ယူနိုက်တက်နည်းပြဟောင်းဆိုးလ်ရှားကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် အဲဗာတန်စဉ်းစားနေ၊ ကလပ်ဟောင်းမှ ကစားသမားနှစ်ဦး ခေါ်ယူပေးရန် တောင်းဆိုထား

အိုလီဂန်းနားဆိုးလ်ရှားဟာ အဲဗာတန်အသင်းနည်းပြရာထူးအတွက် ဆန်ကာတင်စာရင်းတွင် ပါဝင်လာပါတယ်။ ဒါပေမဲ့ ဆိုးလ်ရှားဟာ ကလပ်ဟောင်း မန်ချက်စတာယူနိုက်တက်မှ ကစားသမားနှစ်ဦးကို ခေါ်ယူပေးရန် အဲဗာတန်ကို တောင်းဆိုထားကြောင်း သိရပါတယ်။

နော်ဝေလူမျိုးနည်းပြဟာ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလတွင် ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ သူဟာ အဲဗာတန်အသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ပရီးမီးယားလိဂ်သို့ နည်းပြအဖြစ် ပြန်လည်ခြေချရန် ခြေတစ်လှမ်းတည်းသာ လိုပါတော့တယ်။

အဲဗာတန်အသင်းတာဝန်ရှိသူများဟာ အိုလီဂန်းနားဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်နှစ်ကြိမ်ရပြီး ယူရိုပါလိဂ်တွင် ဒုတိယရရှိတဲ့အထိ ပြန်လည်တည်ဆောက်မှု ပြုလုပ်ခဲ့မှုအပေါ် အထင်ကြီးနေတာလည်း ဖြစ်ပါတယ်။

တဖက်တွင် ဆိုးလ်ရှားကလည်း အဲဗာတန်အသင်းကို မကိုင်တွယ်မီ အသင်းကို အားဖြည့်ရေး တောင်းဆိုမှု ပြုလုပ်ထားပါတယ်။

ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟာ ယူနိုက်တက်အသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားနှင့် ကွင်းလယ်ကစားသမားစကော့မက်တိုမီနေးတို့အား ခေါ်ယူရန် တောင်းဆိုထားကြောင်း သိရပါတယ်။

ဆိုးလ်ရှားဟာ အဲဗာတန်ဘက်က သူ့စိတ်ကြိုက် ယူနိုက်တက်ကစားသမားဟောင်းနှစ်ဦးကို‌ ခေါ်ယူပေးမည်ဟု ကတိပြုလာပါက အဲဗာတန်အသင်းနည်းပြရာထူးကို ချက်ချင်းရယူသွားမှာလည်း ဖြစ်ပါတယ်။

ဟယ်ရီမက်ဂွိုင်းယားနှင့် စကော့မက်တိုမီနေးတို့ဟာ နွေရာသီတွင် လီဆန်ဒရိုမာတီနက်ဇ်နှင့် ကက်စ်မီရိုတို့ ရောက်လာပြီးနောက် ယူနိုက်တက်အရန်ခုံတွင် ထိုင်နေကြရသူများလည်း ဖြစ်ပါတယ်။

ZawGyi

ယူႏိုက္တက္နည္းျပေဟာင္းဆိုးလ္ရွားကို နည္းျပသစ္အျဖစ္ ခန႔္အပ္ရန္ အဲဗာတန္စဥ္းစားေန၊ ကလပ္ေဟာင္းမွ ကစားသမားႏွစ္ဦး ေခၚယူေပးရန္ ေတာင္းဆိုထား

အိုလီဂန္းနားဆိုးလ္ရွားဟာ အဲဗာတန္အသင္းနည္းျပရာထူးအတြက္ ဆန္ကာတင္စာရင္းတြင္ ပါဝင္လာပါတယ္။ ဒါေပမဲ့ ဆိုးလ္ရွားဟာ ကလပ္ေဟာင္း မန္ခ်က္စတာယူႏိုက္တက္မွ ကစားသမားႏွစ္ဦးကို ေခၚယူေပးရန္ အဲဗာတန္ကို ေတာင္းဆိုထားေၾကာင္း သိရပါတယ္။

ေနာ္ေဝလူမ်ိဳးနည္းျပဟာ ၂၀၂၁ခုႏွစ္၊ ဇန္နဝါရီလတြင္ ယူႏိုက္တက္နည္းျပရာထူးမွ ထုတ္ပယ္ျခင္းခံခဲ့ရၿပီးကတည္းက အသင္းလက္မဲ့ျဖစ္ေနခဲ့သူလည္း ျဖစ္ပါတယ္။

ဒါေပမဲ့ သူဟာ အဲဗာတန္အသင္းတာဝန္ရွိသူမ်ားႏွင့္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ၿပီးေနာက္ ပရီးမီးယားလိဂ္သို႔ နည္းျပအျဖစ္ ျပန္လည္ေျခခ်ရန္ ေျခတစ္လွမ္းတည္းသာ လိုပါေတာ့တယ္။

အဲဗာတန္အသင္းတာဝန္ရွိသူမ်ားဟာ အိုလီဂန္းနားဆိုးလ္ရွားရဲ႕ ယူႏိုက္တက္အသင္းကို ခ်န္ပီယံလိဂ္ဝင္ခြင့္ႏွစ္ႀကိမ္ရၿပီး ယူ႐ိုပါလိဂ္တြင္ ဒုတိယရရွိတဲ့အထိ ျပန္လည္တည္ေဆာက္မႈ ျပဳလုပ္ခဲ့မႈအေပၚ အထင္ႀကီးေနတာလည္း ျဖစ္ပါတယ္။

တဖက္တြင္ ဆိုးလ္ရွားကလည္း အဲဗာတန္အသင္းကို မကိုင္တြယ္မီ အသင္းကို အားျဖည့္ေရး ေတာင္းဆိုမႈ ျပဳလုပ္ထားပါတယ္။

ယူႏိုက္တက္ဂႏၴဝင္တိုက္စစ္မႉးဟာ ယူႏိုက္တက္အသင္းေခါင္းေဆာင္ဟယ္ရီမက္ဂြိဳင္းယားႏွင့္ ကြင္းလယ္ကစားသမားစေကာ့မက္တိုမီေနးတို႔အား ေခၚယူရန္ ေတာင္းဆိုထားေၾကာင္း သိရပါတယ္။

ဆိုးလ္ရွားဟာ အဲဗာတန္ဘက္က သူ႔စိတ္ႀကိဳက္ ယူႏိုက္တက္ကစားသမားေဟာင္းႏွစ္ဦးကို‌ ေခၚယူေပးမည္ဟု ကတိျပဳလာပါက အဲဗာတန္အသင္းနည္းျပရာထူးကို ခ်က္ခ်င္းရယူသြားမွာလည္း ျဖစ္ပါတယ္။

ဟယ္ရီမက္ဂြိဳင္းယားႏွင့္ စေကာ့မက္တိုမီေနးတို႔ဟာ ေႏြရာသီတြင္ လီဆန္ဒ႐ိုမာတီနက္ဇ္ႏွင့္ ကက္စ္မီ႐ိုတို႔ ေရာက္လာၿပီးေနာက္ ယူႏိုက္တက္အရန္ခုံတြင္ ထိုင္ေနၾကရသူမ်ားလည္း ျဖစ္ပါတယ္။