရက္ဖို႔ဒ္မွထြက္ခြာခဲ့ရမႈေၾကာင့္ေၾကကြဲေနတဲ့ဂႏၴဝင္ဆိုးလ္ရွားဟာေနာက္ဆုံးပရီးမီးယားလိဂ္၇ပြဲတြင္၁ပြဲသာႏိုင္ပြဲရယူထားႏိုင္မႈနဲ႔အတူသူ႔ရဲ႕ေနာက္ဆုံးရက္မ်ားေရာက္လာေတာ့မယ္ဆိုတာကိုလည္းေမွ်ာ္လင့္ထားၿပီးျဖစ္ေၾကာင္းလည္းဝန္ခံသြားပါတယ္။

ဒါ့အျပင္ဆိုးလ္ရွားဟာသူ႔ေနရာတြင္ယာယီနည္းျပအျဖစ္ခန႔္အပ္ျခင္းခံရတဲ့မိုက္ကယ္ကာရစ္ကိုလည္းအားေပးမႈျပဳလုပ္သြားခဲ့ပါတယ္။

မ်က္ရည္မ်ားျပည့္ႏွံေနတဲ့ဆိုးလ္ရွားက “ဒီကလပ္ကကြၽန္ေတာ့္အတြက္ဘယ္ေလာက္အေရးပါတယ္ဆိုတာမင္းလည္းသိပါတယ္။ဒီေနရာမွာေအာင္ျမင္မႈရခ်င္တယ္။ဒီကလပ္အတြက္၊ဒီပရိသတ္ေတြအတြက္၊ဒီကစားသမားေတြအတြက္၊ဒီဝန္ထမ္းေတြအတြက္ေအာင္ျမင္မႈယူေပးခ်င္တယ္။အသင္းကိုလိဂ္အတြက္စိန္ေခၚၿပီးဆုဖလားေတြရဖို႔ေနာက္တစ္ဆင့္ထပ္လွမ္းခ်င္ခဲ့တယ္။ျဖစ္လာဖို႔အခ်ိန္က်ေရာက္ၿပီလို႔လည္းယုံၾကည္ခဲ့တယ္။ဒီကလပ္ကကြၽန္ေတာ့္အတြက္အရာရာပါ။ကြၽန္ေတာ္တို႔ဟာအရမ္းလိုက္ဖက္ခဲ့တယ္။ဒါေပမယ့္ကံဆိုးစြာပဲကြၽန္ေတာ္တို႔လိုအပ္တဲ့ရလဒ္မရခဲ့ပါဘူး။ဒီေတာ့ကြၽန္ေတာ့္အတြက္ေနာက္ဆုတ္ရဖို႔အခ်ိန္က်ေရာက္လာပါတယ္”လို႔ေျပာၾကားသြားပါတယ္။

မန္ယူဟာယာယီနည္းျပအျဖစ္ဆိုးလ္ရွားရဲ႕လက္ေထာက္နည္းျပမိုက္ကယ္ကာရစ္ကိုခန႔္အပ္ထားပါတယ္။မန္ယူဟာလာမယ့္ေႏြရာသီတြင္အၿမဲတမ္းနည္းျပမခန႔္အပ္မီယာယီျပႆနာေျဖရွင္းတဲ့အေနျဖင့္ကာရစ္ကိုခန႔္အပ္ထားတာလည္းျဖစ္ပါတယ္။

အဂၤလန္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားေဟာင္းဟာ၂၀၀၆-၀၇ရာသီတုန္းကဆိုးလ္ရွားႏွင့္အတူမန္ယူတြင္ကစားခဲ့ဖူးသူျဖစ္ပါတယ္။သူဟာအဂၤါေန႔မွာဗီလာရီးရဲလ္ႏွင့္ပြဲစဥ္မွာမန္ယူကိုစတင္ဦးေဆာင္သြားပါမယ္။

ဆိုးလ္ရွားဟာမန္ယူနည္းျပအျဖစ္မွ တနဂၤေႏြေန႔ေဒသစံေတာ္ခ်ိန္ နံနက္ဆယ္နာရီခြဲတြင္ထုတ္ပယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဆိုးလ္ရွားဟာသူ႔လက္ေအာက္မွာတုန္းကေျခစြမ္းျပရန္႐ုန္းကန္ခဲ့ၾကတဲ့ မန္ယူစတားမ်ားကိုလည္း သူ႔ရဲ႕ေနာက္ဆုံးမန္ယူအင္တာဗ်ဴးတြင္ မက္ေဆာ့ခ်္တစ္ခုေပးခဲ့ပါေသးတယ္။

ဆိုးလ္ရွားက “ဒီပြဲ(ဗီလာရီးရဲလ္)ပြဲႏိုင္ရင္ေနာက္တစ္ဆင့္တက္ပါၿပီ။မိုက္ကယ္ကာရစ္ကဦးေဆာင္လာပါမယ္။မိုက္ကယ္ကကြၽန္ေတာ္အရမ္းေလးစားရတဲ့သူပါ။မိုက္ကယ္ကိုခ်စ္လည္းခ်စ္တယ္။သူထိပ္သို႔ေရာက္သြားတဲ့အတြက္ဝမ္းသာတယ္။သူတို႔အဆင္ေျပလာၾကမွာပါ။သူတို႔ကိုၾကည့္မယ္။အားေပးမယ္”လို႔ေျပာၾကားသြားပါတယ္။